လေးဖက်နာအဆစ်ရောင်ရောဂါ (လူလတ်ပိုင်း)အတွက် ဆေးနည်းများ




လေးဖက်နာအဆစ်ရောင်ရောဂါ (လူလတ်ပိုင်း)အတွက် ဆေးနည်းများ

အစွမ်းထက်မြက်သော့ မြန်မာ့ဆေးပင်/ဆေးဝါးများ နှင့် တိုင်းရင်းဆေးပညာ။

လေးဘက်နာရောဂါဟာ လူရွယ်တွေ သိသင့်တဲ့ ရောဂါတခုပါ။

လေးဖက်နာရောဂါဆိုတာဘာလဲ

မိမိတို့ရဲခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေဝင်လာရင် ခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်စွမ်းရှိတယ်။ ဒီခုခံအားကြောင့် ဆဲလ်တွေဟာ ခွဲခြားမှုမရှိတော့ဘဲ တိုက်ထုတ်ပါတယ် ။ ဒီအခါမှာ
(အော်တို-အင်မြူး) ရောဂါဖြစ်လာရတယ်။ အဲဒီထဲက တခုကတော့ Rheumatoid arthritis
အဆစ်နာပါ။ အဆစ် အသေးစားရော အကြီးစားပါနာတာ။ ဒါဟာ လေးဖက်နာရောဂါပါ ။
သွေးအဖြေမှာတော့ ASO Titre Un 200 (နှစ်ရာအထက်ကျော်နေရင် လေးဖက်နာရောဂါ ရှိနေကြောင်း သိရှိနိုင်ပါတယ်)

အဆစ်နာရောဂါတွေကတော့

(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃) Osteoarthritis (အဆစ်ရောင်ရမ်းနာ)
(၄) Gout (ဂေါက်ရောဂါ)တို့ဖြစ်ပါတယ်

(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)(ကလေးသူငယ်)

ဒီရောဂါအကြောင်းကို ရှေ မှာဆွေးနွေးခဲ့ပြီးပါပြီ

(၁) Rheumatic Arthritis (ပိုးလေးဖက်နာ) (ကလေးသူငယ်) ဟာ Group A.B Haemolytic Streptococcus ခေါ်တဲ့ ဗက်တီးရီးယားပိုး တစ်မျိုး (ကူးစက်ခံရ တာ) ကြောင့် ပိုးလေးဖက်နာ အမျိုးအစား ဖြစ်ပါ တယ်။အဖြစ်အများဆုံးလူတွေကတော့ -

- ထူထပ်တဲ့ အိမ်ခြေရှိတဲ့ ရပ်ကွက်များ
- လေကောင်းလေသန့်ကောင်းစွာ မဝင်နိုင်တဲ့ ပတ်ဝန်းကျင်များ
- ကျဉ်းမြောင်းတဲ့ အိမ်အတွင်း များပြားတဲ့ မိသားစုနဲ့
- လူအများစုပေါင်းနေထိုင်ရာ လူမျိုးများမှာ အများဆုံး ဖြစ်တတ်ပါတယ်။

အခုဆွေးနွေးမှာကတော့

(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)(လူလတ်ပိုင်း) ဖြစ်ပါတယ် ။

Arthritis အဆစ်နာတယ် ဆိုလိုက်ရင် လေးဘက်နာလို့ဘဲ ထင်ကြတယ်။ နဲနဲတော့ မှန်တယ်။ ဒါပေမဲ့ အဆစ်နဲ့ မဆိုင်တဲ့နှလုံး၊ အရေပြား၊ ကျောက်ကပ်၊ အဆုပ်တွေမှာလည်း ဖြစ်တာတွေ ရှိသေးတယ်။ ရောဂါခွဲတွေက များ လည်ပင်း ကျီးပေါင်းတက်၊ ဂေါက်၊ အရေပြား၊ အရိုး၊ အဆစ်၊ တွယ်ဆက်(တစ်ရှူး) ရောဂါတွေအများကြီး ပါနေတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ချောင်းနာလို့ “လေးဖက်နာ” လို့ ဗမာတွေက ပြောကြတယ်။ ဟိုအဆစ်-ဒီအဆစ် ပြောင်းနာတာမို့ “ဟိုသွား-ဒီသွား အဆစ်နာ” လို့ ဆေးစာမှာ လာပါတယ်။

