သူယောင် ဂမုန်း(ဇော်ဂျီခါးပုံစ)




**သူယောင် ဂမုန်း(ဇော်ဂျီခါးပုံစ)

ပုံသဏ္ဌာန်။ ။၎င်းသည်အပင်ကြီးများ၌ကပ်
တွယ်ပေါက်သောအပင်မျိုးဖြစ်သည်။
ပဋ္ဌမအပင်ဖြစ်စတွင် အချင်း ၁ လက်မမျှသာရှိ၍ မှော်ရွက်သဏ္ဌာန်သစ်ပင်
များ၌ကပ်တွယ်ပေါက်ရောက်ပြီးလျှင် အလတ်
စားအရွယ်ရှိသောအခါ ပဒုမ္မာကြာရွက်နှင့် အ
ဆင်းတူပြီးလျှင် အရွက်များ၏အလယ်မှ
ဇော်ဂျီ ခါးပုံစသဏ္ဌာန် သို့မဟုတ် ဗြဟ္မာ
ခါးပုံစသဏ္ဌာန်တဖြည်းဖြည်းကြီး၍လာ
ပြီးလျှင် ၁ ပေမှ ၁ ပေခွဲသာသာတွဲလဲကျဆင်း
၍နေလေ၏။



၎င်းအပင်ကို ဇော်ဂျီ ခါးပုံစဟူ၍ခေါ်ဝေါ်ကြ
ကုန်၏ ။



**ဂုဏ်နှင့်စွမ်းရည်။

၎င်းပဉ္စငါးပါးကိုပြာချ
၍ ဖောရောင်သူများကိုလိမ်းပေးရ၏။
သရက်ရွက်နှင့်ပတ်သက်သောရောဂါများကို
ပဉ္စငါးပါးကိုပြုတ်၍တိုက်မူများစွာအကျိုးရှိ
၏။ရေဖျဉ်းရောဂါရှိသူများအတွက်၎င်းအ
ရွက်ကိုကျက်ရုံပြုတ်၍ပါးပါးလှီးပါ မန်ကျည်း
ရည် ကြက်သွန်နီ ပုဇွန်ခြောက် စသည်များ
ကိုထည့်၍ လက်သုတ်ကဲ့သို့သုတ်ကျွေးပါ
၎င်းပြုတ်ရည်ကို ဟင်းချိုသဘောပြု၍တိုက်
ပါ။ ၇ ရက်တကြိမ်ဝမ်းနှုတ်ပေးပါ။
ဤနည်းဖြင့် ၃ ပတ်မျှပြုလုပ်ကုသမူ ဆေးရုံ
လက်လွတ်ထားရသော ရေဖျဉ်းရောဂါသည်
များပျောက်ကင်းသည်ကို တွေ့မြင်ဘူး
ပါသည် ။