ဆေးဖက်အလွန်ဝင်တဲ့ ဧကရာဇ်ပင်

ဧကရာဇ် ပင်
ပုံသဏ္ဍာန်။ ။ဧကရာဇ်ပင်သည်ပေ ၈၀ ကျော်
မျှမြင့်၍အချဉ်း၃-၄ ပေမျှရှိသောအပင်မျိုးဖြစ်
သည်။၎င်းသည်လမ်းဘေးဥယျာဉ်များတွင်
စိုက်ပျိုးသောအပင်မျိုးဖြစ်၏။
အကိုင်းအခက်နည်းပါး၍ပင်စည်ဖြောင့်မတ်၏
အရွက်အခက်တို့သည်ပန်းတမာအရွက်အ
ခက်နှင့်ဆင်ယောင်ရှိသည်။အပွင့်မှာမြတ်
လေးပွင့်ဖြူပွင့်နှင့်တူသော်လည်းမြတ်လေးပွင့်ထက်အလျှားရှည်၍အပွင့်ကြီးသည်။အရောင်
ဖြူ၏အနည်းငယ်မွှေးသည်။သီတင်းကျွတ်
နှင့်နတ်တော်လများတွင်ပွင့်လေ၏။

ဂုဏ်နှင့်စွမ်းရည်။ ။ဧကရာဇ်အရွက်နှင့်အမြစ်
သည်သွေးကိုကြွစေတတ်၏။သွေးဆိုးပွားခြင်းကိုလည်းငြိမ်းစေတတ်၏။အရက်မူးခြင်းနှင့်အ
ခြားသောမူးဝေခြင်းရောဂါများကို၎င်း အဆိပ့်
သင့်ခြင်းကို၎င်း သွေးတိုးခြင်းကို၎င်းပယ်
ဖြောက်တတ်၏။
ပလိပ်ရောဂါ။ ။ဧကရာဇ်ပဉ္စငါးပါးတစ်ပိဿာ
သံပုရာအလုံး၁၀၀ ၄င်းနှစ်မျိုးကိုအရက်ချက်
သကဲ့သို့ပေါင်းခံယူပြီး၁နာရီတစ်ဇွန်းတိုက်
လိမ်းလည်းလိမ်းပေးရသည်။

ရောဂါအလိုက်အသုံးပြုပုံ။ ။အချို့သူတို့သည်
အကြောအခြင်တက်ခြင်း။အထူးသဖြင့်ဝမ်း
ကြောရင်ကြောများသည်သစ်သားကဲ့သို့မာ
ကျောစွာတင်းခြင်းတို့ကို၎င်းအမြစ်ကိုဆန်
ဆေးရည်နှင့်သွေး၍မှန်မှန်လိမ်းပေးမူအကြော
တင်ခြင်းမှပျောက်ကင်းနိုင်၏။
အမူးရောဂါ။ ။ဧကရာဇ်မြစ်နှင့်သပြေခေါက်
ကိုရော၍ဆန်ဆေးရေနှင့်သွေးပြီးသောက်ပါ
က အရက်မူးခြင်းနှင့်တကွအခြားမူးသော
ရောဂါများပျောက်ကင်း၏။
မီးယပ်ထိမ်ခြင်း။ ။ဧကရာဇ်ရွက်ကိုပြုတ်၍
သုပ်စားခြင်း ကြော်ချက်ပြု၍စားခြင်းဖြင့် မီး
ယပ်ငုတ်ခြင်းများပျောက်ကင်း၍မီးယပ်သွေး
များမှန်ကန်ခြင်းကိုဖြစ်စေ၏။
ခရုသင်းရောဂါ။ ။ဧကရာဇ်မြစ် ၁၀သားကို
ညက်စွာကြိတ်၍ထန်းလျှက်၅၀ကျပ်သားရေ
သင့်ရုံထည့်၍လက်ကော်ရအောင်ကျိုချက်ပါ
၎င်းဆေးကို ည နံနက်ကြွေဇွန်းကြီးတစ်ဇွန်း
ကျစီစားပါ။တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူသော
သူများ ဆေး၂ ဖုံ ကွက်ကျားစွဲသူများ၁ ဖုံနှင့်
ပျောက်ကင်းနိုင်၏။