ခွေးလျားသီးအစေ့ကို အဆိပ်ထုတ် ကြပါသလား




ခွေးလျားသီးအစေ့ကို အဆိပ်ထုတ် ကြပါသလား။

-ခုတစ်လော စာဖတ်လျင် ခွေးလျားသီးအစေ့ အကြောင်း မြိုင်မြိုင်ဆိုင်ဆိုင်ကြားနေ
ဖတ်နေရသည်။
-ခွေးလျားသီးအစေ့ ကိုအဆိပ်ရော ထုတ်ကြပါသလား သိခြင်လာမိသည်။
-ကျန်းမာရေး ကောင်းကြောင်းသာ ရေးကြပြီး သန့်စင်ပုံကို မတွေ့ရပါ။
-မသန့်စင်ဘဲ စားလျင် စိတ်ကယောင်ချောက်ခြားဖြစ်ခြင်း နှလုံးစည်းချက်မြန်ခြင်း
မမှန်ခြင်း သွေးတိုးခြင်း တို့ကို တွေ့ဘူးသည်။
-၂၀၀၆ ခုနှစ်က ဆိုလျင် ဌာနမှ တပည့်(၁)ဦး အစားလွန်ပြီး မျက်လုံးသွေးကြော
ပေါက်ထွက်သည်။မျက်လုံးသွေးကြောပေါက်မထွက်မီ သွေးအလွန်တိုးသည်။
-လူကတော့ အတော် ပေါ့ပါးသွက်လက်လာသည်ဟု ဆိုသည်။
-အပြောအဆို အရင်ကနှင့်မတူ။
-တက်ကြွ လန်းဆန်းနေသည်။
-သို့သော် ဘေးလူတွေအမြင်မှာဖြင့် တစ်ခုခုတော့မှားနေပြီဟုသိသာသည်။
-သူကတော့ သူ့ဘာသာ သိဟန်မတူ။
-အဆိပ်ထုတ်ပြီးမှစားသင့်ကြောင်း တန်ဆေး လွန်ဘေးဖြစ်ကြောင်း တစ်ခါ
သတိပေးခဲ့ဘူးသည်။
-နေပြည်တော်သို့ပြောင်းရွှေ့ရသည့်အချိန်နှင့်ကြုံနေသဖြင့်လူတိုင်းမအားလပ်ခဲ့ကြပါ။
-ရုံးပစ္စည်း(ကုလားထိုင်)မှစပြီး အိမ်ပစ္စည်း(ငြုပ်ကျည်ပွေ့)မကျန် သိမ်းဆည်း
ရွှေ့ပြောင်းနေရချိန်ဖြစ်သည်။
-ခြောက်လခန့် ဆက်တိုက်ပြောင်းရွှေ့ ပြုလုပ်နေရပြီး နေပြည်တော်တွင် အသား မကျ တစ်ကျ
အချိန် ရန်ကုန်သို့ ပြန်ဆင်းလာချိန် တွင် နောက်ချန် ကျန်နေသော အဆိုပါ တပည့်မှ
သူ့မျက်လုံးကိုအိပ်ယာထ မှန်ကြည့်ပြီး ကြောက်လန့်တစ်ကြားလာပြသည်။
-မျက်လုံးမှာ သာမန်ထက် နှစ်ဆခန့်ကြီးနေပြီး သွေးရောင်များ ပြည့်နေသည်။
-ဆေးရုံသို့အမြန်ပို့ရသည်။
-ပြန်လာတော့ ပါရဂူ မှတ်ချက်အရ သွေးတိုးလွန်ပြီး မျက်လုံးသွေးကြောများ ပေါက်သွားပြီ
ဟု သားဖြစ်သူ လာပြောမှသိရသည်။
-တစ်ပြိုင်တည်းတွင် သံပုယိုသီးများကို အချဉ်ထည့်၍ ၀ိတ်ကျစေရန်တစ်နေ့(၅)လုံးခန့်
စားသော အမူအကျင့်က အစာအိမ် သွေးကြောပေါက်သည့်ရောဂါ ပါထပ်ဖြစ်သည်။
-ညဖက် ခွဲစိတ်သည်။ခွဲစိတ်ခန်းကထွက်တော့သတိရှိသည်။
-မခွဲစိတ်မီကပင် သွေးအလွန်တိုးနေသည်။
-ထွက်လာပြီးနာရီဝက်အကြာတွင်သွေးတိုးနှုန်းကပိုများလာပြီး သတိပြန်မလည်ဘဲ
မြောက်ဥက္ကလာပ ဆေးရုံတွင် ဆုံးရရှာသည်။
-မိသားစုကို သတင်းမေးတော့ အမည်မဖော်ပြလိုသော မြန်မာဆရာထံတွင် လွန်ခဲ့သော
(၆)လခန့်က လူနာတစ်ဦး လိုက်ပို့ရာမှ စကားစပ်မိစပ်ရာ ပြောကြသည်။
-ဆရာက ခွေးလျားစေ့သည် မည်မျှ ကျန်းမာရေး ကောင်းကြောင်း ပြောပြသည်။
-ဒီတော့ တပည့်လုပ်သူက ကမ္ဘာအေး နာဂလိုဏ်ဂူဝင်းအတွင်း အလေ့ကျ အများအပြား
ပေါက်နေသော ခွေးလျားစေ့များကို ရွှေစေ့အလား နေ့စဉ်လှော်ပြီးစားသည်။
-လေးလခန့်စားပြီးသောအခါ မူးတတ်လာသဖြင့် သွေးတိုင်းကြည့်သောအခါ သွေး
အတော်တိုးသည်။
-ထို့ကြောင့် ၄င်းမြန်မာသမားတော်ထံ ထပ်ပြီးသွားသည်။
-ဆရာ က ဘာမှမခက်ကြောင်း သံပုရိုသီး စားလျင်ပြန်ကျကြောင်းပြောသည်ဟုဆိုသည်။
-ထိုအခါ ကျွန်တော်နေခဲ့သော အိမ်၏ဘေးတွင်ရှိသော သံပုယိုပင် တစ်ပင်လုံး ခူးပြီး
အချဉ်သိပ်ပြီး စားသည်ဟုသိရသည်။
-၄င်းသံပုရိုပင်ကလဲအသီးအားအင်မတန်ကောင်းသည်။တစ်ခါသီးလျင် အလုံး(၆၀)ကျော်သည်။
-စားနေရင်းပင် သွေးဆက်တိုး၍ မျက်လုံး သွေးကြောပေါက်ရာ မှ တစ်ဆင့် အစာအိမ်ခွဲရပြီး
အသက်ပါ ပါသွားခဲ့သည်။
-ခွေးလျားသီးကအစပြုသည့်ဖြစ်စဉ်တစ်ခုပါ။
-မျက်မြင် မဟုတ်သော်လည်း ယုံကြည်ရသည့် သတင်းများလဲ ကြားနေရသည်။
-ယခု လူအတော်တော်များများ စားသုံးနေကြသည်။ဈေးကွက်တစ်ခုပင်ဖြစ်နေပေပြီ။
-ဒီတော့ အဆိပ်ကော ထုတ်ကြပါသလား ဟု စိုးရိမ်ဖွယ်ရာဖြစ်လာသည်။

