စွန်ပလွံသီးစားခြင်း အကျိုးအာနိသင်များ

စွန်ပလွံသီးစားခြင်း အကျိုးအာနိသင်များ
================
နီညိုရောင် အသီးခြောက်တွေဆိုတာ အာဟာရမရှိနိုင်ဘူးဆိုရင်တောင် ဒီအတိုင်းလည်း စားလို့ကောင်းကြတာဖြစ်ပါတယ်။
ဒီထဲမှာမှ စွန်ပလွံသီးက စားလို့အရသာရှိရုံသာမဟုတ်ဘဲ လူ့ကိုယ်ခန္ဓာအတွက် များစွာအကျိုးဖြစ်ထွန်းစေတဲ့ အကြောင်းဖော်ပြပေးလိုက်မှာဖြစ်ပါတယ်။
ကိုယ်အလေးချိန်ကျစေခြင်း...
စွန်ပလွံသီးက ချိုပါတယ် ။ ကိုလက်စတောမပါဝင်ပါဘူး ။ အဆီဓါတ်လည်း အနည်းငယ်မျှသာပါဝင်တာဖြစ်လို့
ကိုယ်အလေးချိန်ကျချင်တဲ့ လူတွေအတွက် အထူးသင့်လျော်တဲ့ သရေစာဖြစ်ပါတယ်။ အမျှင်ဓါတ်လည်း ကြွယ်ဝကာ
အစာစားချင်စိတ်ကို ဟန့်တားပေးတာဖြစ်တဲ့ အတွက် ၀ိတ်ကျချင်တဲ့ သင့်ရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းကနေ ထောက်ကူပေးပါလိမ့်မယ်။
ပရိုတင်းပါရှိခြင်း...
ပရိုတင်းဆိုတာ ကြွက်သားအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဖြစ်ပါတယ်။ စွန်ပလွံသီးမှာ ပရိုတင်းကြွယ်ဝလို့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးနောက်စားပေးမယ်ဆိုပါက
ကြွက်သားတက်စေပါတယ်။
စွမ်းအင်...
သဘာဝသကြားဓါတ်ပါတဲ့ စွန်ပလွံသီးက စွမ်းအား၊ ခွန်အားဖြစ်ဖို့ ထောက်ပံ့ပေးပါတယ်။သင်မောပန်းနေတဲ့ အခါ
စွန်ပလွံသီး တစ်လုံး နှစ်လုံးလောက်စားပြီး ၅ မိနစ်လောက်နားနေကြည့်လိုက်ပါ။ အားပြန်ပြည့်သလို ခံစားရပါလိမ့်မယ်။
အမူးလွန်ခြင်း...
ပါတီကြောင့် အမူးလွန်သွားတယ်ဆိုရင် စွန်ပလွံသီးစားပေးပါ။သံဓါတ် နဲ့ အခြား ဗီတာမင်တွေပါဝင်လို့ အမူးလွန်ခြင်းကို သက်သာစေနိုင်ပါတယ်။
ကိုယ်အလေးချိန်တက်စေခြင်း...
စွန်ပလွံသီးက အလေးချိန်ကျစေသလို စွံပလွံသီး ၁၀လုံးကို မက်မွန်သီးစေ့နဲ့ရောကာ နွားနို့ထပ်ထည့်ပါက အရသာရှိတဲ့ ဖျော်ရည်ဖြစ်လာပြီး ကိုယ်အလေးချိန်တက်စေနိုင်မှာဖြစ်ပါတယ်။
ရောင်ရမ်းမှုကျစေခြင်း...
စွန်ပလွံသီးမှာ အရောင်ကျစေတဲ့ ဓါတ်သတ္တိများစွာပါဝင်တာဖြစ်လို့စွန်ပလွံသီးခြောက်ကို စားပေးသင့်ပါတယ်။
ကာမခွန်အား...
စွန်ပလွံသီးမှာ ကာမခွန်အားတိုးစေတဲ့ အစွမ်းလည်းပါရှိပါတယ်။ကိုယ်ခံအားသက်လုံကောင်းစေကာ လုံလောက်တဲ့ စွမ်းအားကိုပေးပြီး
ဆိတ်နို့နဲ့ တွဲစားပေးမယ်ဆိုပါက ပိုပြီး အကျိုးဖြစ်ထွန်းစေပါတယ်။
အစာကြေလွယ်ခြင်း...
အမျှင်ဓါတ်ဆိုတာ အူလမ်းကြောင်းကျန်းမာစေတာဖြစ်ပြီး အူလမ်းကြောင်းတစ်လျှောက်ရှိမကောင်းမသင့်တဲ့ အရာတွေကို ရှင်လင်းပေးပါတယ်။
စွန်ပလွံသီးမှာ အမျှင်ဓါတ်ကြွယ်ဝတာဖြစ်လို့ အစာခြေစနစ်အတွက် များစွာထောက်ကူပေးမှာဖြစ်ပါတယ်။
ကင်ဆာတိုက်ဖျက်ခြင်း...
အင်တီအောက်ဆီဒန့်ကြွယ်ဝတဲ့ စွန်ပလွံသီးက ကင်ဆာ (ရင်ခေါင်းကင်ဆာ ၊ ရင်သားကင်ဆာ ၊
အဆုတ်ကင်ဆာ ၊ ပန်ကရိယကင်ဆာ ၊ ဆီးကြိတ်ကင်ဆာ ) ဖြစ်စေတဲ့ လက္ခဏာတွေကို တားဆီးကာကွယ်ပေးပါတယ်။
မျက်လုံး...
စွန်ပလွံမှာပါတဲ့ Zea-xanthin ဆိုတဲ့ ဓါတ်က မျက်လုံးအားလျော့နည်းမှုကို ပြန်လည်အားဖြည့်ပေးကာ ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားပေးတဲ့ အတွက်
အမြင်အားကောင်းစေပါတယ်။