ဣဿရမူလီအမြစ်နှင့်မြွေဟောက်အဆိပ်

"ဣဿရမူလီအမြစ်နှင့်မြွေဟောက်အဆိပ်"
အပင်၏အမြစ်သည် မြွေဆိပ်ကိုပြေစေနိုင်သ
ဖြင့် smaker rootဟုအလွယ်ခေါ်ကြ၏
အပင်၏အမြစ်ကို သွေးလိမ်းပေးရုံဖြင့်မြွေ
ဟောက်အဆိပ်ပင် တစ်မဟုတ်ချင်းပြေစေ
နိုင်သည်ဟု မှတ်သားဖူးသည်။
ဟောင်ကောင်၌မူ ဣဿရမူလီပင်သည်အလွန်
အဆိပ်ပြင်းသောအပင်အဖြစ် အသုံးမပြုရန်ပင် တရားဝင်ပိတ်ပင်ထားသည်ဆို၏
သုံးတတ်သူအတွက်ဆေး မသုံးတတ်ပါလျှင်ဘေး
ဟုဆိုရပေမည်။
ပိုးထိခြင်းနှင့်ပတ်သက်ပြီး ကိုယ်တိုင်မျက်မြင်
ကြုံဖူး၏ ယခုကဲ့သို့သောမိုးတွင်းကာလဖြစ်သည်
လယ်သမားတစ်ဦး နွားစာရိတ်ရင်း မြွေဟောက်
အကိုက်ခံရသည်။ ထိုလယ်သမားမှာ ပုဇွန်မြောင်း
ရွာမှဖြစ်သည်။ပိုးထိသူကို ဆေးရုံပို့ရန် ပုဇွန်
မြောင်းရွာမှ ညောင်လေးပင်မြို့သို့ (၄)မိုင်ခရီးသွား
ရသည်။
ထိုခေတ်ကာလက ယခုခေတ်ကဲ့သို့ကားဆိုင်ကယ်
ထိုရွာတွင်မရှိသေးချိန်ဖြစ်သည်။ပုဇွန်မြောင်းနှင့်
ညောင်လေးပင်ခရီးအတွက် စက်ဘီး(ကယ်ရီယာ)
မြင်းလှည်းသာရှိသည်။ လယ်တောမှထမ်းပိုး
ခေါ်ဆောင်ချိန် နှင့်ဆေးရုံပို့ရန်အတွက်အရေးပေါ်
စီစဉ်သည်ပင် ၃နာရီကြာမည်။ပိုးထိလူနာဖြစ်၍
မြင်းလှည်းငှားရသည်။

ထိုအခြေအနေတွင် ပုဇွန်မြောင်းရွာ တိုင်းရင်းဆေး သမားတော်ကြီးဦးကြွယ်(ဦးခေမာ)ရောက်လာ
ပြီး ဣဿရမူလီမြစ်ကို သွေးပြီး ပိုးထိသောလူနာ
၏ခြေသလုံးအား လူလိမ်းပေး၍ လျှာပေါ်သို့
ဆေးတင်ပေးကာ " စိတ်ချလက်ချဆေးရုံသွားကြ
လမ်းမှာ အသက်အန္တရာယ် မရှိတော့ဘူး
ငါအာမခံတယ် "ဟုရဲရဲပြောလိုက်သည်ကိုကြားခဲ့
ကြုံဖူးခဲ့ပါသည်။
အမှန်ပင် သတိလစ်ခြင်းအဆိပ်လွန်စွာတတ်
သောလက္ခဏာမခံစားရဘဲ မြွေဆိပ်ဖြေဆေး
ထိုးကာ ထိုလယ်သမားအသက်ဆက်နိုင်ခဲ့
ပါသည်။

အိန္ဒိယနိုင်ငံ၌မြွေကင်းမြီးကောက်အဆိပ်ရှိ
သတ္တဝါများအကိုက်အထိုးခံရပါက ရိုးရာဆေး
မြီးတိုအဖြစ် အရွက်ကိုကြိတ်ချေထုထောင်းကာ
အကိုက်အထိုးခံရသောနေရာအားအုံပေးခြင်း
ရှိသည်။
ဣဿရမူလီ၏ရနံ့မှာအလွန်ပြင်းထန်လှပြီး
အရွက်ခြောက်သည့်တိုင်ရနံ့ပြယ်ခြင်းမရှိပါ။
မလေးရှားတွင် အဖျားကျရန်အရွက်ကြိတ်ပြီး
ဦးခေါင်းနှင့်နားထင်ကို လိမ်းပေးသည်။
အင်ဒိုနီးရှားတွင်ဗိုက်အောင့်ဗိုက်နာသူတို့အား
အရွက်ကိုမီးမြိုက်၍ကပ်ပေးသည်
ဖိလစ်ပိုင်တွင်သွေးတိုးနှင့်ငှက်ဖျားအတွက်အရွက်
ပြုတ်ရည်ကိုတိုက်ပေးသည်
တရုတ်တွင်ဖောရောင်ဝေဒနာရှင်တို့အတွက်
အရွက်သတ္တုရည်ကို လိမ်းပေးသည်
တောင်အမေရိကတိုက်တွင်မူ ဝမ်းနှုတ်ဆေးနှင့်
သွေးသန့်ဆေးများဖေါ်စပ်ရာတွင်ထည့်သွင်း
အသုံးပြုသည်
မြန်မာဆေးမြီတိုအဖြစ် နှုတ်ခမ်း ပါး လျှာလေးလံ
ပါက အမြစ်ကိုလျှာပေါ်တင်၍ပွတ်တိုက်ပေးသည်
ဂမ္ဘီရဆန်စွာ အဂ္ဂိရတ်သမားများ ဖိုထိုးရာတွင်
လည်း ဣဿရမူလီအပင်ကိုထည့်သွင်းအသုံးပြု
ကြသည်။
များလှစွာသော ဣဿရမူလီ၏ထိရောက်သောဆေးအသုံးများ
ရှိနေပါသေးသည်။
တင်ပြလိုသည်မှာအလွန်အဆိပ်ပြင်းသော
အပင်၏အမြစ်သည် အလွန်းအဆိပ်ပြင်းသော
မြွေဟောက်ကိုက်ခံရသော လူ၏မြွေဆိပ်ကို
ဆေးရုံရောက်သည်အထိ ကောင်းစွာထိန်းချုပ်
ပေးနိုင်ကြောင်း သိရှိစေလိုခြင်းဖြစ်ပါသည်။
စာကိုး။တိုင်းရင်းဆေးသမားတော်ကြီးဦးသိန်း
မောင်၏ မြန်မာဆေးမြီးတိုများစာအုပ်
ရဲမျိုးသူ(ဗောဓိမြိုင်)
(မှတ်ချက်)
လက်ဆင့်ကမ်း ကူးယူဖော်ပြပါက
မူရင်းဖြစ်တဲ့ စိုက်ပျိုးရေး နှင့် အထွေထွေဗဟုသုတအား
Credit ပေး၍ ဖော်ပြခွင့်ရှိပါသည်
စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