နှာ​ခေါင်း​သွေးလျှံ/​သွေးယိုခြင်း


နှာ​ခေါင်း​သွေးလျှံ/​သွေးယိုခြင်း

✔ မာလကာရွက်​ ​ခြေပြီးရှူရှိုက်​​ပေးပါ။
✔ ရှား​စောင်းလက်​ပတ်​ အနှစ်​ကို ငယ်​ထိပ်​​ပေါ်တင်​​ပေးပါ။
✔ ဖရဲသီးကိုသကြားဖြူးစားပြီး ငယ်​ထိပ်​​ပေါ်
ရေခဲအိတ်​တင်​​ပေးပါ။
✔ ဆီးဖြူသီး အစိမ်း သုံးကျပ်​သားကို​လေးစိတ်​ကွဲထုပြီး​ရေတစ်​ခွက်​ခွဲထဲမှာသုံးနာရီကြာစိမ်​ထားပါ။ အဝတ်​နဲ့စစ်​ပြီးသကြားချိုချိုထည့်​​သောက်​ပါ။
✔ ဆီးဖြူရွက်​ ​ခြေပြီးရှူရှိုက်​​ပေးပါ။

{အခြားမှတ်​စု}
✔ ရှာလကာရည်​နည်းနည်းကိုဂွမ်းစသန့်​သန့်​​လေးနဲ့တို့ပြီးခဏဆို့ထားလိုက်​ပါ။
✔ ​ရေခဲအိတ်​ နှာ​ခေါင်းကပ်​​ပေးပါ၊​ရေခဲကလည်းအ​ကောင်းဆုံး​သွေးတိတ်​​ဆေးပါ။
✔ ​ရေ​နွေးတစ်​ခွက်​ခွဲ​လောက်​ထဲ ဆားဇွန်း​တစ်​ဝက်​၊မုန့်​ဖုတ်​​ဆော်​ဒါဇွန်းတစ်​ဝက်​ထည့်​ပါ၊
နားကြပ်​ဂွမ်း​လေးနဲ့အရည်တို့ပြီးနှာဝကိုသန့်​ရှင်း​ပေးပါ၊ခွက်​ထဲနှာ​ခေါင်း​နစ်​ပြီး ​လေမှုတ်​ထုတ်​​ပေးပါ။
✔ ယို​နေချိန်​ ​ရေခဲ​ရေ​အေး​အေး​သောက်​​ပေးပါ။တစ်​​နေ့​ရေရှစ်​ခွက်​​သောက်​​ပေးပါ၊
နှာ​ခေါင်းတွင်းအ​ခြောက်​လွန်​ပြီး​သွေးယိုတာမဖြစ်​​အောင်​ပါ။
✔ ရိုးရိုး​ရေဖြစ်​ဖြစ်​၊လဖက်​​ခြောက်​​ရေဖြစ်​ဖြစ်
ဆူ​အောင်​တည်​ပြီး​ရေ​နွေး​ငွေ့ ရှူ​ပေးပါ တစ်​​နေ့နှစ်​ကြိမ်
✔ လက်​ညိုးနဲ့လက်​မသုံးပြီးနှာဖျားကိုငါးမိနစ်​​လောက်​ပိတ်​ထားပါ၊ ပါးစပ်​နဲ့အသက်​ရှူပါ။
✔ ​ရေရှူ​ပေးပါ။
ခါးဆန့်​ပြီးတည့်​တည့်​ထိုင်​ပါ
✖ ​ခေါင်း​မော့ ​နောက်​ပြန်​လှန်​တာမလုပ်​ရ
မတ်​မတ်​ထိုင်​ချိန်​ ပါးစပ်​ နှာ​ခေါင်း/​ဘေး​တွေ
ရေခဲကပ်​ပါ
➳ အထက်​ပါကုထုံး​တွေကိုရိုးရိုးနှာ​ခေါင်း​သွေးယိုသူ​တွေပြုလုပ်​နိုင်​ပါသည်​။
➳ အက်​စ်​ပရင်​Asprin ​ဆေး​သောက်​တဲ့သူ​တွေနှာ​ခေါင်း​သွေးယိုတတ်​ပါသည်​​သောက်​​နေရင်​ရပ်​လိုက်​ပါ။
➳ အိမ်​တွင်းကုထုံးသုံးလည်းမရပ်​ပဲပန်​ပြန်​ဖြစ်​​နေလျှင်​(သို့မဟုတ်​)မိနစ်​၃၀​ကျော်​သည်​ထိမရပ်​လျှင်​​ဆေးခန်းပြပါ။
အိပ်​ရင်​၃၀°​လောက်​က​နေ၄၅°​လောက်​ထိ​ခေါင်းကိုမြှင့်​ထားပါ။ဆေးလိပ်​မ​သောက်​ပါနဲ့

(အိမ်​တွင်း​ဆေးမြီးတိုကုထုံးများ)