"ဆေးဝိဇ္ဇာ ''နတ်ဆေးပင် (သို့) ဆေးဝိဇ္ဇာကြီးများ၏အစွမ်းထက်ဘက်စုံသုံးနတ်ဆေးပင်

"ဆေးဝိဇ္ဇာ ''နတ်ဆေးပင် (သို့) ဆေးဝိဇ္ဇာကြီးများ၏အစွမ်းထက်ဘက်စုံသုံးနတ်ဆေးပင်
⏳စတင်သိရှိရခြင်း...
🙏🙏🙏ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊မြတ်စောညီနောင်ဘုရားတည်ရှိရာ မင်းဝင်တောင်ကျောပေါ်ရှိ၊
ဒိုးသောင်ကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊
✳သဲဖြူတောရကျောင်းတိုက်✳
အတွင်း၌တည်ထားကိုးကွယ်ထားသည့်ရှေးစေတီ ၄ဆူအားပြန်လည်မွမ်းမံရန်စတင်ရာမှအစပြုခဲ့ပါသည်။
🙏🙏🙏 စေတီတော် ၄ ဆူအားရောင်တော်ဖွင့် ရွှေသင်္ကန်းကပ်လှုခြင်း၊ ပျက်ဆီးနေသောငှက်ပျောဖူးအားပြန်လည်မွမ်းမန်ခြင်းနှင့် ရွှေထီးတော်တင်လှုခြင်းတို့ကို တောင်ငူမြို့၊ နှင်းဆီနီစတိုးမှ လှုဒါန်းပြီး ရေစက်ချသောနေ့တွင် သာသနာပြုအဘကေတုနဝင်းနှင့်ဆုံတွေ့ခွင့်ရခဲ့ရာမှ ''ကောလီသိမ်'' ကိုသိရှိခွင့်ရရှိခဲ့ပါသည်။
ထိုမှရန်ကုန်မြို့နေသူငယ်ချင်းကိုသီလမိသားစု တောင်ငူသို့သာသနာ့ခရီးလာချိန်တွင် ပထမဦးစွာ အတူတူးဖော်ရရှိခဲ့ပါသည်။
တောစောင့်နတ်တောင်စောင့်နတ်များနှင့် အဘဆေးဝိဇ္ဇာများကိုတိုင်တည်၍တူးဖော်ရာဆေးဥများစွာရရှိခဲ့ပါသည်။ ထိုဆေးဥများကိုပျားရည်စစ်စစ်နှင့်စိမ်၍ နေ့စဉ်သုံးဆောင်နိုင်ပါသည်။

အထူးပျောက်ကင်းသောဝေဒနာများမှာ...
၁။ နှလုံသွေးကျောကျဉ်း မှ နှလုံးနှင့်ဆက်စပ်နေသောရောဂါများ။
၂။ သွေးအားနည်းခြင်းနှင့် သွေးနှင့်ပါတ်သက်သောရောဂါများ။
၃။ အသည်းနှင့်ပါတ်သက်သောရောဂါများ။
၎။ သက်ကြီးရွယ်အိုများအတွက်လိုအပ်သောခွန်အားဖြစ်စေခြင်း။
💪💪💪အထူးမှာ အရွယ်တင်နုပျိုစေခြင်း၊ အမောခံနိုင်ခြင်း၊ အိပ်ရေးပျက်ခံနိုင်ခြင်း၊ သာသနာပြုပုဂ္ဂိုလ်များနှင့် အညောင်းထိုင်သူများအတွက်အထူးသင့်လျော်ခြင်း မှသည် ၉၆ပါးရောဂါပျောက်သည်ဟု အဘဦးလှမြင့်မှ ကျွန်နော့်အားရှင်းပြ၍ ဆက်လက်သာသနာပြုနိုင်ပါရန်တိုက်တွန်းခဲ့ပါသည်။
ထိုမှ အဘဦးစိန်ဝင်း...
သူငယ်ချင်းကိုသီလတို့၏ ကူညီမှုများကြောင့် အောက်ပါဆေးတော်ကြီးများကိုပါ လိုအပ်သူများကိုလှုဒါန်းနေပြီး ဆက်လက်လှုဒါန်းမည်ဖြစ်ပါကြောင်းပဋ္ဌာန်းဆက်ဆွေတော်မျိုးတော်အပေါင်းအားလေးစားစွာအသိပေးအပ်ပါသည်။
၁။ သမထောပျားပွေး (သွေးလေညီညွတ်၍အာရုံကြောအားနည်းခြင်းအတွက်)
၂။ ကောလီသိမ်ပျားရည်
၃။ ပြဒါးပြာ
၎။ ယောဗ္ဗနသိန္ဓိဆေးဒါန်း
၅။ တောင်ဖီလာဆေးတော်
တို့ဖြင့်သတ္တဝါများကျန်းမာသက်ရှည်ချမ်းသာစေအံ့။
Crd - မူရင်းရေးသာသူ