ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်တဲ့ ဒန်ဒလီယွန်ပင်အမြစ်

ဒုဓလီပန်းပင် - ခြင်္သေ့သွားပင် (Dandelion, Lion's tooth)
Taraxacum officinale Weber
Family : Asteraceae
မေမြို့ပန်းမျိုးနွယ်ဝင် ဒုဓလီပန်းပင်မှာ အပင်ပုမျိုးဖြစ်ပြီး အမေရိက၊ ဂျပန်၊ တရုတ် နှင့် ကိုရီးယားနိုင်ငံများတွင် ဈေးကွက်ဝင် စားသုံး၍ရသော အလှစိုက်ပင်ဖြစ်သည်။ စတင်စိုက်ပျိုးသည့်နှစ်မှစ၍ မျိုးစေ့ချ စိုက်ပျိုးရုံနှင့် အလွယ်တကူမျိုးပွားနိုင်သည့် ၀တ်မှုန်တိုင်လည်းပါရှိသည်။ ကိုရီးယားနိုင်ငံတွင် ဒုဓလီပန်းအား မုန့်နှစ်ကပ်၍ ကြော်ခြင်း၊ ပန်းပွင့်အား ရေနွေးကြမ်းခပ်၍သောက်သုံးခြင်း (အဆီကျဆေးများ)၊ ဒုဓလီအပင်ရဲ့ အပွင့် အရွက် အမြစ်ကိုလည်း ကင်မ်ချီ ဟင်းချိုနှင့် အစိမ်းသုတ်၊ ပြုတ်၍သုတ်ခြင်း စသဖြင့် ဟင်းလျှာမျိုးစုံချက်ပြုတ်စားသုံးလေ့ရှိပါတယ်။
ဒုဓလီအရွက်များအပြင် အမြစ်များကိုလည်း တူးဖော်ပြီးလည်းရောင်းလေ့ရှိပါသည်။
အမြစ်ရဲ့ အပေါ်ယံ အခွံကို ဓါးဖြင့်ခြစ်၍ အနေတော် ရှည်မျှောသည့် အပိုင်းလေးများပိုင်းကာ ဆားနယ် ၁၀ မိနစ်ခန့် သတ္တုရည်ထုတ်ပြီး အရသာမှုန့် ငရုတ်နှစ်များနှင့် သမအောင်နယ်၍လည်း စားသုံးလေ့ရှိပါသည်။ သူ့တပင်လုံးမှာ အမြစ်က အရသာအရှိဆုံးနှင့် စားလို့အကောင်းဆုံးလည်းဖြစ်ပါတယ်။
Credit -IVU Plant Lovers
☕🍜🍶🌻🌺🌱🌿🌿🌼🌻

ကင်ဆာရောဂါသမားများအတွက်
========================
ဒန်ဒလီယွန်ပင်အမြစ်က ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း သတ်ပစ်နိုင်
ဒန်ဒလီယွန်(dandelion)လက်ဖက်မှာ ကင်ဆာဆဲလ်များကို ၄၈နာရီအတွင်း ပြိုကွဲပျက်စီးစေပြီး ထိုအချိန်အတွင်းတွင် ဖြစ်တည်လာသည့် ကျန်းမာသော ဆဲအသစ်များကိုလည်း ထိခိုက်ခြင်း အလျဉ်းမရှိပေ။ အလေ့ကျပေါက်သည့် အပင်ဖြစ်သော်လည်း ရောဂါကုသနိုင်သည့် အာနိသင် အမြောက်အများရှိသောကြောင့် အပင်များကို နှုတ်ယူစုဆောင်းပြီးပါက ညစ်ညမ်းမှု ကင်းနိုင်သမျှ ကင်းစင်အောင် သန့်သန့်ရှင်းရှင်းထားရသည်။
အဘိုးအဖွားများက ဆေးဖက်ဝင်သောကြောင့် ဒန်ဒလီယွန်ပန်းပွင့်များကို အရည်ညှစ်ယူထားလေ့ရှိသော်လည်း သူတို့မသိခဲ့သည့်အချက်မှာ ဒန်ဒလီယွန်အမြစ်က ကင်ဆာရောဂါသည်များကို ကုသည်နိုင်ခြင်းပင်ဖြစ်သည်။ ကင်ဆာဆဲအားလုံးကို သတ်နိုင်သောကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံးထက်ပင် ပိုမိုကောင်းမွန်ပုံရကြောင်း ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြသည်။