အဆစ်နာတာသာမက ဖျားတာ၊ လည်ပင်းနာတာ၊ နှလုံးရောဂါတွေလည်း ဆက်စပ်နေတယ်။ အများအားဖြင့် ခြေ၊လက်၊ လည်ပင်း၊ ခါး၊ အဆစ်မှန်သမျှ ဒုက္ခပေးတယ်။ Arthritis အဆစ် နာအပြင် Tendonitis အရွတ်နာ၊ Bursitis အဆစ်ဖုံးနာ၊ Fibromyalgia အရွတ်ကြောနာ။ အများဆုံး ထိတာက Synovial joints အဆစ်ဖုံးနေရာ ရောင်တာပါ။ ကြွက်သားမှာဖြစ်ရင် ၀တ်
နေကြ အ၀တ်တောင် အတင်မခံနိုင်ဘူး။

အမျိုးသမီးတွေမှာ များတယ်။ သွေးထဲမှာ အဆိပ်လို Toxic waste products ကိုယ်နဲ့ မသင့်တာ ရှိလာလို့။ ရာသီဥတုနဲ့ ဆိုင်တဲ့သူတွေက ဆိုင်တယ်။ တချို့ကခုခံအားစနစ်နဲ့ ဆိုင်လို့ Auto-immune ရောဂါအုပ်စုမှာပါတယ်။AIDSနဲ့မဆိုင်ပါ။သူ့အောက်မှာလည်းရောဂါမျိုးစုံပါတယ်။
“အဆစ်နာတာနဲ့ နှလုံးရောဂါ တွဲနေတတ်တာက အရေးပါတယ်။” များသောအားဖြင့် ငယ်ငယ်-ရွယ်ရွယ်၊ ၅-၁၆ နှစ်တွေမှာ ဖြစ်တတ်တယ်။ နှလုံးရောဂါက Rheumatic fever (ရူမက်တစ်) အဖျားရဲ့ အကျိုးဆက် ဖြစ်တယ်။ နှလုံးရောဂါ ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။

လေးဘက်နာနဲ့ဆိုင်တာတဲ့ နှလုံးရောဂါကတော့ အသောအားဖြင့် အဆို့ရှင်ရောဂါတွေပါ။ MS ကျဉ်းတာ၊ MI ကျယ်တာ။ သေခြာအောင် ASO Test, Complete blood count, ECG, ESR စမ်းသပ်မှု တွေ လုပ်ရတယ်။

Streptococcus ဆိုတဲ့ (ဗက်တီးရီးယား) ကြောင့်ဖြစ်ရတဲ့ Strep throat ဆိုတဲ့ လည်ပင်းနာနဲ့ Scarlet fever အ၀ါရောင်အဖျား ရောဂါတွေကို လက်ညှိုးထိုးရတယ်။ နှလုံးရောဂါ ဆိုတာက
လည်းအမျိုးမျိုး ရှိသေးတယ်။

(၁) Rheumatic Arthritis (ပိုးလေးဖက်နာ)
(၂) Rheumatoid Arthritis (သွေးလေးဖက်နာ)
(၃) Osteoarthritis (အဆစ်ရောင်ရမ်းနာ)
(၄) Gout (ဂေါက်ရောဂါ)

