ရလွယ်သော မအို မနာ မသေဆေး

ရလွယ်သော မအို မနာ မသေဆေး

သစ်ပင်အရာ၌လိမ္မာကျွမ်းကျင်သော ပညာ
ရှင်တို့က*မအိုမနာမသေချင် လျှင် မအို
မနာ မသေသော ဆေးပင်များကိုစားသုံး
ရမည်*ဟုမိန့်ဆိုကြကုန်၏။ယင်းဆေး
ပင်တို့ ကား--



(၁)အုန်းနှဲပင်-မအိုသောအပင်။ ။အုန်နှဲပင်၏
အမြစ်ကို ပါးပါးလှီး၍အလွန်နေမလှန်းရ
၎င်းအပင်သည်တနှစ်(၁၂)ရာသီပတ်လုံး
ရင်ရော်အိုမင်းအရွက်ကျခြင်းမရှိပေ။



(၂) ငုပင်-မနာသောအပင်။ ။ငုပင်၏အခေါက်
ကိုယူရသည် ယင်းအပင်သည်နေပူရှိန်ထိခြင်း
(ညှဉ်းခြင်း)ကြောင့်နွမ်းခြင်း နာခြင်းမရှိ။
အပူညှဉ်းလေအားရှိလေဖြစ်ကာ လန်းဆန်း
စိုပြေသောသတ္တိရှိလေသည်။
ငုမှတပါးအခြားအပင်တို့ကားအခေါက်ကို
ယူလိုက်လျှင် နွမ်းခြောက်ကုန်သည်ချည်း
သည် ငုပင်ကနာအောင်ညှဉ်းလေမနာလေ
အပင်မျိုးဖြစ်သည်။



(၃) ဆင်တုံးမနွယ်-မသေသောအပင်။ ။ဆင်တုံးမနွယ်သည်
နေရာမှာပင်ထားထားရေနှင့်မြေနှင့်မထိမတွေ့ရစေကာမူ သေ
သည်ဟူ၍မရှိချေ။
အဖြူအဝါ အနက် ၃ မျိုးတွင် အနက်မျိုးသည်
အကောင်းဆုံးဖြစ်၏ရခဲ၏၄င်းကိုမရလျှင်
အဝါမျိုးကိုယူပါ မြန်မာနိုင်ငံ အထက်ပိုင်း
တွင်ပေါက်ရောက်သော အဝါပင်မျိုးကို
အကြေးခွန်ခွာ၍ ဆစ်ပိုင်းပြီးနေလှန်းအသုံး
ချပါ။

**ဖေါ်စပ်နည်း**
အစွမ်းသတ္တိကောင်းဆေးပင် ၃ မျိုးကို အမျှ
စီစု၍ ပျားရည်စစ်စစ်နှင့်တေပြီးလျှင်တနေ့
ဂ ပဲသားခန့်စားပါ တခါစားလျှင် ၃ လုံးလုံး
၍ ၃ ကြိမ်စားပါ ( ၃-ကြိမ် မှ ၈ ပဲသား)
အလွန်အကျိုးများ၏ အကျိုးကား ချွဲကြပ်ခြင်း
မောဟိုက်ခြင်း လေဖြတ်ခြင်း ထုံခြင်း ကိုယ်
တပိုင်း တခြမ်းသေခြင်း ဆီးရှိလျှက်ဆီးမဆင်း
ခြင်း ဓာတ်ချုပ်စမြင်းခံခြင်းမှ စ၍အညောင်း
အညာ အကိုက်အခဲ အမျိုးမျိုး လေငန်း ရွဲ့
စောင်း အမျိုးမျိုးတို့ကိုပျောက်ကင်းစေသည့်
ပြင် ကျမ္မာစေ၏ အသက်ရှည်စေ၏။

မှတ်ချက်။ ။

အထက်ပါဆေးတဆ နနွင်းခါး
စစ်စစ်မှုန့်တဆရောစပ်၍ပျားရည်စစ်စစ်နှင့်
တေပြီးလျှင် စားသုံးပါက အကျိုးသက်ရောက်
သည်များမှာ။

ဆီးချိုရောဂါရှိသူ အဆီတိုးရောဂါ
ရှိသူ သွေးတိုးရောဂါရှိသူ ကျောက်ကပ်ဖေါရောဂါရှိသူ ကျောက်ကပ်
လုပ်အားမရှိသူ သွေးအညစ်အကြေးများပြား
ပြီး သွေးကွက်ယားကွက်ရှိသူတို့ နှင့် ဖေါ်ပြခဲ့
ပြီးသောဝေဒနာရှင်များအား၎င်း ဆိုခဲ့သည့်
အတိုင်း နနွင်းခါး စစ်စစ် ထပ်မံထည့်စွက်၍
ဖေါ်စပ်စားသောက်ပါကအထူးအကျိုးသက်
ရောက် ပျောက်ကင်းသည်ကိုတွေ့ရပါသည်။