သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်၊ သွားဖုံးသွေးယို… တိုင်းရင်းဆေးနည်းမျာ




သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်၊ သွားဖုံးသွေးယို…
တိုင်းရင်းဆေးနည်းများ

ဝေဒနာ ဖြစ်နေကြပြီး ဆေးရုံ၊ ဆေးခန်း၊ သွား ဆရာဝန်များဆီသို့ အလွယ်တကူ မသွားနိုင်သော သူများအတွက် …
ဆေးနည်းများကို စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ရောဂါ ဝေဒနာ တစ်ခုအတွက် အရွက် တစ်မျိုးတည်း၊ ဆေးမြစ် တစ်မျိုးတည်းနဲ့ ကုသလို့ ရတဲ့ မြစ်ချင်းပြီး... ဆေးနည်း တို တွေပြည့်လိုပါ။ ဝေဒနာဖြင့်တည့် မတည့်....ပျောက်မပျောက် ဆိုတာကို တော့ ကိုယ်တိုင်သုံးကြည့် မှ သိမှာပါ။


သွားနာခြင်းကိုပြေပျောက်စေမယ့် နည်းလမ်းအသွယ်သွယ်

အနာမျိုး (၉၆) ပါးထဲမှာ ခံစားရခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ သွားပိုးစား၍ သွားကိုက်တာမျိုး မဟုတ်ဘဲ၊ အပူကန်ခြင်း၊ ၀မ်းချုပ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံးပြည်ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ့ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး(သို့မဟုတ်)အစာမာမာ ဖိကိုက်မိခြင်း စတဲ့ ခံတွင်းရောဂါအမျိုးမျိုးတို့ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၁) ရေနွေးနွေးလေးထဲမှာ ဆားနဲနဲခပ်၊ tea tree oil(ခေါ်)လ္ဘက်စိမ်းရွက်အဆ်ီထဲ့ပြီး၊ အာလုပ်နာနာကျင်းပေးပါ။ (tea tree oil ကို city mart ဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်) လ္ဘက်ခြောက်ရေနွေးကြမ်းငုံပေးခြင်းကလည်း သွားနာ၍ထုံ ကျင်ခြင်းကို သက်သာလာစေပါတယ်။

(၂) ကြက်သွန်ဖြူ နဲ့ လေးညှင်းပွင့်များကည်း သွားနာခြင်းကို သက်သာစေပါတယ်။ ကြက်သွန်ဖြူကိုညက်ညက်ထောင်း၍ နာနေတဲ့သွားပေါ်အုံပေးပါ (သို့မဟုတ်) လေးညှင်းပွင့်ငုံထားပါ။

(၃) နာနေတဲ့သွားရဲ့ပါးပြင်ကို အပေါ်ကနေရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက သွားနာခြင်းကိုသက်သာစေတဲ့အပြင် ရောင်ကိုင်းမှု ကိုပါ ပြေလျော့စေပါတယ်။

(၄) သစ်ကြပိုးခေါက် နဲ့ မုန့်ဖုတ်ဆော်ဒါ တွေကလည်း သွားနာခြင်းအတွက် ဆေးကောင်းလေးတွေပါဘဲ။

(၅) ၁၉၉၃-၁၉၉၄ ခုနှစ်ကာလများမှာ တိုင်းရင်းဆေးသုတေသီနဌာနခွဲနဲ့ သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်တို့ ပူးပေါင်း၍ သုတေသနတွေ့ရှိချက်အရ ဒန္တသုခပြုတ်ရည် ၁ ရာခိုင်နှုန်း ငုံဆေးရည်ရဲ့အကျိုးအာနိသင်ဟာ ၀.၀၂ ရာခိုင်နှုန်း Chlorhexidine gluconate ငုံဆေးရည်နဲ့အကျိုးအာနိသင်တူညီကြောင်း တွေ့ရှိပြီးဖြစ်ပါတယ်။ ၄င်းပြုတ်ရည်ကို ငုံထွေးခြင်းဖြင့် သွားကျောက် တည်ခြင်း၊ သွားဖုံးရောင်ခြင်းကိုပါ သက်သာပျောက်ကင်းနိုင်ပါတယ်တဲ့။ ဒါ့ပြင် သွားနာခြင်းစတဲ့သွားရောဂါ အမျိုးမျိုးတို့အတွက် ဒန္တသုခအရွက်သတ္တုရည်ညှစ်၍ လိမ်းပေးပါ (သို့မဟုတ်) အရွက်/အကိုင်း/အခြောက်ခံကာ ရေနွေးကြမ်းကဲ့သို့သောက်ပေးပါ။

