ဆေးဖတ်ဝင် ဂဠုန်လက်သည်းပင် အကြောင်း




အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ...

ဒီအပင်ရဲ့အမည်က ဂဠုန်လက်သည်း(Polyscias Fruticosa)ပင် ဖြစ်ပါတယ်။

ဒီအပင်ဟာ အရမ်းဆေးဖက်ဝင်သလို မိမိတို့အိမ်၌ မရှိမဖြစ် စိုက်ပျိုးထားသင့်ပါတယ်။

သူ့အရွက်ဟာ အတို့မြုပ်ပြီး အစိမ်းစားလို့ရသလို့ ချက်ပြုတ်ကြော်စားလို့လည်း ရပါတယ်။

ကျွန်တော် နေထိုင်တဲ့ မလေးရှားနိုင်ငံမှာ ဆိုရင်ဖြင့် စားသောက်ဆိုင် အတော်များများမှာ စားဖွယ်စုံများ၌ ပါဝင်လေ့ရှိပါတယ်။

ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းပါသလဲဆိုရင်ဖြင်.....



၁။အရွက်နုလေးတွေကိုဆန်နှစ်မှုန့်နဲ့
ကြော်စားရင်သန်ကောင်တုတ်ကောင်
ကြေကျပါတယ်။

၂။ အိမ်ကြက်ဥဖြင့် ကြော်စားပါကအမျိုးသား အားတိုးဆေး ဖြစ်ပါတယ်။

၃။ ရေနွေးဖြင့်ပြုတ်စားပါက ပန်းနာရင်ကြပ်
ပျောက်ကင်းသက်သာသည်။

၎။သွေးဝမ်းသွားခြင်း၊လိပ်ဂေါင်းသွေးကျခြင်း
တို့ကိုငါးရှဉ့်ပါးနီနဲ့ဟင်းချက်စားပါ
သက်သာပျောက်ကင်းသည်။

၅။အမျိုးသမီးများ အရွက်ပြုတ်အရည်ဖြင့်
မိန်းမကိုယ်ကို ဖန်ရေဆေးပေးပါက ကာလ
သားရောဂါ၊ဆစ်ဖလစ်ရောဂါကာကွယ်ပေး
ပါသည်။

ဘဝခါးခါး✏