ဝမ်းချုပ်တဲ့အခါ စားပေးသင့်တဲ့ ဝမ်းပျော့စေနိုင်မယ့် အစားအစာ (၄) မျိုး


ဝမ်းချုပ်တဲ့အခါ စားပေးသင့်တဲ့ ဝမ်းပျော့စေနိုင်မယ့် အစားအစာ (၄) မျိုး

====================
====================

ဝမ်းချုပ်ရင် ဘယ်လောက်တောင် နေထိုင်ရ မသက်သာလဲဆိုတာ ခံစားဖူးသူတိုင်း သိမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဝမ်းချုပ်လေ့ချုပ်ထ ရှိသူတွေအတွက် အစားအသောက် ရွေးချယ်စားသုံးနည်းလေးကို ပြောပြပေးချင်ပါတယ်။



(၁) သေဘာၤသီး

သေဘာၤသီးကေတာ့ ၀မ်းပျော့စေနိုင်တဲ့ အသီးအနှံ့တစ်မျိုးထဲမှာပါဝင်ပါတယ်။ သဘောင်္သီးက အစာချေဖျက်ဖို့ကိုကူညီပေးနိုင်ပြီး အမျှင်ဓာတ်ပါတာကြောင့် ၀မ်းသွားဖို့ကိုလည်း ကူညီပေါးတယ်။ ဒါကြောင့် ၀မ်းချုပ်နေတဲ့အခါမှာ သဘောင်္သီး ကိုစားပေးသင့်ပါတယ်။



(၂) Kiwi သီး

Kiwi သီးကတော့ ချိုချဉ်အရသာရှိတဲ့ အသီးတစ်မျိုးပဲဖြစ်လို့ အစာချေဖျက်ဖို့ကိုလည်း ကောင်းစွာကူညီပေးနိုင်ပြီး စုတ်ယူအားလည်းကောင်းသလို အညစ်အကြေးစွန့်အားကိုပါ ကူညီပေးနိုင်ပါတယ်။ Kiwi သီး မှာ အမျှင်ဓာတ်ပါတာကြောင့် အဆာပြေအသီးအဖြစ်လည်း စားပေးနိုင်ပါတယ်။

(၃) ဘယ်ရီသီး

စတော်ဘယ်ရီ ၊ Blueberries ၊ Blackberries တို့မှာ အမျှင်ဓာတ်များစွာပါဝင်ပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် ၀မ်းချုပ်တာတွေ သက်သာလာစေဖို့အတွက် ဘယ်ရီသီးတွေကိုစားပေးနိုင်ပါတယ်။



(၄) ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းကတော့ ချက်စားရင်အရသာအရှိဆုံး အသီးအရွက်ပဲဖြစ်ပါတယ်။ သင့်ရဲ့ တစ်နေ့တာ စားသောက်ပုံမှာ ထည့်ပေးမယ်ဆိုရင်တော့ ၀မ်းချုပ်တာတွေ သက်သာသွားစေနိုင်ပါတယ်။ ပန်းပွင့်စိမ်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးကောင်းတွေလည်းရှိတာကြောင့် နေ့တိုင်းစားပေးသင့်ပါတယ်။

Hannwe Soe