(အဆိပ်ထုတ်ပုံ ပထမ နည်း။)
-အစေ့များကို (၃)နာရီကြာ နွားနို့ထဲတွင် မီးညှင်းဖြင့်ဆူအောင်ပြုတ်ရပါသည်။
-အဖုံးဖွင့်ထားရပါမည်။
-ပြီးက နွားနို့များကို သွန်ပါ။မသောက်ရပါ။(အဆိပ်ဓါတ်ပါဝင်နေပါသည်။)
-အစေ့များကို အအေးခံ ပြီးပါက ရေနွေးနွေးဖြင့်ဆေးပါ။
-နေသွေ့သွေ့ဖြင့် အခြောက်ခံပါ။
-ခြောက်က အခွံ နွှာပါ။
-သန့်စင်ပြီးသော ခွေးလျားသီးအစေ့ရရှိပြီဖြစ်ပါသည်။
-ပဒိုင်း ကို လည်း ထိုသို့ဆေးဖက်ဝင်အောင်သန့်စင်ရပါသည်။

(အဆိပ်ထုတ်ပုံ ဒုတိယ နည်း။)
-၄င်းအစေ့(၂၄)ကျပ်သားကို နွားနို့ (၂ပိဿာ၂၀ကျပ်သား)ဖြင့်ရေခန်းသည်အထိပြုတ်ပါ။
-ပြီးကအခွံ နွှာပါ။သန့်စင်ပြီးဖြစ်ပါသည်။
-သိမ်ဖြူဆရာတော်ကြီး၏ ခွေးလျားစေ့နှင့် နွားနို့ အချိုးအစား ပါသောနည်းစံနစ်ဖြစ်ပါသည်။
သန့်စင်ပြီး ခွေးလျားစေ့ များကိုဆေးဖော် လိုရာသုံးပြီး ကျန်းမာ ချမ်းသာကြပါစေ။