ထို့အပြင် ဆီးရွှင်သည့် အာနိသင်လည်းရှိပြီး၊ သည်းခြေရေကို လှုံ့ဆွပေးသကဲ့သို့၊ အသည်းကိုလည်း ဆေးကြောပေးကာ၊ ဓာတ်မတည့်မှုများကိုလည်း ကုစားနိုင်သည့်အပြင် အဆီကိုလည်း ကျစေနိုင်သည်။ အရေးကြီးသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်နေသည်။
ကနေဒါ ၀င်ဆာတက္ကသိုလ်မှ သိပ္ပံပညာရှင်များ၏ သုတေသနအရ ဒန်ဒလီယွန်အမြစ်မှာ ကျန်းမာသန်စွမ်းသည့်ဆဲလ်များကို မထိခိုက်မပျက်စီးစေဘဲ၊ ကင်ဆာဆဲလ်များကို သတ်ဖြတ်ပစ်နိုင်သည့် အာနိသင်ရှိသည်ဟု ဆိုသည်။
china.comမှကူးယူဖေါ်ပြသည်
Kyaw Thu Htike
☕🍜🍶🌻🌺🌱🌿🌿🌼🌻
ကင်ဆာပျောက်စေနိုင်တဲ့ ဆေးပင်တစ်မျိုးကို ဆေးသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိပြီ လို့ ဆိုပါတယ်။ ဆေးပင်နာမည်က Dandelion ပါတဲ့။
အမှန်တော့ ဒီဆေးဟာ အစွမ်းထက် ဘယဆေးအဖြစ် ပေါ်ထွက်နေတာ ကြာပါပြီ။ ဒါပေမယ့် ကင်ဆာကို ပျောက်မှန်း မသိရှိခဲ့ကြသေးပါဘူး။ှ ကနေဒီယံနဲ့ သြစတေလျ သိပ္ပံပညာရှင်များက ကင်ဆာရောဂါ တိုက်ဖျက်နိုင်ကြောင်း တွေ့ရှိပြီလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကင်ဆာရောဂါ ကုသရာမှာ အလွန်ပြင်းထန်ပြီး Side Effect အလွန်များတဲ့ Chemotherapy နေရာမှာ ဒီဆေးကို အစားထိုး ကုသနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Amazon အွန်လိုင်း မားကတ်မှာ မှာယူလို့ ရပါပြီ။ ဈေးနှုံးချိုသာပါတယ်။ ထုတ်တဲ့ ကုမ္ပဏီကိုလိုက်ပြီး ၈ ဒေါ်လာကနေ ၂၀ ဒေါ်လာခန့်သာ ရှိပါတယ်။
မြန်မာနိုင်ငံထဲက အွန်လိုင်းမားကတ်တွေကနေ မှာယူမယ်ဆိုရင် နှစ်ပါတ်လောက်ဘဲ ကြာမြင့်ပါမယ်။
Side Effect လုံးဝမရှိဘူးလို့ ပညာရှင်တွေက ပြောကြားထားလို့ ဝေဒနာရှင်များ စမ်းသပ်သုံးစွဲကြည့်ဖို့ တိုက်တွန်းလိုက်ရကြောင်းပါ။
လူသားများ ကင်ဆာရောဂါ ဘေးကြီးမှ ကင်းဝေးနိုင်ကြပါစေ။
Credit: ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
☕🍜🍶🌻🌺🌱🌿🌿🌼🌻
အခုတလော လူပြောသူပြောများနေသော Dandelion အပင်နဲ့ပတ်သက်ပြီး ၊ အများစုက Dandelion အပင်က ဟိုမှာရှိတယ် ဒီမှာပေါက်တယ်ဆိုပြီး online မှာ အချင်းချင်းမျှဝေနေကြတာဖတ်ရပါတယ်၊ ဒီအပင်ကလည်း ကင်ဆာ ဆဲလ်တွေကို 48 hrs အတွင်းသတ်ပေးတယ်ဆိုတော့ အပင်ကိုမြင်ခြင်လိုခြင်ကြတာ လူ့သဘောသဘာဝက မဆန်းပါဘူး၊ ဒါပေမဲ့ ဒါကလည်း စမ်းသပ်ရင်းတွေ့ရှိထားချက်ပါ၊ အပင်ရရင် ဘယ်လိုသောက်ကြမလဲ? စဉ်းစားရမှာပါ၊ ဗိဇပ်ရွက် ဥပမာဖြစ်မှာစိုးရပါတယ်၊

