တောင်လုံးပျံပင်




တောင်လုံးပျံ ပင်

တောင်လုံးပျံပင်သည် ဒေသအလိုက်အမည်
အမျိုးမျိုးခေါ်ဆိုကြသည်။ဆရာမကွေးဝင်းမြင့်
၏ ဆေးဆောင်းပါးတခုမှာဖတ်ဘူးတာက
ရာမ မင်းသား မျှားမှန်ပြီးမျှားဆိပ်တက်နေ
တာကုသရန် ဟာနုမာန် မျောက်မင်းဆေးပင်
သွားရှာတဲအခါမှာ ဆေးပင်ဟာမျောက်မင်း
တောင်ထိပ်ရောက်ရင် ဆေးပင်ကတောင်
အောက်ရောက်နေတယ် တခါမျောက်မင်းက
တောင်အောက်ဆင်းပြန်တော့ ဆေးပင်က
တောင်ထိပ်မှာရောက်နေပြန်သတဲ့ ဒီတော့
ကာစိတ်မရှည်နိုင်တဲ့ဟာနုမာန်မျောက်မင်းဟာ တောင်ကြီးတတောင်လုံးဆွဲဖဲ့ပြီး ကောင်း
ကင်ခရီးကနေပျံသန်းယူဆောင်လာ၍ရာမ
မင်းမှာထိမှန်ထားတဲ့ မျှားဒါန်ရာနှင့်အဆိပ်
ကိုကုသပေးလို့ပျောက်ကင်းသွားလေသတဲ့။



ဟာနုမာန် ကောင်းကင်ခရီမှ တတောင်
လုံးဖဲ့ယူ၍ပျံသန်းသယ်ဆောင်ခဲ့သောထို
ဆေးပင်ကို တောင်လုံးပျံ ဆေးပင်ဟုအမည်
ခေါ်ဆိုသည်ဟု ဆရာကြီး မကွေး ဝင်းမြင့် ၏
ဆေးဆောင်းပါးတစ်ပုဒ်မှာတွေ့ရှိမှတ်သားဘူးပါသည်။



ဆေးအသုံးများကတော့ အနာပေါက်မှန်သမျှသက်သာပျောက်ကင်း
သည်ကို လက်တွေသိရှိခဲရပါသည်။သက်တန့်နာ အနာ့ပဆုပ်အနာများကိုအရွက်ကြိတ်၍အုံပေးခြင်းဖြင့် အနာနုလျှင်ပိန်
ပြီး အနာရင့်လျှင်ပြည်ပေါက်၍အနာမှအမြစ်
များပါကျွတ်ထွက်ပျောက်ကင်းပါသည်။

အရေပြားပေါ်မှာပေါက်သော အနာစိမ်း
အနာစက် ယားနာများ ကလေးငယ်များ ဦး
ခေါင်းမှာပေါက်သောအနာ အဖုများကိုလည်း
အရွက်ကြိတ်ချေအုံပေးခြင်း အမြစ်သွေး၍
လိမ်းပေးခြင်းဖြင့်ပျောက်ကင်းပါသည်။

ကင်း ပျား ပင့်ကူ စသောအဆိပ်ရှိအ
ကောင်ငယ်များကိုက်လျှင်လည်း အရွက်နှင့်
ပွတ်ခြေပေးပါကသက်သာပျောက်ကင်းပါ
သည် ။ထိခိုက် ရှနာများလည်းပျောက်ကင်းပါ
သည်။

ဒါကတော့ကျနော်လက်တွေ့အသုံးပြုဘူး
တဲ့ဆေးအသုံးတွေပါ တောင်လုံးပျံပင်၏
ဆေးအသုံးချမှုဟာ အလွန် ကျယ်ဝန်းတယ်
လို့ မိတ်ဆွေ ဆရာတဦးကပြောဘူးပါသည်။

တောင်လုံးပျံ ပင်၏အနံ့ဟာစိမ်းဝါးစူး
ရှ၍အနံ့အလွန်ပြင်းပါသည်။

အခြားဆေးအသုံးချမှုနှင့် ပျောက်ကင်း
နိုင်သောရောဂါများကို လက်တွေ့ကုသ သိရှိ
သော ဆရာများမှ စေတနာထားမျှဝေပေးကြ
ပါရန် ပန်ကြားတောင်းပန်အပ်ပါသည်ခင်ဗျာ။