ဆေးကုနည်း (၃)ပိုင်းရှိတယ်။

(၁) နာနေတဲ့နေရာကို ဒဏ်သက်သာအောင်လုပ်တာ၊

(၂) ရုပ်ပိုင်းဆိုင်ရာ-အလုပ်အကိုင်ဆိုင်ရာပြန်လုပ်နိုင်အောင် ကုသပေးတာ

(၃)့ ခွဲစိတ်ကုသတာတွေပါ။

ခဏခဏအဆစ်နာရင် အလုပ်အကိုင်ပါပျက်မယ်။ ကြာလာရင် အထူးသဖြင့် လက်ဆစ်တွေက ပုံသဏ္ဌာန် ပြောင်းသွားလို့ ကြည့်မကောင်း ဖြစ်လာတတ်တယ်။ အမျိုးအဆွေထဲမှာ လူနာရှိရင် “စိတ်တော့ မပျက်ပါနဲ့” လို့ အရင်ပြောထားပါရစေ။ ရိုးရိုးသားသား ၀န်ခံရရင် Rheumatoid arthritis ဖြစ်ရင် လုံးဝ ပျောက်သွားစေရမယ်လို့ ဆရာဝန်များက အာမမခံပါ။ ဆေးကုတာရဲ့ ရည်မှန်းချက်က နာနေတာတွေ သက်သာအောင်၊ အထိခိုက်နည်းအောင်၊ ဒုက္ခိတ ဖြစ်မသွား
အောင်သာ ဖြစ်ပါတယ်။

လိမ်းဆေး

ဆေးနည်း ( ၁ )

၁။ တောရှောက်သီး ခေါ် ရှောက်ခါးသီး (၄) လုံးခန့်ကို အလုံးလိုက်ကို ဆားဖြင့်နယ်၍ ၃ မိနစ် ခန့်ထားပြီးလျှင် ရေဆေးပါ။

၂။ အခွံနဲ့အတူ အကွင်းလိုက် ပါးပါးလှီးပါ။

၃။ နနွင်း (၁၀)သားခန့် ထည့်ပါ။

၎။ ၄င်း(၂)မျိုးကို အတူရောပြီး တောအရက်ဦးရည်နှင့်အတူ ပုလင်းထဲထည့်ကာ အခိုး လုံနေ
အောင် အဖုံးကို သေချာစွာ ပိတ်ထားပါ။ (ပုလင်းကို ငှက်ပျောဖူးကဲ့သို့သောပုလင်းဆို၇င် ပို
ကောင်းပါသည်)

၅။ စိမ်ထားသော ဆေးကို (၅)ရက်ခန့် ထားပြီးလျှင် ၄င်းအရည်ဖြင့် အဆစ်မြစ်နာ၊ အကိုက် အခဲ
ဖြစ်သည့်နေရာများကို စပြီးလိမ်းပေးနိုင်ပါပြီ။ တစ်လခန့်အထိ စိမ်ထားပြီး လိမ်းနိုင်ပါသည်။

ဆေးနည်း ( ၂ )

(၁) မင်သော်(ပရုတ်အေး) ၁ကျပ်သား

(၂) ပရုတ် ၁ ကျပ်သား

(၃) လေးညှင်း ၁ ကျပ်သား

(၄) ဇာတိပ္ဖိုလ်သီးမှုန့် ၃ ကျပ်သား

(၅) ချင်း(ဂျင်း)သတ္တုရည် ၅ ကျပ်သား

(၆) နနွင်း သတ္တုရည် ၅ ကျပ်သား

(၇) ဂမုန်းတိမ်ပြာ သတ္တုရည် ၅ ကျပ်သား

(၈) မိဿလင် သတ္တုရည် ၅ ကျပ်သား

(၉) တောအရက် ၁ပုလင်း

ဤဆေး(၉)မျိုး၊ ဆေးချိန် (၂၆)ကျပ်သား နှင့် တောအရက်(၁)ပုလင်း တို့ကို သမအောင်ရောစပ်
ပြီး လေလုံပုလင်းနှင့်ထားပါ။ လေးဖက်နာရောဂါ အဆစ်ရောင်၊ အဆစ်ကိုက် ရောဂါရှင်များ နံနက်၊ည တစ်နေ့(၂) ကြိမ် ပုလင်းကို လှုပ်ပြီးလိမ်းပါ။ သက်သာ ပျောက်ကင်းစေပါတယ်။

