ဆေးဘက်လည်းဝင်တဲ့ကသစ်ပန်း

ဆေးဘက်လည်းဝင်တဲ့ကသစ်ပန်း
Erythrina varigata L.,
Family . Fabaceae
Tiger´s claw, Indian coral tree,
sunshine tree
ဖေဖော်ဝါရီ လ လယ်လောက်ကစပြီး ကသစ်ပန်းတွေပွင့်ကြပါတယ်။ သင်္ကြန် အပြီး Aprilလလောက်အထိမြင်ကြရမှာပါ၊ အခုအချိန်ဘယ်ကိုသွားသွား ကြက်သွေးနီရောင် ပေါက်ပန်းပွင့် လက်ပန်ပွင့်နဲ့ ယခုရေးသားမည့် ကသစ်ပန်းကိုမြင်ကြရမှာပါ၊ ကသစ်ပန်းကအနီရောင်ဆိုသော်လည်းအဖြူရောင် ကသစ်ဖြူ Erytrina varigata var. alba ပန်းလေးတွေကလည်း အခုအချိန်ပွင့်ကြတာပါ၊ အပွင့်ပွင့်ပုံ အရွက်ပုံတွေ ကွဲပြားသော်လည်း ဒီ ၂ ပင်က same genera တွေဖြစ်ကြတယ်.

ကြက်သွေးရောင် ကသစ်ပန်းကိုမြင်ရတော့ ငယ်ငယ်က လိုက်ဆိုဖူးတဲ့ အဆိုတော် ဦးအံကြီးရဲ့ ကသစ်ပန်း သီချင်းကို ပြန်သတိရမိတယ်၊ အစပိုင်းက စာသားတွေကခက်လို့ အလွတ်မရပေမဲ့ " နှစ်တိုင်းပင်သခွပ်ပွင့်ချိန်ခါ... သကြားနဲ့ အသူရာ..သားမက်နဲ့ ယောက္ခမ ...ဘောက်ကျလို့လည်းအားမရနိုင်ရှာ ..ဒါကိုအားမကျဖို့ မယားအလှ ..တောင်းပန်မှာ ..ယောက္ခမဆိုတာ..တည့်အောင်ပေါင်း..ကျောင်းကိုထုတ် ...ဥပုသ်ရက်ရှည်စောင့်ခိုင်းမှာ .." ဆိုတဲ့အပိုဒ်ကတော့ မမေ့ဘဲသံပြိုင်ဆိုဖြစ်တယ်၊ အခုတော့ ဘာလိုလိုနဲ့ ယောက္ခမ ဘဝရောက်တော့မယ်ထင်ပါရဲ့ ၊ ဝဋ်ဆိုတာ လယ်တတ်တာမျိုးလေ.. ကသစ်ပန်း သီချင်းကို မြိုမငြိမ်းရေးဖွဲ့ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ "သခွပ်ပန်း" နဲ့ လူသိများလို့နေပါတယ်၊
Taxonomic Descriptions

ကသစ်ပင်ကို ကသစ်လိုဘဲသိကြတာပါ ပဲမျိုးဝင်အပင်လို့ သိသူနဲ လှပါတယ်၊ တကယ်တော့ ကသစ်ဟာလည်း ပေါက် ပိတောက်တို့လို ပဲပင်အကြီးစားကြီး ဖြစ်ပါတယ်၊ အပင်က နှစ်ရှည်ခံသစ်မာပင်ကြီးဖြစ်ပြီး ရာသီလိုက်ကြွေသော deciduous tree ဖြစ်ပါတယ်၊ ပင်စည်အကိုင်းတွေမှာ ဆူးမာများရှိလို့နေပါတယ်၊ မီးခိုးရောင် corky အခေါက်များနဲ့ တံဆာဆင်ထားသောပင်စည်ပေါ်မှာ အနက်ရောင် ဆူးမွှာ black prickles များလည်းတွေ့ရမှာပါ၊