အချို့များအပင်ပုံတွေပါရိုက်ပြီးမျှဝေနေကြတယ်၊ အချို့ အပင်တွေလွဲနေပါတယ်၊ တကယ်တန်းပြောရရင် Dandelion အပင်က မြန်မာပြည်က အပင်မဟုတ်ပါဘူး Europe က ပေါင်းပင်တပင်ပါ၊ ဟိုမှာ ရှုပ်လွန်းလို့ရှင်းနေရတဲ့အပင်တပင်ပေါ့၊ ဒီအပင်ပုံကို ကျနော့် Facebook မှာတင်ထားပေးပါတယ် ကိုယ်တိုင်မမြင်ဖူးပါဘူး၊ ဒီ Dandelion ပင်ရဲ့ သိပ္ပံ အမည်က Taraxacum officinale ဖြစ်တယ်၊ မြန်မာပြည်မှာ သူနဲ့ဆင်တူသောအပင်တွေပေါက်ပါတယ်၊
Asteraceae ကို PhD thesis လုပ်သော စာအုပ်တခုထဲမှာတော့ Taraxacum officinale var.typica Wigger. အနေနဲ့ ရှမ်းပြည် အောင်ပန်းအရပ် နဲ့ နောင်ချိုတဝိုက်မှာတွေ့နိုင်တယ်လို့ဖော်ပြထားတယ်၊ သူကလည်း variety သာဖြစ်ပြီး Dandelion အစစ်မဟုတ်သေးဖူး၊ ဒါပေမဲ့ သတင်းတခုအနေနဲ့ကတော့ မှတ်သားထားရမှာပါ၊ ရှာဖွေရင်တွေ့နိုင်မှာပါ၊ ဒီအပင်ဟာ အအေးဓာတ်ကိုနှစ်သက်တဲ့အပင်တပင်ဖြစ်တယ်။
အများစုက သူနဲ့အရမ်းဆင်လှသော ဒေါက်ခွပင်နဲ့မှားကြတယ်၊ ဒေါက်ခွဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်း သဲဆန်သော မြေ နုံးမြေတွေမှာအရိုင်းပေါက်တယ်၊ ဧရာဝတီမြစ်ကမ်းနဘေးက ဆေးရွက်ကြီးအခင်း ပဲခင်း ပြောင်းခင်း မြေပဲခင်းတွေမှာ စိတ်ညစ်လောက်အောင်ပေါများလှတဲ့ပေါင်းပင်တွေပါဘဲ၊
ဒေါက်ခွအပင်လေးတွေက နုညံသောအပင်တပင်ဖြစ်တယ်၊ Dandelion အပင်လိုဘဲ ထိခိုက်မိရင် အဖြူရောင် နို့စေးထွက်တယ်၊ သူ့မှာ ပင်စည်ရှိတယ် ၁ ပေနီးပါးရှိတယ်၊ အရွက်တွေက ပုံမှာအတိုင်း မြေမှာကပ်ပြီးဖြာထွက်နေတယ် ၊ ဒါကို rosette ပုံလို့ခေါ်နိုင်တယ်၊ အရွက်တွေမှာရွက်ညှာမပါဘူး၊ ရွက်နားတွေက ဟိုက်လိုက်တာ pinnatifid ပုံစံလိုပါဘဲ၊ အရွက်တွေက အမွှေးကင်းပြီး ဖြူမွဲမွဲပုံစံရှိကြတယ်၊
သာမာန်အမြင်နဲ့ကြည့်ရင် ဒေါက်ခွနဲ့ Dandelion ကမှားခြင်စရာပါ၊ ဒါပေမဲ့ ပန်းခိုင်ထွက်ရင်တော့လုံးဝမတူတော့ဖူး Dandelion က ပန်းခိုင် က လုံးဝကိုင်းမဖြာ ဘိလပ်ရေ ပိုက်တန်လိုအဖြောင့် အခေါင်းပွဖြစ်တယ်၊ ပွင့်ကိုင်းတန်တခုထိပ်မှာ ပန်းခိုင်အလုံး တလုံးဘဲရှိတယ်၊
ဒေါက်ခွပန်းခိုင်ကတော့ မြင်တဲ့အတိုင်း ကိုင်းဖြာလို့နေတယ်၊ ၂ ခွ ဖြာလေ့ရှိ့ပြီး ထိပ်ဝမှာ ပန်းခိုင်ရှိတယ်၊ ဒီအချက်က အရမ်းအရေးကြီးတယ်၊ "ကိုင်းဖြာရင် ဒေါက်ခွ ကိုင်မဖြာဘဲ ပြွန်တခုထဲဆို Dandelion" ဖြစ်ပါတယ်၊ ဒေါက်ခွပန်းပွင့်အရောင်က တောက်ပသော အဝါရောင်ပါ၊ ဦးခေါင်းငယ်ပန်းခိုင်မှာ လျှာပုံပန်းပွင့် ray florets များသာပါပါတယ်၊ ပန်းခိုင်တခုမှာ အပွင့်ရေ ၂၅ ပွင့်ခန့်သာပါပါတယ်၊ ligules အားလုံးက strap-shaped ပါ၊ ဝတ်ဆံဖို ၅ ခုပါတယ် ပန်းရဲ့အပြင်ဖက်ကိုပြူထွက်နေတယ်၊ အသီးက achene ဖြစ်ပြီး သေခြာကြည့်ရင် အစင်းကြောင်း ၁၀ခုတောင်ပါပါတယ်၊ အသီးမှည့်ရင် လေနဲ့ပြန့်လွင့်ဖို့ ထိပ်မှာ pappus ပါတယ်၊