(၆) သွားဖုံရောင်၍ သွားနာခြင်းအတွက် နနွင်းမှုန့်နှင့် ရေနွေးဖျော်၍ငုံပေးခြင်း၊ နနွင်းမှုန့်ထဲဆားထည့်၍သောက်ပေးခြင်း၊ သွားအောက်ခြေတွင် နနွင်းမှုန့်သိပ်ပေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။

(၇) သွားနဲ့သွားဖုံးရောဂါအမျိုးမျို့းတို့အတွက် ဖန်ခါးသီး ကိုထောင်း၍ ရေအေးစိမ်ပြီး၊ ငုံထွေးဆေးရည်အဖြစ်သုံးနိုင်ပါတယ်။ (ရေခဲရေမဟုတ်ပါ)

(၈) တမာရွက်ခြောက်မှုန့်ကို သိန္ဒောဆား ဆတူကြိတ်ပြီး နံက်တိုင်းသွားတိုက်ပေးခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးရောင်၊ ခံတွင်းပုပ်ရေဂါ စတဲ့ခံတွံင်းရောဂါများအပြင် နှုတ်မမြိန်သောရောဂါတို့ကိုပါ ပျောက်ကင်းစေပါတယ်။

(၉) သွားနာ၊ သွားဖုံးရောင်၊ သွားဖုံးပြည်ယို ရောဂါများကို မာလကာခေါက်ပြုတ်ရည် ငုံပေးခြင်း (သို့မဟုတ်) မာလကာသီးအစေ့ မှုန့်ကို သွားအောက်ခြေ(သွားခြေ) တွင်သိပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၁၀) သွားဖုံးသွေးထွက်တတ်သူများ သံပုရာရည်ကို နေ့စဉ် မှန်မှန်သောက်ပေးပါ။

(၁၁) သင်္ဘောဆီး(အစေး)များက သွားနာ၊ သွားကိုက်ရောဂါအတွက် ဆေးဘက်ဝင်လှပါတယ်။

(၁၂) ကြိတ်မှန်ရွက်ကို အမှုန့်ထောင်း၍ရလာသော အမှုန့်လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာကို နွားနို့ ၁-ဖန်ခွက်ဖြင့် ညအိပ်ယာဝင်ခါနီး တိုင်း ၁-လကြာအောင် သောက်ပေးခြင်းဖြင့် ယိုင်နဲ့နေသောသွားများကို ခိုင်မာလာစေပါတယ်။

(၁၃) နတ်ဆေးဂမုန်းကို လှီး၍အခြောက်ပါ။ သွာကိုက်၊ သွားနာ၊ သွားနဲ့၊ သွားဖုံးရောင်ခြင်းတို့အတွက် အိပ်ယာဝင်ခါနီးတိုင်း ထို နတ်ဆေးဂမုန်းအခြောက်ကို ကွမ်းဝါးသကဲ့သို့ငုံထားပါ။ ၄င်း နတ်ဆေးဂမုန်းအပင်မြစ်ကိုလည်း ကျကျပြုတ်၍ ငုံပေးပါ။ နံက်အိပ် ယာထတဲ့အခါ နာကျင်ခြင်းဝေဒနာများ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၁၄) သွားဖုံးရောင်ခြင်းနဲ့ သွားရောဂါ အမျိုးမျိုးတို့အတွက် ပူစီနံရွက် သတ္တုရည်ကို ပါးစပ်ထဲထဲ့ပေးပါ။

