အပူအမျိုးမျိုးလောင်ခဲ့သော်
"အပူအမျိုးမျိုးလောင်ခဲ့သော်"
ဆေးနည်းလမ်းလေးများအားမှတ်ထားသင့်ပါ၏။မည်သူမဆို
ကြိုတင်မြော်မှန်းမထားပါဘဲ ဆီပူ မီးအပူ ရေနွေးပူ
ဆိုင်ကယ်အိပ်ဇောပူ တို့ ရုတ်တရက် လောင်ကာ အရေပြား
အသားနီလှန်၍ မြင်မကောင်းအောင်ဖြစ်တတ်ပါ၏။ထိုအချိန်
ဆေးမရှိဖြစ်နေပါက ဤနည်းလေးများသုံးကြည့်ပါ။
ထိုသို့ ဆီပူ၊ရေနွေးပူ၊မီးအပူအစရှိတဲ့အပူတို့လောင်ပါလျှင်
တင်ပြပါနည်းလေးကို သတိရစေလိုပါသည်။တင်ပြပါနည်းလေး
မှာကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ နှစ်ကြိမ်သုံးကြိမ်မက ကြုံဖူးပြီး
ထိရောက်၍ အကျိုးရှိသောကြောင့်လည်းဖြစ်သည်။

#ဂျုံမှုန့်
ယခင်မန္တလေးမြို့တွင် #ရွှေနန်းစဉ်သုံးကမ္ဘာရောဂါအထူးကု ဗဟို ဆေးခန်းဟူပြီးဖွင့်လှစ်ကုသသော တရုတ်သမားတော်ကြီး ဟိုပင်ရောင်၏ဆေးနည်းလည်းဖြစ်ပါသည်။ ထိုတရုတ်သမား တော်ကြီးထံမှ လက်ဆင့်ကမ်းရသော နည်းလေးဖြစ်ပါသည်။
အပူတစ်ခုခု ရုတ်တရက်လောင်ခဲ့လျှင်
ဂျုံမှုန့်ကို ရေနှင့်ပျစ်ပျစ်လေးကျိုပြီး အအေးခံကာဆီပူ၊ရေနွေးပူ၊ မီးလောင်နာပေါ်သို့ ထိုဂျုံမှုန့် ကော်ရည်လေး ကိုခပ်ထူထူ လေးလိမ်းပေးရခြင်းဖြစ်ပါသည်။ မကြာခဏလိမ်းပေးပါ။
ရေဖုမထွက်၊အမာရွက်မကျန်ပါဘဲ သက်သာပျောက်ကင်း သွားပါလိမ့်မည်။

#ကျွဲကျောင်းမှင်သေ
နောက်တစ်နည်းမှာ ကျွဲကျောင်းမှင်သေ (ခြင်္သေ့နို့ရည်)ပင်ကို
ခူးပြီး ရေစင်အောင်ဆေး၍ ပဉ္ဓ(၅)ပါးကိုထုထောင်း အရည်ညှစ်ပြီး
အပူလောင်နာပေါ်သို စွတ်လိမ်းပေးခြင်းဖြစ်သည်။
အချို့က အပင်၏ ပဉ္ဓ၅ပါးကို ပြာချပြီး လိမ်းကြသည်။
ကျွဲကျောင်မှင်သေပင်သည် လမ်းဘေးတွင် ပေါပေါများများ ပေါက်ရောက်ပြီးအပူလောင်ခြင်းကို ထိရောက်စွာ အကျိုးပြုသည်။ ကျွဲကျောင်မှင်သေပင်က အပူနာကို အမြန်ပျောက်ကင်း စေသလို ကျန်ရှိနေသောအမာရွက်အတွက် ကွမ်းသီးနှင့်ကြိတ်မှန်ရွက်ရည် ဇွဲမှန်စွာသွေးလိမ်းခြင်းဖြင့် အမာရွက်ပါပျောက်ကွယ် စေနိုင်ပါသည်။

#မီးလောင်အနာနှင့် ပိန်းပင်အစွမ်း
===============
တပ်မတော်သားတစ်ဦး တောမီးလောင်ရာကကြံခင်းများသို့ မီးကူးစက်မည်စိုး၍ ၀ိုင်းဝန်းငြိမ်းသတ်ရာက တောမီးအရှိန်မီးတောက်ဟပ်ပြီး လက်ပြင် တစ်ခုလုံးမြင်မကောင်းအောင်ဖြစ်တော့သည်။
ဘာလုပ်ပေးရမည်မသိဖြစ်နေစဉ် ရှမ်းအဖွားအိုတစ်ဦး ပိန်းရိုးပိန်းရွက်များခူးလာကာ ကြိတ်ချေအရည်ညှစ်၍ မီးလောင်နာ ပေါ်သို့ချပေးလေသည်။ ပိန်းပင်၏ အရည်သည် ပူခြင်းစပ်ခြင်းမရှိပါပဲ အေးမြသောအတွေ့ ကိုခံစားရသည်ဆိုသည်။
ထိုနောက်ပိန်းရိုး၊ပိန်းရွက်ညှစ်ရည်များကို အသာတင်အုံပြိး အ၀တ်ဖွဖွစည်းပေးခဲ့လေသည်။နေ့စဉ် ပိန်းရိုး၊ပိန်းရွက် သတ္တုရည်ကိုမီးလောင်နာတွင်ထည့်ပေးခြင်းနှင့် အုံစည်း ပေးခြင်းကို(၄)ရက်ဆက်တိုက်ပြုလုပ်ပေးလေရာ မီးလောင် နာမှာလက်ပြင်တစ်ခုလုံး ဖူးယောင်ညိုမဲ သွေးသံရဲရဲမှ အနာဖေးတက်ပြီး ဖြူသွားကာပျောက်ကင်းသွားပါတော့သည်။
ရှမ်းအဖွားအိုပြောပြသည်မှာ မောရှမ်းတို့၏ဆေးနည်းဖြစ်ပြီး မီးလောင်၊အပူလောင် အနာတရများ၊ ရုတ်တစ်ရက်ထိခိုက် ဒဏ်ရာရပါက ပိန်းပင်မှညှစ်ရည်သည် အစွမ်းထက်လှသည်ဆိုသည်။ ပိုပြီးအစွမ်းထက်သည်မှာ "ပိန်းနက်ပင်" ဖြစ်သည်ဟုလည်းဆိုပါသည်။
လိုသူယူသုံး စေတနာအပြုံးဖြင့်
#ရဲမျိုးသူ(ဗောဓိမြိုင်)