အဆိပ်ဖြေ ဂမုန်းပင်အကြောင်း

အပင်အမည်က အဆိပ်ဖြေ ဂမုန်း။
၎င်းအပင်သည် အရွက်မရှိ ရိုးတံလေးများ ညီညာလှပစွာ ထွက်ရှိပြီး ရိုးတံ၏ထိပ်ဖျားတွက် သေးငယ်သော ရွက်လွှာလေးများတည်ရှိသည်။
ပင်စည်လုံးနှင်ရိုးတံများတွင် ရွှန်းစိုသောအရည်များ ကြာရိုးကဲ့သို့ အရည်များ ကိန်းအောင်းနေကြသဖြင့် ပျော့ပျောင်းနူးညံ့၍ အရည်ရွှန်းသောသဘောရှိသည်။
၁ပေ နှင့် ၂ပေ ပတ်လည် အတိင်းသာ ကြီးထွားသော အပင်ဖြစ်သည်။
၎င်းအပင်သည် မြန်မာပြည်အထက်ပိုင်းတွင်
အဆိပ်ဖြေဂမုန်းဟု ခေါ်ဆိုကြသည်။

အသုံးပြုပုံ။
ထိုဂမုန်းကို မြွေကိုက်၊ ခွေးရူးကိုက် ခံရပါက
အတက်အလက်များကို ထုချေ အရည် ညှစ်ယူပြီးလျှင် တနာရီ တ-ကြိမ်တိုင်၍ပေးက အဆိပ်များ ပျက်ပြယ်သွားစေသည်။
ပျား၊ ပိတုန်း၊ ကင်း စသောအဆိပ်များ ၎င်းအပင်အရည်ဖြင့် ကိုက်သောနေရာတွင် လိမ်းသတ် ပွတ်နယ် ၍ပေးရ၏။
၎င်းအဆပ်ဖြေပင်မှ ရသောအရေ ၂အောင်စ မြေသင်းခဲ ထွန်သွားကပ်မြေ ၈ပဲ မည်သည့်အပင်ကရသည်ဖြစ်သော သစ်ရွက်စိမ်းပြာ ၈ ပဲ ကျင်ကြီးပြာ ၈ပဲ ၎င်း လေးမျိုးကို ပေါင်းစပ်ပြီး တနာရီ တကြိမ် တိုက်၍ပေးပါက ပြင်းထန်သော မြွေဆိပ် ခွေးရူးဆိပ်များ ထူးခြားစွာ ပျောက်ကင်း ချမ်းသာစေ ပါသည်။
ကျမ်းကိုး ပုံပြဆေး အဘိဓာန်