(၁၅) ပျဉ်းတော်သိမ် အရွက်၊ အခေါက်တို့ကို ဆားအနည်းငယ်ထည့်၍ ပြုတ်သောက်ပေးခြင်းဖြင့် သွားနာခြင်းကို သက်သာ ပျောက်ကင်း စေပါတယ်။

(၁၆) လယ်ပတူမျိုးနွယ်ဝင် မုရားကြီးရွက် ကို အရိပ်(နေရိပ်)မှာအခြောက်ခံစေ၍ ပြာချပါ။ ထိုပြာကိုညက်အောင်ပြု၍ နာနေတဲ့ သွားအောက်ခြေမှာ သိပ်ပေးပါ။

(၁၇) သလဲသီးခွံကို ဆားနဲ့ပြုတ်၍ငုံပေးခြင်းဖြင့် သွားဖုံးပြည်ယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်း နဲ့သွားနာခြင်းတို့ကို ပျောက်ကင်း စေနိုင်ပါတယ်။

(၁၈) သွားဖုံး နှင့်ပတ်သက်သော ရောဂါအမျိုးမျိုးတို့အတွက် မဲဇလီအပွင့် နဲ့ အရွက်တို့ကို နွမ်းဖတ်သွားတဲ့အထိ ခပ်ကျကျ ပြုတ်၍ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၁၉) သွားနာ၊ သွားကိုက်ခြင်းအတွက် ကုက္ကိုစေ့ ၁၀-စေ့ ကို ငရုပ်ကောင်း ၅-စေ့ ဖြင့်ညက်နေအောင်ကြိတ်ချေပြီး သွား အောက်ခြေမှာသိပ်ပေးပါ။ ကုက္ကိုပင် အမြစ်၊ အခေါက်တို့ကို အရိပ်(နေရိပ်)မှာအခြောက်လှမ်း၊ အမှုန့်ကြိတ်၍ ယိုင်နဲ့နေတဲ့သွား အောက်ခြေမှာ တနေ့၂-ကြိမ် သိပ်နယ်ပေးပြီး ငုံထားပါ။ သွားဖုံးရောင်ခြင်းအတွက် ကုက္ကိုခေါက်ပြုတ်ရည်ကို ငုံထားပေးပါ။

(၂၀) မြတ်လေးပန်းပင်၏ အရွက်ကိုပြုတ်ရည်ကို ငုံဆေးအဖြစ် ငုံထားပေးခြင်းဖြင့် သွားနာပျောက်ကင်းစေပါတယ်။

(၂၁) ရဲယိုသီး မမှည့်တမှည့်ကို မီးဖုတ်၍ ဆားသင့်ရုံထဲ့ကြိတ်ပြီး သွားတိုက်ပေးခြင်းဖြင့် သွား နှင့်သွားဖုံးတို့ကိုခိုင်မာစေပါတယ်။ သွားဖုံးရောင်ခြင်းအတွက်လည်း ရဲယိုသီး မမှည့်တမှည့် ၁-လုံးကို မီးဖုတ်ပြီး ဆားရောနယ်စားပေးပါက သက်သာပျောက်ကင်း စေပါတယ်။

(၂၂) ခရေပင်ရဲ့ အသီး (ခရေသီး) ကိုြ့ပုတ်၍ ငုံပေးခြင်းဖြင့် သွာကိုက်၊ သွားနာ သွားဖုံးနာ ရောဂါတို့ကို ပျောက်ကင်းစေပါ တယ်။ ခရေခေါက်၊ ဆီးဖြူခေါက်နဲ့ ရှားပင်အခေါက်တို့ကို (၃)မျိုးရောပြုတ်၍ နေ့ဘက် ၄-ကြိမ် (သို့မဟုတ်) ၅-ကြိမ်လောက် ငုံထွေးပစ်ဖြင်းဖြင့် မှက္ခရုပေါက်ခြင်း၊ သွားဖုံးရောင်ခြင်း နဲ့ ခံတွင်းနာ အားလုံး သက်သာပျောက်ကင်းပြီး သွာများခိုင်မာလာ စေပါတယ်။