အရွက်တွေကတော့ သုံးရွက်မွှာ ငှက်မွှေးရွက်ပေါင်း ဖြစ်ပြီး ရွက်လွှဲ ထွက်ကြတယ်၊ ရွက်စွယ်ပါသော်လည်း အကြွေစောကြတယ်၊ ရွက်မွှာ ၃ ခုမှာအလယ်ကအရွက်က အကြီးဆုံးပါ၊ ပန်းခိုင်ကတော့ ထိပ် ထွက် ကြားထွက် ရေစင်းပန်းခိုင်ဖြစ်ပြီး ပန်းပွင့်များစွာ ပါကြတယ်၊ ပန်းပွင့်တွေက ကြက်သွေးနီရောင် ဖြစ်ကာ အပွင့်အခြေမှာ ပွင့်ခံရွက် ပွင့်ညှာရွက်များ ပါဝင်ပြီး အကြွေစောကြပါတယ်၊ ပွင့်ဖတ်အုံက နီညိုရောင်ဖြစ်ပြီး obliquely spathecous ပုံစံပါ၊ ပြွန်က tubular ဖြစ်ပြီး ထိပ်ဝမှာ မညီမညာကွဲလို့နေပါတယ်၊ ပွင့်ချပ်အုံကတော့ ပဲပန်းတို့ထုံးစံအတိုင်း standard, wings, keels ၅ ခုပါဝင်ပါတယ်၊ ဝတ်ဆံဖို ၁၀ ခုပါပြီး ၂ စုစည်းဖြစ်လို့နေတယ်၊ အစေ့အိမ်က တခန်းသာပါပြီး အစေ့လောင်းအနဲငယ်က နံရံကပ် ချက်တိုင်ပေါ်မှာစီလျက်မြင်ရမှာပါ၊ အသီးကတော့ ၈ စေ့အထိပါပြီး မအက်ကွဲသော torulose ဖြစ်ကာ အစေ့များနေရာကြားမှာ သိမ်လို့နေပါတယ်၊

ကသစ်အနီအပြင် ကသစ်ဖြူလို့လည်းရှိပါတယ်၊ ကသစ်ဖြူကို များသောအားဖြင့်အလှစိုက်ပေမဲ့ ကသစ်ရိုးရိုးကတော့ အလေ့ကျပေါက်ကြတာပါ။ ဗီယက်နမ်နိုင်ငံမှာတော့ ကသစ် အရွက်တွေကို fermented meat များထုပ်ပိုးရာမှာ သုံးကြတယ်၊ ၁၉၆၇ ခုနှစ် Okinawa Prefecture မှာ official flowers အနေနဲ့ ကသစ်ပန်းကို ညွှန်းဆိုခဲ့ကြတယ်၊
ချင်းပြည်ကအပင်များ "ရေကသစ်" ခေါ် "ကသစ်" ရုက္ခအမည်အားဖြင့် Erythrina spp: Erythrina subumbrans (Hassk) Merr.,Philipp.j.Sci.5:113.1910. ကသစ် သည် ပဲမျိုးရင်း Family Fabaceae ထဲတွင်ပါဝင်သည်။ ကသစ်ကို မြန်မာအခေါ်အားဖြင့် "ရေကသစ် ကုန်းကသစ်""တောင်ကသစ် အင်းကသစ်" "ပင်လယ်ကသစ်""ကသစ်ခါး" ဟူ၍အမျိုးမျိုး ခွဲခြားခေါ်ဝေါ် ကြသည် သို့သော် ဆေးကျမ်းထဲတွင်မူ "ကသစ်ရိုးရိုး" နှင့် "ပင်လယ်ကသစ်" သာအဓိက ခွဲခြားထားသည်။ ရေကသစ်သည် ၅ မီတာခန့်မြင့်သောအပင်ပါ ပင်စည်မှာဆူးများပါရှိပါတယ် အရွက် ၃ ရွက်မွှာငှက်မွှေးရွက်ပေါင်းပါ၊ ပန်းခိုင်က ကြားထွက် Raceme ဖြစ်တယ် ၊ ပန်းပွင့်က Orange red အရောင်ပါ ရင့်လာလျှင် ပွင့်ချပ်များ နောက်ဖက်ကိုလန်လာလေ့ရှိသည်၊ calyx ပွင့်ဖတ်အုံ ကဆက်နေပြီး ထိပ်တွင်အ၀ိုက် ၂ ခုရှိသည်။ campanulate ဖြစ်ပြီး 2 lobes ဖြစ်နေပါတယ်. အသီးကတော့ Indehiscent samaroid pods ဖြစ်ပါတယ် ။ "ကသစ်ရိုးရိုး" ၏ ပန်းအရောင်မှာ နီစွေးသော Scarlet red ကြက်သွေးရောင်ဖြစ်ပြီး ပန်းပွင့်လျှင် အရွက်များမရှိတတ်ပါဘူး တပင်လုံး အနီရောင် ပန်းများနှင့်သာပြည့်နေတတ်ပါသည်။ ထူးခြားသည်မှာ "ကသစ်ဖြူ"ကိုလည်း ချင်းပြည်မှာ တွေ့နိုင်ပါသည်။ ကသစ်သည် တိုင်းရင်းဆေးတွင် အသုံးဝင်သောအပင်လည်းဖြစ်ပါသည် "အရွက် အမြစ် အခေါက် အပွင့် အဖူး" ပဉ္စငါးပါး အားလုံး ဆေးဖက်ဝင်လှပါသည်။
