ကနခိုကြီး ၊ သင်္ဘောကနခို၊ ၊ကြက်ဆူကနခို

ကနခိုကြီး ၊ သင်္ဘောကနခို၊ ၊ကြက်ဆူကနခို
Jatropha gossypifolia L.,
Family Euphorbiaceae
Common names: bellyache bush, black physicnut or cotton-leaf physicnut,
အညာကလူဆိုရင် ဒီအပင်ကိုသိတယ်၊ အရမ်းကိုပေါတဲ့အပင်တပင်ပါ၊ ဘယ်နေရာသွားသွား တွေ့ရတယ်၊ အောက်ပြည်ကို PhD external အနေ နဲ့သွားရတော့ ဒီအပင်တွေ မတွေ့ရတော့ဖူး၊ ပူပြင်းသွေ့ခြောက်သော ရာသီကို အတော် နှစ်သက်တယ်၊ ရှင်းမရတဲ့ ပေါင်းပင်ထဲမှာပါတယ်၊ အသက်လည်းပြင်းလှတယ်။ သဲဆန်သောမြေ ကျောက်စရစ်ကုန်းမြေ ၊ မြေဆီသြဇာ မရှိသော တော ခြောက် တောက်ခြောက် ကျပ်တီးမြေ များမှာ ဒီအပင်တွေ တောထအောင်ပေါက်ကြတယ်၊ တခါတရံ အပင်ပေါင်း ရာချီပြီး တော အုပ်ငယ် အလားဖြစ်နေပါတယ်၊

အပင် အရွယ်က လူတရပ်သာသာ ဖြစ်သော်လည်း အချို့သော တောအုပ်တွေမှာ ၃ မီတာ နီးပါးမြင့်ပြီး small trees သဖွယ်ဖြစ်လို့နေပါတယ်။ အညာအရပ် နဲ့ ကနခိုကြီးပင်က ခွဲလို့ပင်မရပါ၊ မုံရွာ မန္တလေး စစ်ကိုင်း လမ်းမကြီးဝဲယာ ဒီအပင်များမင်းမူလေ့ရှိကြတယ်၊ သူ့ကို "ကနခိုကြီး"လို့လည်း ခေါ်ကြတယ် ၊ ဒီအပင်က ကိုယ်တို့ဆီသာ အရိုင်းပင် ခြုံပင်ဖြစ်နေသော်လည်း အခြားနိုင်ငံများမှာ decorated plants အလှစိုက်အပင်တပင်အလားစိုက်ထားတာမြင်ရတော့ အံသြမိပြန်တယ်။ နီစွေးစွေး တောက်ပသော အရွက်များက အပင် အလှကို ပိုစေပါတယ်၊ အလှတရားဆိုတာ ခံစားသူနဲ့ ဆိုင်လိမ့်မည်ဟု ထင်မိပါတယ်...
. အပင်သရုပ်

အပင်အမည် Jatropha ဆိုတာ ဂရိဘာသာစကားစုကနေ ဆင်းသက်လာတာပါ၊ အဓိပ္ပာယ် က physician and nutrition ဖြစ်တယ်၊ အစေ့များက လူများအပေါ် အဆိပ်အတောက်ဖြစ်စေပါတယ်၊ ပင်ပြော့ချုံပင်ကြီးမျိုးပါ၊ အပင်ကိုခုတ်လျင် ဒါဏ်ရာနေရာကနေ ရေလိုအရည်များထွက်ကျလာပါတယ်၊ ပင်စည်နဲ့အရွက်နုတွေက နီညိုရောင်သန်းကြတယ်၊ ထူးတာကတော့ တပင်လုံး စေးကပ်ကပ် ဂလင်းအမွှေးတွေရှိနေတာပါ၊ သာမာန်မြက်စေ့နဲ့ကိုမြင်ပါတယ်၊ အရွက်က လက်ဝါးပုံဖြစ်ပြီးအဝိုက် ၃ဝိုက်ပါ နုစဉ်အခါ နီညိုရောင်ဖြစ်သော်လည်းကြီးလာလျှင် အစိမ်းရောင်ပါ၊

