တိလင်္ကသာ

တိလင်္ကသာ
==============
အဆုပ်သွေးအန်ရောဂါကို နိုင်စားကြောင်းလက်တွေ့မြင်ဖူး၏။
မဟာမြိုင်တော၊အောင်ချမ်းသာရွာမှ သစ်ထုတ်သမားအဆုပ်သွေးအန်နေသူအား ရသေ့ရှင်
တစ်ဦး ပျောက်ကင်းအောင်ကုပေးခဲ့ဘူးသည်။

ဆေးနည်းမှာ
တိလင်္ကသာဆေးမြစ်ကို ဆန်ဆေးရည်ဖြင့်သွေး၍ ပျားရည်နှင့်လျက်စေခြင်း
အမြစ်ကို အမှုန့်ပြုပြီး ပျားရည်ဖြင့်တေစာခြင်းဖြစ်သည်။
အရွက်ကို ရေနဲ့ရောရင် ကျောက်ကျော(ဂျယ်လီ)လိုဖြစ်၍ ကလေးတို့ မုန့်ကျွဲသည်း လုပ်ပြီးကစားတာမျိုးလည်းရှိပါသည်။
ကျောက်တည်ရောဂါ
============
မဟာမြိုင်တောဝန်းကျင်မှာရှိတဲ့ လူတော်တော်များဟာ ကျောက်တည်ပြီးဆိုတာနဲ့ တလင်္ကသာပဉ္စ(၅)ပါး ကို(၃)ခွက်(၁) ခွက်ပြုတ်သောက် တတ်ကြပါ တယ်။
ဆေးကျမ်းမှာတော့

ကျောက်တည်ခြင်းအတွက်အမြစ်၎ဖို့၂ဖို့ ပြုတ်ကျိုသောက်ဖို့ ညွနှ်ပြထားပါတယ်။ အချို့ က ကျောက်တည်ပြီးဆိုလျှင်အမြစ်ပြုတ်ရည်အတွင်း ဆားနှင့်သံပုရာသီးလေးတစ်စိတ်ညစ်ပြီးသောက်ပါ တယ်။ တစ်ပတ်လောက်သောက် "ဂလောက်" အသံမြည်ကာကျောက်ကျတယ် လို့ ပြောပါတယ်။
ဝမ်းတွင်းသက်တန့်နာ
=============
အမြစ်ကိုဆန်ဆေးရည်ဖြင့်သွေး၍ သောက်ပါတယ်။
ယောနိရောဂါ
==========
မိန်းမများ ယောနိအပြင်သို့ ကျဆင်းခြင်း၊လျော့ပါးခြင်းဖြစ်ပါက အမြစ်ပြုတ်
ရည်ကိုနံနက်ညသောက်၍ ယောနိကို ပြုတ်ရည်ဖြင့် တစ်နေံနှစ်ကြိမ်ဆေးပေးရပါသည်။
သားဖွါးရလွယ်စေရန်
======================
အမြစ်ကို ညက်စွာကြိတ်ပြီး ဆီးအိမ်၊ချက်၊၀မ်းဗိုက်နေရာအား လိမ်းပေးခြင်းဖြင့် သားဖွါးခြင်းလွယ်ကူစေပါတယ်။
အရွက်သည်နှလုံးပုံသဏ္ဍာန်ရှိပြီးဆင်တုံးမနွယ်ရွက်နှင့်ဆင်သည်။
များစွာသော ဆေးအသုံးများတိလင်္ကာတွင်ရှိနေ ပါါသေးသည်။
ကျမ်းကိုး
အရှင်နာဂသိန်ပုံပြ
#ရဲမျိုးသူ(ဗောဓိမြိုင်)