လေးဖက်နာရောဂါသောက်ဆေး

ဆေးနည်း ( ၁ )

(၁) လေးညှင်း .၄ပဲ

(၂) ဇာတိပ္ဖိုလ်သီးအဆန် .၄ပဲ

(၃) ပန်းနု ၈ပဲ

(၄) ပန်းမ ၈ပဲ

(၅) ဖာလာ ၈ပဲ

(၆) ကတ္တရသင်္ချေ ၈ပဲ

(၇) စေးမခန်း ၈ပဲ

(၈) ရိုးတံ ၈ပဲ

(၉) ဆေးပုစွန်တုပ် ၈ပဲ

(၁၀) ချောင်းကြား ၈ပဲ

(၁၁) နံ့သာဖြူ ၅ ကျပ်သား

(၁၂) နံ့သာနီ ၅ ကျပ်သား

(၁၃) သကြားခဲ ၅ ကျပ်သား

(၁၄) စန္ဒကူးနီ ၅ ကျပ်သား

(၁၅) ကံ့ကော်ဝတ်ဆံ .၅ ကျပ်သား

အထက်ပါဆေးများကို အမှုန့်ပြုလုပ်ပြီး သမအောင် စုပေါင်း ရောစပ်ပါ။ လေလုံပုလင်းနဲ့ ထားပါ။ တစ်နေ့ (၃) ကြိမ်သောက်ပါ။
နံနက်၊နေ့လယ်၊ညနေ ရေနွေး(သို့) ကွမ်းရွက်ပြုတ်ရည်နဲ့ သောက်ပါ။ တစ်ခါသောက်လျှင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း သောက်ပါ။

ဆေးနည်း ( ၂ )

ကြက်ဥတလုံးကို ခွဲပါ။ အထဲက အဝါနှစ်ကိုထုတ်ပြီး ချွဲချွဲပျစ်ပျစ် အဖြူရောင်ရည်နဲ့ နနွင်းမှုန့် မန်ကျည်းစေ့ခန့်ကို ရောပြီး မနက်အိပ်ရာထ မျက်နှာသစ်ပြီးတိုင်း သောက်ပါ။

တကယ်လို့ နနွင်းမှုန့်ကို နံလို့ အနံ့မခံနိုင်ရင် နနွင်းမှုန့်ကို အလုံးလေးတွေ လုံးပြီး နေလှန်း၊ ကြက်ဥရည်နဲ့ သောက်ရင်လဲ ရတယ်။ တပတ် နှစ်ပတ်နဲ့တော့မပျောက်ဘူး။ေ ရာဂါအနုအရင့် အလိုက် စွဲသောက်ရမယ်။

ဆေးနည်း ( ၃ )

အားလူးကို အခွံမခွါဘဲ အာလူးခွံကို ကျ ကျ နန ရေဆေး၊ ၃၀ ဂရမ်ကို ရေ လီတာဝက်နဲ့ ထက်ဝက်ကျ သွားအောင် ပြုတ်ပြီး အာလူးရည်ကို အစာမစားခင်၊ လက်ဘက်ရည်ဇွန်း ၁-၂ ဇွန်း သောက်ပါ ။

ဆေးနည်း ( ၄ )

ဘူးခါး အရည်ကို ပျားရည်နဲ့ရောသောက်ပါ။

ဆေးနည်း ( ၅ )

တရုတ်နံနံအကြီး အစေ့ကို အရည်ဖြစ်အောင်လုပ် ၅-၁၀ စက်ကို ရေနွေးထဲ ထည့်သောက်။

ဆေးနည်း ( ၆ )

