တိုင်းရင်းဆေး လောက မှာ သူမပါရင် မပီးတဲ့ နွယ်ချိုအကြောင်း

နွယ်ချို (Licorice)
-----------------
တိုင်းရင်းဆေး လောက မှာ သူမပါရင် မပီး ခဲ့တဲ့ နွယ်ချို။
အရင်တုန်းက တိုင်းရင်းဆေးတွေ ကဆေးပြားတွေ ၊ capsule တောင့်တွေ မလုပ်နိုင်သေးတော့ ဆေးအမယ်တွေ အရသာ ကောင်းအောင် ထည့်ကြတယ် ထင်ပါရဲ့ ဆေးတွေ တိုင်းမှာ နွယ်ချိုပါခဲ့ကြတယ်။
စီးကရက် ကုမ္ပဏီ တွေ ကတော့ အရသာ နဲ့ အနံ့ ကောင်းအောင် ခုချိန်ထိ စီးကရက်ထဲမှာ ထည့်ကြတုန်း ။ အချို့ မုန့်တွေ မှာ လည်း နွယ်ချိုတွေ ပါတော့ နွယ်ချို ရဲ့ ကောင်းကျိုး ဆိုးကျိုးလေးတွေ ပြော ပြချင် ပါတယ်။

နွယ်ချို ကောင်းကျိုး
------------------
ပိုးကိုသေစေ ၏။ အရောင်ကျစေ၏။ အသည်းကို အားကောင်းစေ၏။ သွေးဖိအား (သွေးပေါင်ချိန်) ကျခြင်းကို သက်သာပျောက်ကင်းစေ၏။ အာရုံကြော များ အားကောင်း စေ၏။ ဆီးချို ကျစေ၏။ သလိပ်ပျော်စေ၏။ ကိုယ်ခံစွမ်းအား ကို တိုးမြင့်စေ၏။ ဝမ်းပျော့စေ၏။
နွယ်ချို ၏ဘေးထွက်ဆိုးကျိုး
-------------------------
Glycyrrhizin နှင့် enoxolone ပါဝင်သောကြောင့် ဖောရောင်ခြင်း (salt and water retention)၊ ပိုတက်စီယမ်ဓါတ် ကျခြင်း၊ ဝလာခြင်း ၊ သွေးတိုးခြင်း တို့ဖြစ်တတ်ပါသည်။

ဘယ်လောက်စားရင် အန္တရာယ် ကင်း
-------------------------------
တစ်ရက်ကို ၁၅ ဂရမ်ထိစားနိုင်ပါတယ်။ ဒီထက် ပိုရင်တော့ အထက်ပါ ဘေးထွက်ဆိုးကျိုးတွေ ခံစားရမှာပါ။
သတိထားစရာနွယ်ချိုအတု
မြန်မာ ပြည် မှာ လျက်ဆားစားသုံးမှု က အရမ်းများတယ်။ လျက်ဆားအားလုံးမှာလည်း နွယ်ချို ပါတယ်ဆိုတော့ နွယ်ချိုဈေးကွက်ကလည်းအပြိုင်အဆိုင်ဖြစ်လာတာပေါ့။မြန်မာ့ ထုံးစံအတိုင်း အရည်အသွေးကို မပြိုင်ပဲ ဈေး ကိုပြိုင်ကြတော့ အတုတွေ ထွက်လာတာပေါ့။ ဝါဝါ ချိုချို လေးဖြစ်အောင် သကြားဆီခေါ် ပါဝါသကြားရယ်၊ ဂျုံ ရိုးရယ်ရော ကြိတ် လိုက်တော့ နွယ်ချိုမှုန့် ဖြစ်သွားရော။ ဒါတောင် ဂျုံ ရိုး ပစ္စည်း ပြတ်တဲ့ အချိန်ဆိုရင် ကြံကြိတ်ဖတ် သို့မဟုတ် စပါးရိုးပြတ် ကို ကြိတ်တာ။
အဲ့ဒါကြောင့် အိန္ဒိယက တင်သွင်း နေရတဲ့ နွယ်ချိုဟာ မြန်မာပြည်မှာဈေးပေါနေတာပေါ့။ ဈေးချိုမှာ လျက်ဆားကို ပလပ်စတစ်အိတ်ထဲထည့် သားရေပင်လေးတွေ စည်းပြီးတစ်ထုပ်တစ်ရာ နဲ့ရောင်းနေတာ တွေ့ဖူး ကြမှာပါ။ စားကြည့်တော့ အရသာလေးတော့ အကောင်းသား-----။
ကျန်းမာသက်ရှည်ကြပါစေ။
ဒေါက်တာမိုးမိုးခိုင်
မိုးပုလဲ တိုင်းရင်းဆေး။