ရွက်စွယ်လေးတွေက ဂလင်းအမွှေးလေးတွေဖြစ်နေတာက ဒီအပင်ရဲ့ ထူးခြားချက်ပါ၊ ပန်းခိုင်က ထိပ်ထွက် dichasial cyme ပါ၊ ထိပ်မှာ အမပွင့်ရှိနေပြီးဘေးကနေ အဖိုပွင့်များကရံလို့နေပါတယ်၊ ပန်းပွင့်တွေကအနီရောင်ပါ၊ ပွင့်ဖတ် ပွင့်ချပ် ၅ခုစီပါကြတယ်၊ အဖိုပွင့်မှာ တစုစည်း ဝတ်ဆံတန်ပါပြီး tetrathecous anthers များထိပ်မှာရှိနေပါတယ်၊ အမပွင့်မှာ ဝတ်ဆံဖိုမပါဘဲ tricarpellary ovary ပါပါတယ်၊ အသီးကတော့ ပုံမှာအတိုင်း အက်ကွဲသီး capsules ပါ၊ အစေ့တွေမှာ စေ့တွင်းစာပါပြီး သူ့မှာ caruncle ပါနေပါတယ်၊
ပန်းပွင့်ချိန်က အခုလ August ကနေ November အထိပါ၊ ဒီအပင်က ပေါက်ပွားနှုံးအလွန်မြန်ပြီး အကြမ်းခံလှတယ် ဘယ်လောက်ကြမ်းတမ်းသောနေရာမဆိုပေါက်နိုင်တယ် အသက်လည်းပြင်းလှတယ် ရေနဲခံတယ်၊ အညာမှာ စိမ်းစိမ်းစိုစိုရှိနေတာ သူ့ကြောင့်ပါ၊ သဘာဝပတ်ဝန်းကျင်ကိုအလှဆင်သူပေါ့၊
ဆေးဖက်ဝင်သော သင်္ဘောကနခို

ဒီအပင်ဆေးဖက်လည်းဝင်တယ် အရှင်နာဂသိန်ဆေးကျမ်းမှာဆို "အပင်အခေါက်ပြုတ်ရေ ဥတုသွေးကိုမှန်စေ၏ အရွက်ကို ဆံပင်ကျွတ်ခြင်း အနာမီးလျှံ ယားယံခြင်းလိမ်းပေးရ၏၊ အစေ့သည်အန်စေတတ်၏၊ စားလျှင်မူးစေတတ်၏၊သတ္ထုရည်ကိုရှူပါက ခြေဆတ်ပြီး ခေါင်းကိုက်ပျောက်၏၊ အရွက်အပွင့် ဝမ်းသကိ၏၊ အရွက်အရည်ကိုလိမ်းပါက အနာများပျောက်၏၊ ဆီးဝမ်းတို့ကိုနိုင်၏ အဆိပ်ကိုနိုင်၏ ကိုယ်ရောင်နာ သလိပ်နာကိုနိုင်၏၊ သလိပ်သည်းခြေကိုနိုင်၏ ဒဏ်ထိ၍ရင်၌သွေးပြည့်သောအနာ စမြင်းဒေါသနာ ပိုးကြောင့်ဖြစ်သောအနာ သုတ်သွေးခန်းခြောက်သောအနာ လေချုပ်အနာ အပင်းအဖုအနာတို့ပျောက်စေ၏" လို့ရေးသားထားတယ်၊
အပင်၏ အစိတ်အပိုင်းများ
(leaves, stems, roots, seeds, and latex) နဲ့ (infusion, decoction, and maceration, among others) တွေကို ဆေးဝါးအနေဖြင့်အသုံးပြုကြတယ်။
သူ့မှာ antihypertensive, anti-inflammatory, antiophidian, analgesic, antipyretic, antimicrobial, healing, antianemic, antidiabetic, and antihemorrhagic activities စသော ဂုဏ်သတ္တိတွေပိုင်ဆိုင်ကြတယ်။ ဒါ့အပြင် ဘိုင်အိုဒီဇယ်ထုတ်ယူခြင်း
biodiesel production,
ပိုးသတ်ဆေးဝါး pesticide, အင်းဆက်ဆေး insecticide, သံချဆေးvermifuge, အလှဆင်ခြင်း ornamentation, ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့ များ religious rituals မှာလည်းသုံးကြတယ်။
အညာဒေသမှာပေါက်တဲ့အပင်တိုင်းကို အညာသူ အညာသားသာမက ဆေးဆရာတွေကလည်းရင်းနှီးကြတယ်၊ အဓိကရည်ရွယ်တာက အပင်နဲ့ရုက္ခအမည်မှန်ကန်စွာတွဲသိစေခြင်တာပါ၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုတဲ့စကားလို တန်ဖိုးရှိသော အညာက တောကနခို အပင်လေးပါ၊