ဆူးပုပ်ကြီးရွက်ရဲ့ ကျန်းမာရေး အသုံးဝင်ပုံ (၄) မျိုး




ဆူးပုပ်ကြီးရွက်ရဲ့ အစွမ်း(၄) မျိုး

ဆူးပုပ်ကြီးရွက်ရဲ့ ကျန်းမာရေး အသုံးဝင်ပုံ (၄) မျိုး


မြန်မာတို့အကြိုက် အရွက်စားပင်တစ်မျိုးပါပဲ။ ဆူးပုပ်ဟင်းချို ၊ ဆူးပုပ်ရွက်ကြော်၊ ဆူးပုပ်ရွက်ကို ရေနွေဖျောပြီး အတို့အမြှုပ်အနေနဲ့လည်း စားသုံးတတ်ကြပါတယ်။ ဆူးပုပ်ကြီး အပြင် အညာဒေသများမှာ ပေါက်ရောက်တဲ့ အရွက်ပိုသေးတဲ့ ဆူးပုပ်လေးဆိုတာလည်း ရှိပါသေးတယ်။ ဆူးပုပ်လေးကတော့ အနံ့သိပ်မရှိပဲ သွေးတတ်တာ၊ မူးမော်တာမျိုး နည်းပါးပါတယ်။ လူငယ်၊ လူလတ်ပိုင်းများ အများစုအနေနဲ့ကတော့ အနံ့ပြင်းပြင်း ဆူးပုပ်ကြီးကို နှစ်သက်တတ်ကြပါတယ်။

ဆူးပုပ်ကြီးရွက်ရဲ့ ကျန်းမာရေး အသုံးဝင်ပုံ (၄) မျိုး

၁ – ဆူးပုပ်ရွက်ကို စားတာကြောင့် အသားမာ ပေါက်တာကို ပျောက်ကင်းစေပါတယ်။

၂ – အရွက်ကို စားတဲ့အတွက် လေလည်း ကြေပါတယ်။

၃ – အစာမကြေတာတွေ၊ သွားဖုံး သွေးယိုတာတွေအတွက်လည်း သုံးနိုင်ပါတယ်။

၎ – ဆူးပုပ်ကြီးမြစ်ကို စပါးကြီး သည်းခြေနဲ့သွေးပြီး လျှာကို ပွတ်ပေးရင် လျှာဆူးလျှာနာ ပျောက်ပါတယ်။

Credit -Burmese Medical Plants