ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ်အတွက် ဆေးစွမ်းတစ်လက်




ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ်

လက်တွေ့ပျောက်ကင်းလို့စေတနာရှေ့ထား ဆေးနည်းလေးပေးလိုက်ပါတယ်။
ကျွန်တော့်အမေလက်တွေ့ ပါ။ချောင်းကတဟွတ်ဟွတ်သွေးစတွေကပါသေးတယ်မောလိုက် တာကလည်းဖိုထိုးနေတဲ့အတိုင်းပဲအသား ရည်ကလည်းညိုညစ်ညစ်မခံစားနိုင်ဘူးပေါ့။

ကံကောင်းချင်တော့ မိတ်ဆွေတယောက်ရဲ့ဆေးမီးတိုနဲ့ရောဂါအမြစ်ပြတ်ပျောက်ကင်းခဲ့ပါတယ်။

ဆေးနည်း
*******
အိမ်မွေးကြက်ဥတလုံးထက်ခြမ်းခွဲ ပန်းကန်တလုံးထဲထည့်၊
ကြက်ဥအခွံတခြမ်းဖြင့်နှမ်းဆီစစ်စစ် ချိန်တွယ်ထည့်ပါ။
ကြက်သွန်ဖြူ တလုံးအခွံနွာပါးပါးလှီးဖြူးထည့်၊
ကြက်ဥ + နှမ်းဆီ +ကြက်သွန်ဖြူ အားသမအောင် မွှေပြီး ကြွေပန်းကန်လုံးထဲထည့်ပါ။
ထိုပန်ကန်လုံးအား ဒန်အိုးထဲထည့်ပါ။
ထို့ နောက် ဒန်အိုးထဲ သို့  ကြွေပန်းကန်လုံး မမြုပ်စေရန် ရေအနည်းငယ်ထည့်။ ဒန်အိုးဖုံးအုပ်။
အောက်မီးနှင့် ကြက်ဥကိုပေါင်းပါ။
ခဏနေ ကျက်ပြီ တနေ့သုံးကြိမ်စား။
တစ်ခါစား တစ်ကြိမ် ထပ်လုပ်ရပါမည်။

အမြစ်ပြတ်ပျောက်ကင်းကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

✏ Creditပေးပါတယ်မူရင်တင်သူမေတ္တာဖြင့်မျှဝေသည်။