သွားကိုက် သွားနာခြင်းများအတွက်
~~~~~~~~~~~~~~~~~

၁။ တမာရွက်ကို ကျွမ်းအောင်လှော်ပြီးအမှုန့်ကြိတ်၍ ဆားအနည်းငယ်နှင့်အတူနေ့စဉ်မှန်မှန် သွားတိုက်ပေးသော်လည်းသွားကိုက် သွားနာ သွားရောဂါတွေပျောက်ကင်းစေပြီး သွားများကိုဖြူစင်လှပ ခိုင်ခံစေပါတယ်။

၂။ သွားအတွက် အကောင်းဆုံးဆေးပင်မှာဒန္တသုခပင်ဖြစ်ပါတယ်။ဒန္တသုခပင်ရဲ့ပဉ္စငါးပါးပြုတ်ရည်ကို နေ့စဉ်မှန်မှန်ငုံပေးခြင်း၊ ၄င်းငါးပါးကို ပြာချ၍သွားကြားတွင် သိပ်ပေးခြင်း၊အမြစ်အစိမ်းကိုကြိတ်၍ သွားဖုန်းသွားကြားတို့တွင် သိပ်ပေးလျှင် သွားများကိုခိုင်မာစေ၍ သွားနာခြင်း၊ သွားကိုက်ခြင်းတို့မှ ကင်းဝေးစေပါသည်။

၃။ နန်းလုံးကြိုင်ပင်၏ အခေါက်ကိုရေ ၃ ခွက် ၁ ခွက်တင်ကျို၍ ၄င်း
အရည်ဖြင့် ငုံပေးခြင်းပြုလုပ်ပေးပါကသွားကိုက် သွားနာ သွားဖုံးရောင်ခြင်းများ သက်သာပျောက်ကင်းစေပါသည်။

၎။ ကစော့ခါးသီးပင်အမြစ်ကို သွေး၍သိပ်ပေးခြင်းဖြင့်လည်း သွားရောဂါကိုသက်သာပျောက်ကင်းစေပါသည်။

၅။ တမာပင်အရိုးတံကို သွားကြားထိုးတံအဖြစ် မကြာခဏ အသုံးပြုပါ၍သွားတိုက်ပေးခြင်းဖြင့် သွားရောဂါကိုကင်းဝေးစေပါသည်။

၆။ နနွင်းမှုန့်ကို ရေနွေးဖြင့်ဖျော်၍ငုံပေးခြင်း၊ ဆားဖြင့်ရော၍ သွားရင်းတွင် သိပ်ပေးခြင်းဖြင့် သွားရောဂါကိုသက်သာပျောက်ကင်းစေနိုင်ပါသည်။

၇။ ပင်စိမ်းသတ္တုရည်၊ ငရုပ်ကောင်း၊ပရုပ်တို့ရောကြိတ်ပြီး အလုံးလေးလုံး၍ သွားအခေါင်းထဲသို့ ထည့်ပေးပါကသွားနာ သွားကိုက် ပျောက်ကင်းစေပါသည်။

၈။ ပင်စိမ်းနှင့် ထန်းလျှက်ကိုဆတူရောကြိတ်၍ ပျားရည်နှင့်လုံး
ကာ ည မနက် တစ်လုံးစီ စားပေးခြင်းဖြင့် သွားရောဂါကို ပျောက်ကင်းစေပါသည်။

၉။ ဝါစေ့ကိုပြုတ်၍ ငုံပေးပါကလည်းသွားရောဂါကို ပျောက်ကင်းစေပါသည်။

၁၀။ ဂျင်း(ချင်း)်းစိမ်းကို ထုထောင်း၍ကိုက်ခဲနေသော သွားပေါ်တွင်အုပ်ထားခြင်း၊ ငုံထားခြင်းဖြင့်လည်းသွားကိုက်ဝေဒနာ ပျောက်ကင်းစေပါသည်။

"သွားခိုင်ဆေး သွားနာပျောက်ဆေး"
=======================
ကျိုက္ခမီ အရှင်ဣန္ဒာစကရေးသားပြုစုတော်မူသော အထွေထွေဆေးနည်းအကျော်များစာအုပ်မှ သွားနာ၊သွားကိုက်၊သွားအခေါင်း ပေါက်၊သွားယိုင်နဲ့ခြင်းတို့အား ဖါရန်မလိုတော့ဘဲ ပျောက် ကင်းသက်သာစေသောနည်းလေးအား တင်ပြလိုက်ပါသည်။