သံပုရာရည်တနေ့ ၂-၃ ကြိမ်သောက်။

ဆောင်ရန်၊ ရှောင်ရန် ၊ သိသင့်သောအချက်များ

ဆောင်ရန်

- အနားယူပါ ။
- အလုပ်ကိုပြင်းပြင်းထန်ထန် မလုပ်ပါနဲ့ ။
- အစားအသောက်ဆင်ခြင်ရပါမယ် ။

ရှောင်ရန်

- ခရမ်းချဉ်သီးအစေ့ကိုလုံးဝမစားရပါ။
- သတ္တ၀ါတို့၏၀မ်းတွင်းကလီစာများကိုလုံးဝမစားရပါ ။
- အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်ပါ။
- URIC ACID ပမာဏကို များစေတဲ့အစားအသောက်တွေကတော့ အဆီများတဲ့ အသားတွေ
ဖြစ်တဲ့ ၀က်သား၊ အမဲသား၊ သိုးသား စတာတွေ၊ ကလီစာတွေ၊ တွင်းအောင်းသားတွေ ။

- မျှစ်၊ မှို၊ ပဲတောင့်ရှည်၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ တဆေး၊ ငါးပါနီ၊
ငါးသေတ္တာငါး၊ ငါးပိ၊ အခွံမာ ရှိသော ရေသတ္တ၀ါများ ဥပမာ ဂဏန်း စသည်တို့ ဖြစ်ပါတယ်။

- ရဲယိုရွက် ၊ ရဲယိုသီး

- ကြွက်နရွက်မှို

- လက်ဘက်ရည် ၊ ကော်ဖီ လျော့သောက်

သိသင့်သောအချက်များ

Rheumatic အဖျားဖြစ်ရင် ချက်ချင်း ပဋိဇီဝဆေး (Penicillin, Amoxicillin, Sulfadiazine,
Erythromycin) တစ်မျိုး မျိုးကို ဆရာဝန်ကပေးတယ်။
လက္ခဏာတွေ သက်သက်သာအောင် Antibiotics ကို ၁၀ ရက်အပြည့် ပေးတယ်။
နာတာသက်သာအောင် Aspirin ပေးတယ်။
ရောင်တာသက်သာအောင် Corticosteroids (စတီရွိုက်) ဆေး ပေးတယ်။
ပါးစပ်-လည်ပင်းနဲ့ဆိုင်ရင် ဆားရည်နဲ့ ပလုပ်ကျင်းရတယ်။ Throat lozenges ငုံရတယ်။
သူများကို ကူးစေနိုင်လို့ လူကြား-သူကြားလဲ မသွားပါနဲ့။

ဆိုးဝါးတဲ့ နှလုံးရောဂါ ရမလာအောင် ) Benzathine Penicillin ထိုးရတယ်။

ဒါ့ကြောင့် ပဋိဇီဝဆေး နည်းနည်းကို ၃-၅ နှစ်ကြာ ပေးတတ်တယ်။

လူက သိပ်ဝနေရင် အရိုး-အဆစ်ကို ဒဏ်မပိစေဘို့ ကိုယ် အလေးချိန် ထိန်းပေးရတယ်။
နားခိုင်းတယ်။ လိုအပ်ရင်တုတ်ကောက်၊ ဂျိုင်းထောက် သုံးရမယ်။

အလုပ်ပြန်လုပ်နိုင်အောင် ကူညီသင်ကြားပေးတဲ့ ပညာရှင်တို့နဲ့ ကုသရတယ်။ ဆိုးရင် အဆစ်ထဲ
Corticosteroids ဆေးထိုးပေးရတတ်တယ်။
အဆစ်လှုတ်ရှုားမှုကိုထိခိုက်လာရင်ခွဲစိတ်ရတယ်။
Synovectomy, Arthroplasty လုပ်ရတာပါ။

Crd#မူရင်းရေးသားသူအားလုံးကို လေးစားစွာဖြင့်