ဆေးဖက်ဝင် ပရုတ်ပင် ရဲ့ အစွမ်းသတ္တိ

ပရုတ်ပင်
Cinnamomum camphora
Camphora tree
Family : Lauraceae.
အဝတ်အစားတွေထဲကို ပရုတ်လုံးဖြူဖြူထည့်ရသည်၊ အိမ်သာ တွေမှာ လဗင်ဒာရနံ့ လိမ္မော် ရနံ ပရုတ်ခဲလေးတွေ ချိတ်ဆွဲထားကြသည်၊ aဆေးဝါးတွေ ဖျော်ရည်တွေမှ ပရုတ်ပါသည်။ ပရုတ်ဆီ ဒါဏ်ကြေလိမ်းဆေး ဖော်ရင် သူက မပါမဖြစ်၊ ဘယ်အပင်က ရသလည်းဆိုတာကတော့ မသိကြပါ။ အခုလည်း ဒီအပင်ကြီးကိုတွေ မြင်ရတော့ ရေးမိပြန်ဘီ။
အပင်ကြီးမျိုး ဖြစ်ပြီး တခါတရံ မီတာ ၅၀ အထိမြင့်သည်။ တုတ်ခိုင်ကြီးမားသော ပင်စည်ရှိပြီး သရဖူသဖွယ်ပြန့်ကားနေသော အကိုင်းအခက်များရှိသည်။ အရွက်သားက ပြောင်လက်နေသော glossy green ဖြစ်ငကာ ရင့်မာသောအရွက်များမှာ ထင်ရှားကြီးမားသော ရွက်ကြောကြီး ၃ ခုက အရင်းဖက်ကထွက်နေတာမြင်ရသည်၊ အရွက်နု များသည် ပန်းရောင်ဖြစ်သည်။

ကြားထွက် ပန်းခိုင်မှ အနီရောင် သေးငယ် သည့် ပန်းပွင့် ကလေးများ စုပြုံပွင့် သည်။ အရွက်ကိုခြေပွတ်လိုက်ပါက ပြင်းထန်သောစူးရှရနံ့ရသည်။ အသီးပုံစံက လုံးဝိုင်း သည်။ ရင့်မှည့်ပါက အမည်းရောင် ပြောင်းသွားသည်။ အသီးတွင် အရည်များ စွန်းထင်း နေတတ်သည်။
သစ်သားကို ပေါင်းခံခြင်းမှ နံထွက်ဆီရသည်။ ထပ်ပြီး fractionation လုပ်ခြင်းဖြင့် camphor fraction ကိုရစေသည်။ သွေးလှည့်အဖွဲ့ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ respiratory stimulant အဖြစ်သုံးကြသည်၊ counter irritant အဖြစ်လည်းသုံးသည်။ ရိုးရာအနေဖြင့် အမျိုးမျိုး သုံးကြသော်လည်း အများအားဖြင့် အအေးမိ cold၊ တုပ်ကွေး influenza၊ အဖျားရောဂါ fever၊ အဆုပ်ယောင် နမိုးနီးယား pneumonia၊ ဖောယောင်ခြင်း inflammation၊ ဝမ်ပျက်ဝမ်းလျော dirrhoea ရောဂါများကုသရာမှာသုံးကြသည်။ ပြင်ပလိမ်းဆေးအဖြစ် ကြွက်သားများနာကြင်ခြင်း၊ အဆစ်အမြစ်ယောင်ရမ်းခြင်း၊ တို့တွင်အဓိကအသုံးပြုသည်။
Active ingredients အနေဖြင့် တင်ပြရလျှင် biological activity သည် သဘာဝ camphor d-camphor နဲ့ ဆက်နွယ်နေသည်။ commercial gum comphor များထဲတွင် comphor ပါဝင်မှုမှာ 50% အထိပါတတ်သည်။ အဖြူရောင်အဆီထဲတွင် cineol က အဓိကပါဝင်ပစ္စည်းအဖြစ်ပါဝင်ပြီး borneol. Carvacrol.eugenol and limonene တို့လည်းပါဝင်သည်။ ထို့ပြင် camphor နဲ့ အဆီထဲတွင် antiseptoc. Spasmolytic. Counter irritant. Carminative. Circulatory stimulant. Analeptic ဂုဏ်သတ္တိတွေ ပိုင်ဆိုင်နေကြသည်။ camphor သည် အဆိပ်ရှိသော ဆေးဝါးဖြစ်သောကြောင့် ညွနှ်ကြားချက်မရှိဘဲ ပါးစပ်မှ စားသုံးမှုမပြုသင့်လှပါ။

မြန်မာ ဆေးကျမ်းများ အလို အရ ပရုတ်သည် ခါး၏။ အေး၏။ ကြေကျက်စေ၏၊ စပ်၏။ကြေလွယ်၏။ အဆုပ်များကို အားရှိစေ၏။ မျက်စိကို အကျိုးပြု၏။ လေ၊ သည်းခြေကို နိုင်၏။ ရေငတ်ခြင်း၊ ခံတွင်းခြောက်၊ နှုတ်မမြိန်ခြင်း၊ အနံ့ မကောင်းခြင်း တို့ကို ပျောက်စေ၏။
အသုံးပြုပုံ
အဆီ--၁။ ပရုတ်နှင့် ရှိန်းခိုကို ရောလုံး၍ ပန်းနာ ထချိန်တွင် တိုက်ကျွေးသော် ပန်းနာထခြင်း ရပ်သွား၏။
၂။ သွားထဲတွင် ပရုတ် ထည့်ပေးခဲ့သော် သွားနာကျင် ကိုက်ခဲခြင်း နှင့် သွားမကောင်းခြင်း ပျောက်ကင်း၏။
၃။ ပရုတ်ရည်ကို တိုက်ပေး ခြင်းဖြင့် ကာလ ဝမ်းရောဂါ ဖြစ်၍ လက်ခြေများ အေးလာခြင်း ပျောက်၏။
၎။ကင်းမြီးကောက် ကိုက်ခံရသော နေရာ၌ ပရုတ်ကို ရေနှင့် ကြိတ်၍ လိမ်းပေးက ပျောက်ကင်း၏။
၅။ပရုတ်ကို နှင်းဆီရည် နှင့် စိမ်၍ တိုက်က စိန် အဆိပ်သင့် ခြင်း ပျောက်၏။
၆။ ပရုတ်ဆီ ကို မူးမော်ခြင်း၊ ကိုယ်လက် အင်္ဂါ ကိုက်ခဲခြင်း၊ ဒူလာ မီးယပ် ရောဂါ အမျိုးမျိုး တို့အတွက် ဆေးဖော်စပ်ရာ တွင် ထည့်သွင်း အသုံးပြုသည်။
#crd---တိုင်းရင်းဆေး