ဒေါက်ခွပင်များဟာ ဆေးဖက်ဝင်ပါတယ်၊ ဒါပေမဲ့ အရှင်နာဂသိမ်ဆေးကျမ်းမှာပါတဲ့ Rumex maritimus ခေါ် ဒေါက်ခွရွက်ကတော့ Family Polygonaceae ထဲကပါ၊ မျိုးရင်းတောင်မတူကြပါဘူး၊ အခြားဒေါက်ခွရွက်တခုကတော့ Spinach ဖြစ်ပါတယ်၊ မြန်မာအမည်နဲ့ ဆေးဝင်ပင်ရှာရင်လွဲနိုင်ပါတယ်
မိတ်ဆွေတို့အနေဖြင့် မှန်ကန်သော ဆေးဝင်ပင်များကိုသာ သုံးစွဲနိုင်ကြစေရန် ရည်ရွယ်ပြီး ဒီ post လေးကို ရေးသားရတာပါ၊ ဆက်လက်ပြီး Dandelion အပင်နဲ့ အလွန်တူသောအပင်များကိုလည်း ဆက်လက်တင်ပြပါ့မယ်၊
ကျမ်းကိုး....
Ma LweLwe Oo, Dr. 2009, Floristic study on Aung ban and its surrounding area, PhD thesis, Mandalay Uni
်၁ထုပ်ကို ရေနွေးပုပုနဲ့ ၁၀-၁၅ မိနစ်နှပ်ပြီး သောက်ရပါမယ် (ရေ ၈အောင်စ)ပါ
Fashion Forum Customer
☕🍜🍶🌻🌺🌱🌿🌿🌼🌻
ကနေဒါ နိုင်ငံ ၀င်ဆာတက္ကသိုလ်က သိပ္ပံပညာရှင်များရဲ့ သုတေသနပြု တွေ့ရှိချက်အရ ဒန်ဒလီယွန် (dandelion) အမြစ် လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းဟာ ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို မထိခိုက် မပျက်စီးစေဘဲ၊ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုတော့ ၄၈ နာရီ အတွင်း သတ်ဖြတ်ပစ်နိုင်တဲ့ အစွမ်း အာနိသင် ရှိတယ်လို့ သိရပါတယ်။
ကနေဒါနိုင်ငံမှာ အလွယ်တူတွေ့နေရတဲ့ အလေ့ကျ အပင်တမျိုးဖြစ်တဲ့ ဒန်ဒလီယွန်ပင်ရဲ့ အရွက်နဲ့ အပွင့်တွေက ဆေးဘက်ဝင်တယ်လို့ အစဉ်အဆက်လက်ခံ သုံးစွဲခဲ့တာဖြစ်ပြီး အရည်ညှစ်ယူ သောက်သုံး မှီဝဲကြပေမယ့် အဲဒီအပင်ရဲ့ အမြစ်က အာနိသင် အစွမ်းကိုတော့ သူတို့ မသိခဲ့ကြဘူးလို့ ဆိုပါတယ်။
ကင်ဆာဖြစ်စေတဲ့ ဆဲလ်အားလုံးကို သတ်နိုင်တာကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံးထက်ပင် ပိုမို ကောင်းမွန်ပုံ ရကြောင်း၊ ထို့အပြင် ဆီးရွှင်စေတဲ့ အာနိသင်လည်း ရှိပြီး၊ သည်းခြေရည်ကို အားပေးကြောင်း သိရပါတယ်။ အသည်းကိုလည်း ဆေးကြောပေးကာ ဓာတ်မတည့်မှုတွေ ကိုလည်း ကုစားနိုင်တဲ့ အပြင် အဆီလည်း ကျစေနိုင်ကြောင်း၊ လူ့ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည် ကြွယ်ဝစွာ ပါဝင်ကြောင်း တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
