နတ်ဆေးဂမုန်း

နတ်ဆေးဂမုန်း
Bergenia ciliata
Family - Saxifragraceae
သူ့အာနိသင်က ဆံပင်နက်စေတယ် အရွယ်တင်စေတယ် ဆီးကျောက်ကြေစေတယ် ဆီးချိုအတွက်အလွန်ကောင်းတယ်လို့ဆိုကြတယ်ခင်ဗျ
မြန်မာ့ဆေးကျမ်းမှာက

အာရုံကြောရောဂါ ကင်ဆာ ဆီးချိုသွေးချို ဆီးရောဂါ အစာအိမ် နှလုံး ပန်းနာရင်ကျပ် သွေးတိုး လေငန်း လိပ်ခေါင်း မောပန်းတတ်ခြင်း ခေါင်းမူး မျက်စိဝေ မျက်စိမှုန် အစာမကြေ ဝမ်းရောဂါ လေရောဂါ ပန်းသေ ပန်းညှိုး အားအင်ကုန်ခမ်းခြင်း မောပန်းလွယ်ခြင်း စားမဝင်အိပ်မပျော်ဖြစ်ခြင်း တို့ကို သက်သာပျောက်ကင်းနိုင်တယ်လို့တွေ့ရပါတယ်။

***ပန်းနာရင်ကျပ်အတွက် အမှုန့် ၂ ကျပ်သား ပျားရည်စစ်စစ် ၂၀ ကျပ်သားကို ရောမွှေ၍ နေတွင်၃ ရက်လှမ်းပါ ထောပတ်၂၀ ကျပ်သားရောထည့်ပြီး နေတွင် ၄ရက်ထပ်လှမ်းပါ ဟင်းသောက်ကြွေဇွန်းဖြင့် ညနံနက် တစ်ကြိမ်စီ စားပြီး အဖန်ရည် ရေနွေးကြမ်း သောက်ပေးပါ ပန်းနာရင်ကျပ် ဒူလာ မီးယပ် ညောင်းညာကိုက်ခဲ ခြင်းပျောက်ကင်းနိုင်ပြီး ဝဖြိုး၍ကျမ်းမာစေပါတယ်

***ဆေးမှုန့်ကိုပျားရည်နှင့် နေ၇ရက်လှမ်းပြီး စားလျှင်ပန်းသေပန်းညှိုးပျောက်ကင်းစေပါတယ်
၁ရက်ကိုအရွက်၇ရွက်စားလည်းရပါတယ်ခင်ဗျာ
***အမှုန့်ကိုပျားရည်နှင့်တေ၍လုံးကာ အသက်ရှည်ဆေးအဖြစ် အသက် ၃၈ ၄၀ ခန့်မှစတင်၍ မှီဝဲနိုင်ပါတယ်
***အရွက်ကိုမယ်ဇလီဖူးကဲ့သို့ သုပ်စားနိုင်ပါတယ် လက်ဖက်ထဲလည်းထည့်သုပ်စားပါတယ်ခင်ဗျာ
***အမှုနိ့၂၅ကျပ်သား ထောပတ်၂၅ကျပ်သား ပျားရည်၅၀ကျပ်သားတို့ကိုရော နေတွင်၇ရက်လှမ်း လေလုံရာမှာထားပြီး ကျားများအတွက်ကာမအားဆေးအဖြစ်မှီဝဲနိုင်ပါတယ်
***အမြစ်ကိုကွမ်းငုံသလိုဝါးပြီးငုံအိပ်လျှင် သွားကိုက် သွားနာ သွားနဲ့ ခြင်းတို့ကိုပျောက်ကင်းစေတယ်လို့ဆိုပါတယ်ခင်ဗျာ
***အရိုးကိုသွေးလိမ်းရင်လိပ်ခေါင်းသက်သာပျောက်ကင်းစေတယ်လို့ဆိုပါတယ်။

စိုက်ပျိုးလိုသူများအတွက်သတိပေးလိုတာကတော့ အအေးပိုင်းပေါက်ပင်ဖြစ်ပြီး ရှမ်းပြည် ချင်းပြည်နယ် ကချင် စတဲ့အေးတဲ့ဒေသတွေမှာဘဲရှင်သန်မှာဖြစ်ပါကြောင်း အပူပိုင်းစိုက်ရင်တော့ အလွန်ဆုံး ၃နှစ်ခန့်ဘဲရှင်နိုင်ပါတယ် မပွားမစည်နိုင်ပါဘူးခင်ဗျာ
#Photo #Credit
သက်ဆိုင်ရာစာစုများ ဆရာများအားကျေးဇူးတင်ပါသည်