ဆေးစွမါးထက်တဲ့ ဒန္တသုခပင်

ဒန္တသုခပင်




ဤအပင်ငယ်အပင်ပျော့လေးများသည် မြန်
မာနိုင်ငံမိုးဦးကျတွင်ရွာနားဝန်းကျင် မြို့နား ဝန်းကျင်တွင် ပေါက်ပွားကြလေသည်။
မြေသြဇာကိုလိုက်၍ ၁ ပေမှ ၃ ပေခန်းအထိ
မြင့်သည်။ရွက်ဆိုင်ထွက်သည်။အရွက်နှုတ်
ခမ်းတွင်ခွေးသွားစိတ်များပါသည်။

နူးညံ့ပျော့ပျောင်သောအရွက်ကလေးများကြားမှ အဖြူ
ပွင့်ကလေးများပွင့်ကြသည်။အသီးမှာအလုံး
ကလေးများဖြစ်ကြပြီး အက်ကွဲ၍မျိုးဆက်ပွား
လေသည်။နွေအခါတွင် အပင်ကလေးများကျ
၍သွားလေသည်။

**ဤဒန္တသုခပင်ကလေးများမှာအပင်ငယ်
သော်လည်းထက်မြက်လှသည်။အလွယ်တကူ
လည်းရှာဖွေ၍ရသည်။ငွေကြေးလည်းကုန်ကျမှုသက်သာသည်။



***ရိုးရာကျေးလက်ဆေးအသုံးများ***

၁။ ။အနာများမပျောက်နိုင်ဘဲ ပြည်တစိုစိုရှိ
နေလျှင် ငန်းမန်းလိုက်၍ရောင်ကိုင်းနေလျှင်
အနာကိုရေနွေးဖြင့်စဉ်ကြယ်အောင်ဆေးပေး
ပါ။ထို့နောက် ဒန္တသုခ ရွက်များကိုရေဖြင့်သန့်
စင်အောင်ဆေး၍ညက်အောင်ထောင်းပြီးအ
နာပေါ်အုံပေးထားပါ။ဤသို့ ၃ ရက်ခန့်ဆက်
၍ပြုလုပ်ပေးခြင်းဖြင့် အနာဟောင်း အနာ
ဆွေး များအံ့ဖွယ်ပျောက်ကင်းသွားပါလိပ့်
မည်။

၂။ ။သွားများကိုက်၍သွားဖုန်းများရောင်နေ
လျှင် သို့မဟုတ် အညှော်မိ၍သွားဖုန်းများ
ရောင်နေလျှင် ဒန္တသုခပင် ပဉ္စငါးပါး(တစ်ပင်
လုံးကို)ရေဖြင့်စင်ကြယ်စွာဆေးပြီး ပြူတ်ရည်
ပြုတ်ကာ ဆားခတ်၍ မကြာခဏငုံပေးပါ။ဤ
သို့ဆက်တိုက်ပြုလုပ်ပေးသွားခြင်းဖြင့် သွား
နာ သွားကိုက်များသက်သာပျောက်ကင်းသွား
မည်ဖြစ်သည်။

၃။ ။ဆီးဝါ-ဆီးနီ-ဆီးအဖြူဆင်းနေလျှင်-သွေး
တိုးနေလျှင် ဒန္တသုခပင် လက်တစ်ဆုပ်ခန့်
ကိုရေစင်ကြယ်အောင်ဆေးပြီးသုံးခွက်တစ်
ခွက်တင်ပြုတ်ပါ။ထိုဒန္တသုခပြုတ်ရည်ကို
မနက် နေ့လည် ညနေလဖက်ရည်ကြမ်း
တစ်ပန်းကန်သောက်ပေးပါ။အံ့ဖွယ်ကောင်း
စွာပင် ဆီးပူ ညောင်ကျများ ဆီးနီ ဆီးဝါများ
သွေးတိုးရောဂါများကျဆင်းသွားပါမည်
ရောဂါနုလျှင် ၃ ရက်ခန့်ဆက်သောက်ပေး
ခြင်းဖြင့်သက်သာပျောက်ကင်းစေပါသည်။

၎။ ။အပူကြောင့်ချောင်းခြောက်ဆိုးခြင်း
ပါးစပ်များကွဲခြင်းနံခြင်းဖြစ်နေလျှင် ဒန္တသုခ
ပင်ကလေးများကို သုံးခွင်တစ်ခွက်တင်ပြုတ်
၍သောက်ပေးပါ။အပူချောင်းနှင့် ပါးစပ်နံခြင်း
ပါးစပ်ကွဲခြင်း လျှာကွဲခြင်းများကို ပျောက်
ကင်းစေပါသည်။

**မောင်ယဉ်နွယ်-လက်တွေ့အသုံးဝင်
ရိုးရာဆေးပင်နှင့် ဆေးပစ္စည်းများ-မှ ကူးယူးဖေါ်ပြပါသည်