ဆေးဖက်ဝင်ပုံ
=========
ကသစ်ပင်ဟာ အလှအပတွင်သာမက ဆေးဖက်ဝင်လှကြောင်း အရှင်နာဂသိမ် ဆေးကျမ်းထဲမှာ အပွင့် အခေါက် အရွက်တို့ကိုသုံးရာ၏၊
အရသာမှာ စပ်၏ပူ၏၊ ကြေကျက်သောအခါစပ်၏ လို့ဆိုထားပါတယ်၊ နှုတ်ကိုမြိန်စေ၏ ဝမ်းမီးကိုတောက်စေ၏၊
သည်းခြေကိုပယ်၏၊ပိုးရောဂါ ဖောရောင် နားရောဂါ သည်းခြေကြောင့်ဖြစ်သော ရောဂါများကိုပျောက်စေ၏၊
အမြစ်သည် ဥတုကိုမှန်စေ၏၊အခေါက်သည် လေသလိပ်ကိုနိုင်စေ၏၊ အတိသာရဝမ်းသက်ခြင်း ကိုပျောက်စေ၏၊ ဝမ်းမီးတောက်၏၊ ပိုးကိုနိုင်၏၊ ဆီးချုပ်ရောဂါကိုနိုင်၏ လို့ဆိုထားပါတယ်၊
ကသစ်အပွင့်အမြစ်ကိုထောင်ပြီး နွားနို့အေးတွင်စိမ်သောက်ပါက ကာမအားတိုးစေ၏၊
ကသစ်ဆူးဖုကိုသွေးကာ လိမ်းသော် ဝက်ခြံပျောက်၏၊ အရွက်အရည်ကို ရေနွေးနဲ့ရောပြီး ငုံလျင် သွားကိုက်သွားနာပျောက်၏။
ကုသနည်းအဖုဖုံ ကိုစံနစ်တကျရေးသားထားတာကို ဆေးကျမ်းထဲမှာ ဆက်လက်၍လေ့လာနိုင်မှာပါ၊ အများကြီးပါ၊
ကသစ်
~~~~~
ကသစ်၃မျိုးရှိသည်။
ရေကသစ် ၊ကုန်းကသစ် ၊ ကသစ်နွယ်ဟူ၍ရှိ၏။
နွယ်ကသစ်မှတပါးကျန်ကသစ်တွင်ဆူးရှိ၏
ကုန်းကသစ်ကိုမြန်မာနိုင်ငံအထက်ပိုင်းနှင့်အောက်ပိုင်းမိုးပါးသောသစ်တောများတွင်ပေါက်၏ရေကသစ်ကိုတနင်္သာရီတိုင်းနှင့်ပဲခူးရိုးမတောင်တန်းများတွင်တွေ့ရသည်ကုန်းကသစ်ကိုတောင်ငူနယ်နှင့်ပင်လယ်ကမ်းခြေတလျောက်တွင်တွေ့ရသည်။
ပင်လယ်ကသစ်
~~~~~~~~
သဲခြေကိုပယ်တတ်၏ဖောရောင်နာလေနာရောဂါများကိုပျောက်၏။
အမြစ်။ ။လေသလိပ်နာ။ ရောင်ရမ်းသောအနာ။ဒူလာနှင့်ပိုးနာများကိုနိုင်၏လေကိုကြေစေတတ်၏။
အရွက်။ ။အာပေါကိုကြေစေတတ်၏။
အခေါက် ။ ။လေသလိပ်နိုင်၏ဝမ်းတစစ်စစ်သွားသောရောဂါပျောက်၏ရောင်ရမ်းခြင်းပျောက်၏ဆီးချိုရောဂါကိုအကျိုးပြု၏။
အပွင့် ။ ။သည်းခြေနိုင်၍နားကိုက်ရောဂါပျောက်၏။
အရွက်စိမ်းသည်ပိုးကျသောအနာများ၌ပိုးသေစေရန်အသုံးဝင်၏ကသစ်အပွင့်အမြစ်ထောင်း၍နွားနို့အေးတွင်စိမ်သောက်ပါကကာမအားကိုတိုးစေ၏
အဆစ်ရောင်ရောဂါ ကိုအရွက်ကြိတ်လိမ်းပါ။
ဝက်ခြံ ကိုကသစ်ဆူးဖုကိုသွေးပြီးလိမ်းကပျောက်၏။
ချွေးထုတ်ဆေး ကသစ်ပင်နှင့်တရုပ်စကားပွင့်ကိုသုတ်စားပါကချွေးထွက်စေသည်။
လေနာရောဂါ ကသစ်ရွက်။ပိုးစာရွက်။ကြာဟင်းညွန့် ၃မျိုးဟင်းချိုချက်သောက်ပါ။လေနာလေပြင်ကွဲ၏။
အဆိပ်ဖြေဆေး
~~~~~~
