ဟင်း နုနွယ် ရွက် ၏ ကျန်းမာ ရေး အာနိသင် ၁၀ မျိုး




ဟင်း နုနွယ် ရွက် ၏ ကျန်းမာ ရေး အာနိသင် ၁၀ မျိုး

ဟင်း နုနွယ် ရွက်ကို အလွယ် တကူ ဝယ်လို့ ရသလို ဈေးလည်း သက်သာ တာကြောင့် လူတိုင်း လိုလို စားနိုင် ကြပါ တယ်။
လူတွေ အများ အားဖြင့် စားလေ့ ရှိကြတဲ့ ဟင်းနု နွယ်ရွက်မှာ ဘယ်လို ကျန်းမာ ရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာ ကို ရေးသား လိုက်ရ ပါတယ်။

၁။ အစာ ကြေ စေခြင်း

ဟင်း နုနွယ် ရွက် တစ်ခွက်စာ ပမာ ဏမှာ တစ်နေ့ တာ စားသုံး သင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင် ပါတယ်။ဒါကြောင့် အစာကြေ စေပြီး ဝမ်းချုပ် တာကို ကာကွယ် ပေးပါ တယ်။ ဒါ့အပြင် သွေးတွင်း သကြား ဓာတ်ကို လျော့ကျ စေပြီး အစာကို အလွန် အကျွံ မစားမိ စေပါဘူး။

၂။ ကင်ဆာ ကို ကာကွယ် ခြင်း

ဟင်း နုနွယ် ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေ ဗိုးနွိုက် တွေဟာ ကင်ဆာ ရောဂါကို ကာကွယ် ပေးနိုင်တာ ကြောင့် အစာ အိမ်နဲ့ အရေပြား ကင်ဆာ ဆဲလ်တွေ ပွားများ မှုကို နှေးကွေး စေပါ တယ်။ ဒါ့ အပြင် ဟင်းနု နွယ်ရွက် ဟာ ဆီးကျိတ် ကင်ဆာ အဆင့် မြင့်တက်မှု မဖြစ်အောင် သိသိ သာသာ ကာကွယ် ပေးနိုင် စွမ်း ရှိပါ တယ်။

၃။ ရောင်ရမ်း မှု လျော့ကျ စေခြင်း

ဟင်း နုနွယ် ရွက်မှာ ပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်း မှု လျော့ကျ စေတဲ့ ဓာတ်တွေ ဖြစ်ကြ ပြီးကိုယ် တွင်း ရောင် ရမ်းမှုကို သိသိသာ လျော့ကျ စေပါ တယ်။

၎။ အင်တီ အောက် ဆီးဒင့် အစွမ်း ပေးနိုင် ခြင်း

ဟင်း နုနွယ် ရွက်မှာ ပါတဲ့ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ဘီတာ ကယ်ရို တင်း၊ မဂ္ဂ နိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီ နီယမ် တို့ဟာ အစွမ်းထက် အင်တီ အောက် ဆီးဒင့်တွေ ဖြစ်ကြ ပြီး အရိုးပါး ရောဂါ၊ သွေးကြော ကျဉ်း ရောဂါနဲ့ သွေးတိုး တာ တို့ကို သက်သာ စေပါတယ်။

၅။ သွေးတိုး ကျစေ ခြင်း

ဟင်း နုနွယ် ရွက်ထဲက ပပ်တိုက် တွေဟာ angiotensin I-converting enzyme ကို တားဆီး ပေးတာ ကြောင့် သွေးတိုး ကို လျော့ကျ စေပါ တယ်။

၆။ အမြင် အာရုံ ကောင်း စေခြင်း

ဟင်း နုနွယ် ရွက်ထဲမှာ လူတင်နဲ့ ဇီဇန် သင်း ဆိုတဲ့ အင်တီ အောက်ဆီး နှစ်မျိုး စလုံး များစွာ ပါဝင် နေတာ ကြောင့် အတွင်း တိမ်ရောဂါ နဲ့ အသက်ကြီး ချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီး မှုတို့ မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။

၇။ ကိုယ်ခံ စွမ်းအား ကောင်း စေခြင်း

ဟင်း နုနွယ် ရွက် တစ် ခွက်စာ ပမာဏ မှာ တစ် နေ့တာ မှီဝဲ သင့်တဲ့ ဗီတာမင် အေ ၃၃၇ ရာခိုင် နှုန်းကျော် ပါဝင် တာကြောင့် လူ့ခန္ဓာ ကိုယ်ရဲ့အဝင်ဝ နေရာ တွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်း စနစ်၊ ဆီးလမ်း ကြောင်းနဲ့ အူလမ်း ကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်း စေပါ တယ်။ဒါ့ အပြင် သွေး ဖြူဥ တွေမှာလည်း အဓိက ပါဝင် တာကြောင့် ကူးစက် ပိုးတွေကို တွန်းလှန် ပေးနိုင် ပါတယ်။

၈။ အရေ ပြား ကျန်းမာ စေခြင်း

ဟင်း နုနွယ် ရွက်မှာ ပါတဲ့ ဗီတာမင် အေ ဟာ အရေ ပြားမှာ အစို ဓာတ်ကို ထိန်းပေး တာကြောင့် ဆိုယားရစစ် ရောဂါ၊ ဝက်ခြံ နဲ့ အရေး ကြောင်းဖြစ် တာတွေကို တွန်းလှန် ပေးကာ အရေ ပြားကို ကျန်းမာ စေပါ တယ်။

၉။ အရိုး သိပ် သည်းဆ ကောင်း စေခြင်း

ပြုတ် ထားတဲ့ ဟင်း နုနွယ် တစ် ခွက်စာ ပမာဏ မှာ ဗီတာမင် ကေ တစ် နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင် နှုန်းကျော် ပါဝင် တာကြောင့် အရိုး တည်ဆောက်မှု အားကောင်း စေပါ တယ်။

၁၀။ ဦးနှောက် နှင့် နာ့ဗ်ကြော စနစ် လုပ်ငန်း ဆောင်တာ ကို ကောင်း စေခြင်း

ဟင်း နုနွယ် ရွက်မှာ များစွာ ပါဝင်တဲ့ ဗီတာမင် ကေ ဟာ နာ့ဗ်ကြော တစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက် မှု အတွက် မရှိ မဖြစ် အစိတ် အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြော စနစ်နဲ့ ဦးနှောက် လုပ်ငန်း ဆောင်တာ တွေကို ကျန်းမာ စေပါ တယ်။