အဆစ်မြစ်နာကျင်ကိုက်ခဲ့တာတွေကို ယူပစ်သလို သက်သာစေ ပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်




အဆစ်မြစ်နာကျင်ကိုက်ခဲ့တာတွေကို ယူပစ်သလို သက်သာစေ ပျောက်ကင်းစေမဲ့ ခရမ်းသီးပြုတ်ရည်

အပြင်ပိုင်းမှာ ရောင်တာနာတာတွေကိုရော အတွင်းပိုင်းမှာ ရောင်တာ နာတာတွေကိုရော သက်သာစေပါတယ်။ ခြေဆစ် ဒူးခေါင်းရိုး စတဲ့ နေရာတွေမှာ နာကျင်ကိုက်ခဲတဲ့အခါ ဒီနည်းလမ်းလေးကို သတိရလိုက်ပါ။

အိုးတစ်လုံးထဲမှာ ရေထည့်ပြီး ဆူအောင်သည်ပါ။

ပြီးရင် ခရမ်းသီးအနေတော်တစ်လုံးကို ပါးပါးလှီးလိုက်ပြီး ရေဆူနေတဲ့ အိုးထဲထည့်လိုက်ပါ။ ပြီးရင် ဆူနေတဲ့ ရေကို အေးအောင်ထားပါ။
အဲဒီနောက် ရေကို ဆစ်ချပြီး ခရားတစ်လုံးထဲထည့်ကာ ရေခဲသေတ္တာထဲ ထည့်ပါ။

တစ်နေ့ကို ခရမ်းသီးပြုတ်ရေ မနက်တစ်ခွက် နေ့လည်တစ်ခွက် ညတစ်ခွက် စုစုပေါင်း ၃ ခွက်သောက်ပါ။

ဒါက ခန္တာကိုယ်အတွင်းပိုင်း ကုသတဲ့နည်းပါ။

ခန္တာကိုယ်အပြင်ပိုင်းဆိုရင်တော့

ခရမ်းသီးပြုတ်ရည်မှာ သံလွင်ဆီ အနည်းငယ်ရောပြီး အဲဒီနောက် အ၀တ်သန့်နဲ့ ပတ်ပြီ အိပ်ယာဝင်ပါ။ နေ့တိုင်းလုပ်ပေးပြီး ရက် ၂၀ ဆိုရင် သက်သာလာပါလိမ့်မယ်။

My Food Myanmar
ဗဟုသုတ​ကျေးရွာ