ကသစ်မြစ်။ သပွတ်ကြီးမြစ်၊ ဧကရာဇ်မြစ်။မြင်း၏ခွာမှဖြတ်သောအစယင်းလေးပါးကိုအညီအမျှရော၍ကြိတ်အတောင့်ပြုလုပ်သံပုရာရည်သို့မဟုတ်ရေနွေးနှင့်သောက်ပါလိမ်းပါ ။
အစားမှား၍အဆိပ်ဖြစ်ပြီး သေလုမျောပါးဖြစ်ပါစေကယ်တင်နိုငိ၏
ကင်းကိုက်မြွေကိုက်ခွေးရူးကိုက်တောက်တဲ့နက်ကိုက်အဆိပ်တက်သမျှပျောက်၏
ကင်ဆာနှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်
ကျွန်တော်က member ခုမှဝင်တာပါ။ကျွန်တော် ဆေးနည်းပေးချင်ပါတယ်။ယုံတဲ့သူရှိသလို ဟုတ်ပါ့မလားဆိုတဲ့ မယုံတဲ့သူတွေလဲ ရှိပါတယ်။
တစ်ကယ်လက်တွေ့မို့ ပေးတာပါ။အများသိကျတဲ့ ကင်ဆာရောဂါဆေးနည်းပါ။တစ်နည်းအားဖြင့် အမြစ်ပွားနာပေါ့ ဒီကင်ဆာရောဂါဟာသိတယ်ဆိုတာနဲ့ အချိန်လွန်သွားပါပြီ။
လပိုင်းပဲ ခံပါတော့မယ်။ ကျနော့ အဖေရဲ့ သူငယ်ချင်းပါ။
အသည်းကင်ဆာနဲ့ ဆေးရုံတတ်နေရတာ။
ဆရာဝန်ပြောကြားချက်အရ အသည်းက သေးသေးလေးပဲရှိတော့တယ်လို့ဆိုပါတယ်။ ဆေးရုံကနေ အခြေနေမဟန်တော့လို့
ပြန်ပြီး ဆင်းလာရပါတယ် ။ အဲ့ဒီ့မှာ ကျနော့အဖေကို ဆရာဝန်က မြန်မာ့ဆေးနည်း ညွှန်ပေးလိုက်ပါတယ်။အဲ့ဒီံ့ဆေးနည်းနဲ့ ပျောက်ကင်းသွားတာပါ။
အဲ့ဒါဘာလဲဆိုတော့ ကသစ်ပင်လို့ခေါ်တဲ့ တစ်နည်းအားဖြင့် ကသစ်ဆူးပေါက်လို့လဲ ခေါ်ပါတယ် ။ကသစ်ပင်ရဲ့ ပင်စည်က ဆူးတွေအပြည့်ပါ။ကသစ်ရွက်မှာ ရှိတဲ့ အကျောတွေမှာပါ ဆူးတွေရှိပါတယ်
ကသစ်ရွက်ကို ဘာလုပ်ရမလဲဆိုတော့…
ကသစ်ရွက် ရင့်ရင့်ကို ရေသန့်သန့်နဲ့ဆေးပါ။ပြီးရင် ငရုတ်စုံထဲ ထည့်ထောင်းပါ။အရွက်ကြေတဲ့အထိ ဆူးတွေ ကြေတဲ့အထိ ထောင်းရပါမယ်။
ပြီးရင် ပိတ်ဖြူ သန့်သန့်နဲ့ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာလောက် ရအောင် အရည်ညှစ်ချပါ။အဲ့ဒီအရည်ကိုတစ်နေ့ သုံးခါ
မနက် နေ့ ည သုံးကြိမ် သောက်ပေးပါ။
ကင်ဆာရောဂါပျောက်ကင်းမယ်လို့ ယုံကြည်ပါတယ်။
လက်တွေ့ပျောက်ဖူးလို့ ဆေးနည်း တင်ပေးရခြင်းဖြစ်ပါတယ်။
ဖြစ်နေတဲ့သူတွေများရှိရင် မျှဝေပေးကျပါ။ အန္တရာယ် မရှိပါဘူး။
စာရှည်သွားရင် ခွင့်လွှတ်ပါ။
အနာရောဂါ ကင်းဝေးကျပါစေဗျာ။
မှတ်ချက်။ ။ ကသစ်ကို မြန်မာတို့ အခေါ်အဝေါ်အားဖြင့် ရေကသစ်၊ ကုန်းကသစ်၊ တောင်ကသစ်၊ အင်းကသစ်၊ ပင်လယ်ကသစ်။
ကသစ်ခါးဟူ၍ ခွဲခြားခေါ်ဝေါ်ကြသည်။ ဆေးကျမ်းများ၌မူ ကသစ်ရိုးရိုး ၊ ပင်လယ်ကသစ်ဟူ၍ ( ၂ )မျိုးသာပြသည်။
မူရင်းပိုင်ရှင်းများအား(credit)ပေးပါတယ်ခင်ဗျာ။
photo - Credit