ဒန်ဒလီယွန်မြစ် လက်ဖက်ရည်ကြမ်း
ကင်ဆာရောဂါ ခံစားနေရတဲ့ အသက် ၇၂ နှစ်အရွယ် အဖိုးအိုတဦးကို ကုနေကျ အတိုင်း ဓာတ်တုကုထုံးနဲ့ ၃ နှစ်ကြာ ကုသပေးပြီးနောက် သူ့ရဲ့ နောက်ဆုံးနေ့ကို အိမ်ပြန်စောင့်ဖို့ ပြန်ပို့လိုက်ပါတယ်။ ဆရာဝန်တွေ အနေနဲ့လည်း ဒန်ဒလီယွန်မြစ် လက်ဖက်ရည်ကြမ်းကို နောက်ဆုံးအနေနဲ့ တိုက်နိုင်တယ်လို့ ပြောပေးရုံမှ အပ တခြား ဘာမှ လုပ်မပေးနိုင် ခဲ့ဘူးပေါ့။ အဲဒီမှာ အံအားသင့်ဖွယ် တွေ့လိုက်ရတာက ဒန်ဒလီယွန်မြစ်နဲ့ ပြုလုပ်တဲ့ လက်ဖက်ကြမ်းက နောက်ထပ် ရက်အတော်ကြာ အထိ အသက်ရှည်စေပြီး ၄ လလောက် ပုံမှန်သောက်သုံးတဲ့ အခါ ကင်ဆာရောဂါကို လုံးဝ ပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။
ဒန်ဒလီယွန် အမြစ်များ
ဒန်ဒလီယွန်မြစ်ကို ဘယ်လို စုဆောင်းမလဲ
ဒန်ဒလီယွန် မြစ်ကို အခြောက်ခံပြီး သုံးစွဲနိုင်သလို လတ်လတ်ဆတ်ဆတ်လည်း သုံးစွဲနိုင်ပါတယ်။ တကယ်လို့ အခြောက်ခံသုံးစွဲမယ် ဆိုရင်တော့ ဒန်ဒလီယွန်မြစ် အပေါ်ယံလွှာကို ပါးပါးလွှာ၊ ပြီးတော့ ပါးလွှာတဲ့ အတုံးသေးတွေ ဖြစ်အောင် လှီးရပါမယ်။ ရလာတဲ့ ဒန်ဒလီယွန် အတုံးသေးသေးတွေကို မီးလင်းဖို၊ ကြပ်ခိုးစင်ပေါ် တင်ပြီး အခြောက်ခံပါ။ လေ၀င်လေထွက်ကောင်းပြီး သန့်ရှင်းတဲ့ နေရာမှာ ထားသိုရမှာဖြစ်တယ်။ ကနေဒါလို အင်မတန် အေးတဲ့နိုင်ငံ မဟုတ်တဲ့ ကျနော်တို့ ဆီမှာတော့ နေပူလှန်း အခြောက်ခံရင် ရပါတယ်။
အရေးကြီးတဲ့ အချက်က ဒန်ဒလီယွန်မြစ် အတုံးလေးတွေကို အခြောက်ခံတဲ့ အခါ သန့်ရှင်းပြီး လေ၀င်လေထွက် ကောင်းဖို့ပါ။ ဒန်ဒလီယွန်မြစ် ပါးလွှာ အတုံးလေးတွေ ကြွပ်ရွခြောက်သွေ့ဖို့ ၃ ရက်ကနေ ၁၄ ရက်လောက် စောင့်ရနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ဒန်ဒလီယွန်မြစ် ပါးလွှာ အတုံးလေးတွေကို ဖန်ပုလင်းထဲမှာ ထည့်ပြီး အေးပြီး အလင်းရောင် တိုက်ရိုက် မထိတဲ့ နေရာမှာ သိမ်းဆည်းရပါတယ်။
ပျောက်ကင်းစေတဲ့ တခြား ရောဂါတွေ
အခြောက်ခံ ဒန်ဒလီယွန်မြစ်တွေကို လက်ဖက်ခြောက်ခပ်သလို ခပ်ပြီး ဒန်ဒလီယွန်မြစ် ရေနွေးကြမ်း အဖြစ် သုံးစွဲမှီဝဲ နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က အဆီတွေ လျှော့ချပေးတယ်၊ အဆိပ်အတောက်တွေ ပြေစေတယ်၊ ကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးတယ်၊ ကင်ဆာရောဂါကို ရက် ၃၀ အတွင်း လုံးဝ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။