သွားခိုင်ဆေး(မူရင်းအတိုင်း)
==================
တမာမြစ် (၂၅)ကျပ်သား
ငရုတ်ကောင်း(၁)ကျပ်သား
ဆား(၁)ကျပ်သား
ယင်းတို့အား ရေသုံးခွက်ထည့်၍ တစ်ခွက် တင်အောင်ကျို နွေးနွေးသုံးရက်လောက် ဆက်ငုံ ပေးပါ။သွားအတွက်တစ်သက်လုံးပင်ကောင်းလှ၏။

သွားနာပျောက်ဆေး(မူရင်းအတိုင်း)
=========================
(၁) စပါးကြီးသည်းခြေဖြစ်စေ၊မြွေဟောက်သည်း ခြေဖြစ်စေ၊မြွေပွေးသည်းခြေဖြစ်စေ ရရာနှင့်သွေးပြီး တို့ခြင်းသည် သွားနာအမြန်ပျောက်၏

(၂) ထိခိုက်ခံရသော ဒဏ်ကြောင့် နာသောသွားဖြစ်ပါမူ တမာခေါက်ကို ရေနှင့်ပြုတ်၍ငုံထွေးပါ။

(၃) ဒဏ်ရာကြောင့်မဟုတ်ပါမူ မာလကာခေါက်ကို ပြုတ်၍ငုံထွေးပါပျောက်၏။
(တစ်နည်း) တမာခေါက်နှင့် မာလကာခေါက်ကို ပြုတ်ပြီးဆားသေးသေးထည့်၍ ပူပူလေးငုံထွေးသောနည်းဖြစ်ပါသည်။

(တစ်နည်း)သင်္ဘောရွက်ခြောက်ကို အမှုန့်ပြုပြီး သွားတိုက်ဆေးမှုန့်ကဲ့သို့ အသုံး ချခြင်းဖြစ်ပါသည်။
နံက်အိပ်ရာထတစ်ကြိမ်နှင့်ညအိပ်ရာဝင်လျှင်တစ်ကြိမ် သွားတိုက်ဆေးမှုန့်အဖြစ်သင်္ဘောရွက်ခြောက်မှုန့်ကို တိုက်ပေးခြင်းဖြင့် သွားနာ၊သွားနဲ့၊သွားလှုပ်၊သွားကိုက်၊ရေစီးကမ်းပြို ရောဂါတို့ကို ကုသပါကပျောက်ကင်းနိုင်ပါကြောင်း တင်ပြလိုက်ပါသည်။

သွားကိုက် သွားနာပျောက်ကင်းလိုလျှင်.....

သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်…

ဖန်းခါးသီးအစို{သို့မဟုတ် }ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို ထုထောင်းပါ....။လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။
ဖန်းခါးသီး လေးညှင်းပွင့် ထုထောင်းပြီးသားအဖတ်များကိုဖန်ခွက်ကြီးတွင်ထည့်၍ ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။
ဖန်ခွက်ကြီးတစ်ဝက်ရေနွေးခန့်လောင်းထည့်ပါ။ဖန်ခွက်အဖုံးပိတ်ထားပါ။
အနည်းငယ်အအေးခံကာပလုတ်ကျင်း၍ရလောက်သောအချိန်တွင် ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသောရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။
မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်သွားကိုက် သွားနာ ရေစီးကမ်းပြို သွားပိုးစားခြင်းဝေဒနာများသက်သာပျောက်ကင်းစေတယ်လို့ ဆိုပါတယ်.. .....။

သွားပိုးပေါက်အတွင်းသို့ဖန်းခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါကသွားပိုးစားသွားကိုက် ဝေဒနာ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။
ဖန်းခါးသီး လေးညှင်းပွင့် ဆားကျောက်ချဉ်မှုန့်ကလေးမျာကို ထုထောင်းရောနှော၍ရေနွေကျက်ကျက်ဆူထည့်ထားသော အအေးခံအရည်ကိုငုံပေးပါက သွားနှင့်ပတ်သက်သောဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်းသွားစေတယ်လို့ဆိုပါတယ်........။

လျှာကင်ဆာ ၊ပါးစပ်အတွင်းအပူနာ ၊လည်းပင်းကင်ဆာ ၊သွားပိုးစား ၊သွားကိုက် သွားနာ ၊မဲ့ခရု ၊ပါးစပ်အတွင်း ရေယုံ စိတ်မပူနဲ့ ချက်ချင်းလုပ် ချက်ချင်းပျောက်

၁။ ဆေးအိုးပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။

၂။ ဆေးအိုးရွက်အား အနည်းငယ်ခူးပြီး ၃ ခွက် ၁ ခွက် ကျိုပြီးလျှင် ထိုအရည်အား ငုံခြင်း ပါးလုပ်ကျင်းခြင်းကို အချိန်ရသလို ပြုလုပ်ပေးပါ။

၃ရက်အတွင်း ထူးခြားစွာ သက်သာပြောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည်ဖြစ်ပါသည်။

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်၏အသီးအစွမ်းနှင့်သွားကိုက်ဝေဒနာ

သွား ကိုက်ရောဂါများမည်သည့်နည်းနဲ့ ကိုက်ကိုက်။ဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်း ပျောက်ကင်းသွားစေမယ့် ဆေးနည်း
ကပ်စေးနှဲသီးများကို မီးဖြင့်ကျွမ်းအောင်လှော်ပါ။
အမှုန့်ထောင်းပြီး ဖန်ပုလင်းထဲထည့်ပြီး လေလုံအောင်ထားပါ။

ကိုက်ပါတယ်ဆိုတဲ့ သွားကို ဆေးမှုန့်သိပ်ပေးခြင်းဖြစ်ပါတယ်။
သွားဘယ်လောက်ပဲ ကိုက်ကိုက် (၅) မိနစ်အတွင်ပျောက်ကင်းသွားမည်ဟု ဆရာကြီးရန်ရှင်းကိုယ်တိုင် မှာလိုက်ကြောင်းဖေါ်ပြထားပါတယ်။

နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ်ဟောင်းမှ ဖြစ်ပါတယ်။
သွားကိုက်ပျောက်ဆေး ချီးမြှင့်ပေးသူက ဆရာကြီးရန်ရှင်း လို့ ဖော်ပြ ပေးထားပါတယ်။
ဆရာကြီးမှာ အောင်လံမြို့နဲ (၄) မိုင်ဝေး တဲ့ သံရွာကလို့ ဆိုပါတယ်။
ရောဂါ ဝေဒနာ တစ်ခုအတွက် အရွက် တစ်မျိုးတည်း၊
