ယင်းပြားဖြူ(တပဆေးငယ်)ပင်အကြောင်း သိကောင်းစရာ




ယင်းပြားဖြူ(တပဆေးငယ်)

ပုံသဏ္ဍာန်



၎င်းသည်ချုံပင်မျိုး ပင်ငယ်မျိုး
ဖြစ်သည် အရွက်သည်ဘယ်ညာထွက်၍
အရွက်အရှည်၆လက်မမျှရှည်၏။ဘေးတွင်
ခွေးသွားစိတ်များရှိ၍အနံ့သင်းသည် အပွင့်
သည် ပြာနှမ်းနှမ်းရောင်အသီးလိုက်ပွင့်သည်
အသီးမှာဆုတ်တက်အနေဖြင့်သီးသည်
စာတော်ပဲအကြီးမျှရှိ၍အသီးအရောင်စိမ်း
၏မှည့်သောအခါ၌ညိုရင့်ရောင်ရှိသည်။
၎င်းအခေါက်သည်အဝါဖြော့ရောင်ရှိ၏။
အပင်သည်ငါးတောင်မှခြောက်တောင်ထိမြင့်သည် အရိုးတန်လေးမြောင့်သဏ္ဍာန်ရှိသည်
၎င်းသည်အဖြူမျိုးအနက်မျိုးဟူ၍အမြစ်ကိုအစွဲပြု၍ ၂ မျိုးရှိသည် ၄င်း၂ မျိုးစလုံးပင်တပ
ဆေးငယ်မျိုးဖြစ်ကြကုန်၏။

ဂုဏ်နှင့်စွမ်းရည်



၎င်း၏အမြစ် အရွက်
အခေါက်တို့သည်အဖျားရောဂါကိုပယ်
ဖျောက်နိုင်သည် ဝဖြိုးစေ၍ ဓမ္မတာရာသီပန်း
ကိုစင်ကြယ်စွာဆင်းသက်စေနိုင်၏။
အချို့ဆရာတို့သည်မီးတွင်း၌မီးမကင်ဆေး
အဖြစ်အသုံးပြုကြသည်။အဆစ်အဆက်ကိုက်
ခဲနာကျင်ခဲ့သော်၎င်းအမြစ်ကိုသွေး၍လိမ်းရ
၏ ရေဖျဉ်းနှင့်စပ်သောရောင်ဖေါရောဂါတို့ကို
၎င်းအမြစ်ကိုသွေးလိမ်းရသည်။
အရွက်ကိုဟင်းချက်၍စားခြင်း အတို့အမြှုပ်
လုပ်စားခြင်း လက်သုပ်ပြုလုပ်စားခြင်းဖြင့်
ရာသီသွေးမှန်ကန်ခြင်း အရောင်အဖေါကျ
ဆင်းခြင်း ဖြစ်သဖြင့်လွန်စွာအကျိုးပြု၏။