သားလှကျေးဇူး ပင်




သားလှကျေးဇူး ပင်

ပူ-သက်-ပွင့်
ရသာ။ ။ပူ-ခါး-စပ်
ဂုဏ်။ ။အာသု-ဥဏှ-တိက္ခ(လျှင်-ပူ-ထက်)
ကိစ္စ။ ။အဆိပ်နိုင်-အာကာသရ-ချွဲကြပ်ပြောက်

သားလှကျေးဇူးပင်။ ။အပင်ငယ်မျိုးဖြစ်
သည်။အရွက်မှာအဖျားချွန်၍အရင်းဝိုင်းသည်
အရွက်ပတ်လည်တွင်ခွေးသွားစိတ်များကဲ့သို့
အထစ်ခတ်ကြဲကြဲရှိ၍အမွှေးကလေးများရှိ
သည်။အပင်ထိပ်တွင်အဆုတ်လိုက်ဖူး၍ပွင့်
ကြသည်။အပွင့်မှာအပြာရောင်ဖြစ်သည်။

ဆေးသုံးရာ၌အပွင့်အာကာသဆေးများ
တွင်ပါဝင်သည်။ကိုယ်ဖေါကိုယ်ရောင်ရောဂါ
ကိုသားလှကျေးဇူးရွက်သတ္တုရေနှင့်လိမ်းပေးလျှင် အဖေါအရောင်များကျသည် ။

ကလေးဆေးများတွင်လည်းပါသည်
ချွဲကြပ် ရင်ကြပ်ဆေးအဖြစ်ဖေါ်စပ်အသုံးပြု
ကြသည်။

**၄င်းဆေးပင်များသည် ပုဂံတဖက်ကမ်း
တန့်ကြည့်တောင် တဝိုက်တွင်ပေါက်ရောက်
သည်ကိုတွေ့ရှိရပါသည်။