ဆေးမြစ် တစ်မျိုးတည်းနဲ့ ကုသလို့ ရတဲ့ မြစ်ချင်းပြီး... ဆေးနည်း တို တွေပြည့်လိုပါ။
တည့် မတည့်....ပျောက်မပျောက် ဆိုတာကို တော့ ကိုယ်တိုင်သုံးကြည့် မှ သိမှာပါလို့ ဖော်ပြ ထားပါတယ်။
အစ်မ ဖြစ်သူမှာ မကြာခဏ သွားကိုက်ပါတယ်။

နေ့စဉ် နေ့တိုင်းလည်း နံနက် ညသွားတိုက်ခြင်း၊ ဆားရည်ငုံ ထွေးခြင်းလည်း လုပ်ပါတယ်။
ဒါပေမယ့် ... !သွားကိုက်ခြင်းက
တစ်လ (၁) ခါ၊ နှစ်လ (၁) ခါ ဖြစ်ရကာ သွားဆေးခန်းကို သွားရ ကြိမ်လည်း မနည်းတော့ပါ။ ခဏတာ သက်သာသော်လည်း အရှင်း ပျောက်ကင်းခြင်း မရှိဘဲ ဖြစ်နေပါတော့တယ်။ ဆေးနည်းလည်း စုံနေပါပြီ။အသက်ကြီး သူများပင် မျက်ရည်ကျအောင် ကိုက်ခဲနာ ကျင်ခြင်း ခံရ ပါတယ်။

လက်တွေ့ ...အသုံးပြုလိုစိတ်ဖြင့် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းပါ ဆေးနည်းအတိုင်း လမ်းဘေးဝဲယာ ပေါပေါသီသီ ပေါက်နေသည့်
#နွားမြီးကပ်(ခေါ်) #ကပ်စေးနှဲပင်မှ
အသီးများကို မီးကျွမ်းအောင် လှော်ပြီး ၊အမှုန့်ကို သိပ်ပေးကြည့်ရာ အမှန်ပင် သွားကိုက်ခြင်း ပျောက်ကင်းခြင်း အပြင်၊ ယနေ့တိုင်သွား မကိုက်တော့ပါ။

နွားမြီးကပ်(ခေါ်) ကပ်စေးနှဲပင်မှာ မြန်မာပြည်အနှံ့အတော် များများ ပေါက်နေတတ်ပါတယ်။
သွားကိုက် ဝေဒနာရှင်များသည် အလွန်ပေါသော ကပ်စေးနှဲ (နွားမြီးကပ်) သီးကို ခူးပြီး လှော်ရုံ၊ အမှုန့်ပြုရုံ ငွေကြေးမကုန်ဘဲ ဆေးတစ်ဖုံ ဖေါ်စပ်ထားလိုက်ပါ။
ကျေးလက်နေ သူတို့အဖို့ နွားမြီးကပ် ( ကပ်စေးနဲစေ့) ကို သိကြပြီး ဖြစ်ပါတယ်။

အာရောဂျံ ၊ ပရမံ ၊ လာဘံ
ps : တကယ်တော့ ဒီဆေးနည်းတွေ ရှာဖွေနေတဲ့အချိန်မှာ ကျွန်တော်သွားပေါက်က အရမ်းနာပြီးကိုက်နေလို့ အိပ်မရခဲ့ပါဘူး။ အကိုက်ခဲပျောက်ဆေးလည်းမရှိ။ ဒီပြင် ဘာဆေးမလည်း အလွယ်တကူမရှိ။ ရေနွေးလည်း အလွယ်တကူမရှိတာမို့ ကိုက်တဲ့နေရာ အိမ်သုံးဆားအလုံးလိုက်သိပ်ပြီး ဒီအတိုင်းမထွေးဘဲ ပေပြီးငုံထားလိုက်တာပါ။ အခုမိုးလင်းတော့ ဆားသိပ်ပြီးငုံထားတာနဲ့တင် သက်သာသွားပါတယ်။

ရောဂါတူကြ၍ ဆေးနည်းတူသော်လည်းပျောက်ကင်းပုံခြင်း မတူကြပါ။ တစ်ခုသို့မဟုတ်တစ်ခုတော့ အကျိုးပြု မည်ထင်ပါ၏။

မူရင်းရေးသားသူအားလုံးကိုလေးစားစွာဖြင့် crd ပေးပါတယ်ခင်မျ