ဇော်မွှား ပန်းအကြောင်

ဇော်မွှား Carnation flower
Dianthus caryophyllus L.,
Family Caryophyllaceae
Common names : Carnation or clove pink,
ရန်ကင်းတောင်ဖက်ကို တနေ့ကရောက်ခဲ့သည်၊ တောင်ခြေမရောက်မီ လမ်းဘေးဝဲယာမှာ ပန်းပင် ပျိုးပင်ရောင်းသော ဆိုင်လေးတွေကအစီစီ အရီရီရှိသည်၊ တဆိုင်ကတော့ ထူးခြားသည် မေမြို့က ပန်းပင်တွေကို တိုက်ရိုက်မှာပြီးရောင်းသည်ဟုဆိုသည်၊ ၆ လက်မခန့်ကြီးသော နှင်းဆီပင်တွေ အများကြီး၊ ဒီအထဲမှာ ကျနော် ယခုပြောမည့် ဇော်မွှားရောင်စုံလည်းပါသည်၊.အပင်စုံအောင် နှင်းဆီဇော်မွှား အစုံဝယ်ခဲ့သည်၊

ကျနော်က အကြမ်းခံသော ဇော်မွှားပန်း လေးတွေကိုချစ်သည်၊ ပန်းက မပြတ် ပွင့်သည်၊ အနဲဆုံးတပွင့်ကတော့ အမြဲ ရှိနေတတ်သည်၊ အပွင့်က လှယုံသာ လှပြီးရနံ့ကင်းသည်၊ တကယ်တန်းစိုက်ကြည့်တော့ မုံရွာအပူဒါဏ်ကို ဒီအပင်တွေ မခံနိုင် ၊ တပတ်လောက်တော့ အလှဆုံး ပွင့်ကြသည်၊ နောက်ရက်တွေ ပွင့်အား ကျသွားသည်၊ ဒီအပင်တွေက အအေး ကြိုက်သော အပင်များဖြစ်သည်၊ ကြာလာတော့ နှင်းဆီပန်းတွေက ၆ လက်မကနေ ၃ လက်မလောက်ဖြစ်ကုန်သည်၊ ဇော်မွှားလေးတွေကမူ ပွင့်မြဲ ပွင့်လို့နေသည်၊
အပင်လေးတွေ၏မူရင်းဒေသမှာ Mediterranean region ဖြစ်သည်၊ အခြားအလှစိုက်ပန်းများနှင့်မတူ အပင် ၏သက်တန်းကား ရှည်ကြာ လှသည်၊ လွန်ခဲ့သော 2,000 years ကတည်းက စိုက်ပျိုးခဲ့သော ပန်းတမျိုး ဖြစ်သည်ဟု ပြောလျှင်မိတ်ဆွေအံ့သြ သွားမှာပါ။

အပင်သည် ပင်ပြော့ နှစ်ရှည်ခံအပင် herbaceous perennial plant ဖြစ်လို့ တခါစိုက်ထားရုံဖြင့် နှစ်အတော်ကြာ ပွင့်လန်း နေသော အပင်တမျိုးပါ၊ ပြုစု ယုယရန်လည်း မခက်လှပါ၊ အရွက်များ က ဖြူရော်ရော် အရောင် ကနေ ပြာ စိမ်းစိမ်း အရောင်ရှိသည်၊ ပန်းပွင့်များက တပွင့်ထဲထွက်သလို အစုအဝေးလိုက် ထွက်ကြသည်၊ ပန်းပွင့်များက 3–5 cm diameter အချင်းရှိသည်၊ မူလအပင်၏ အရောင်က bright pinkish-purple ဖြစ်သည် သို့သော် လည်း ဥယျာဉ် စိုက်ပျိုး သူများက အရောင်စုံအောင် red, white, yellow and green စုံလင်အောင်ပြုပြင်ရင်း အလွန်လှပသော Hybrids စပ်မျိုးများ စွာဖြစ်လာပါသည်၊
ဇော်မွှားပန်းလေးတွေပွင့်သောလသည် ဇန်နဝါရီလဖြစ်သည် ၊ ရာသီမသိ ပန်းနှင့်ညှိ ဆိုစကားရှိသလို သင်မွေးဖွားသောလ တွေကို ကိုယ်စားပြု နေသော ပန်းလေးတွေလည်းရှိနေပါသည် ၊ သင်ဟာ ဇန်နဝါရီလမှာ မွေးဖွားသူ ဖြစ်လျှင် သစ္စာတရားကို ရည်ညွှန်းသည့် "ကာနေးရှင်းပန်း" carnation flower ခေါ် ဇော်မွှားပန်းလေးနဲ့တူတယ်လို့ ဆိုထားပါသည်၊ ပန်းပွင့်၏ အလိုအရ သင်ဟာ သင်ချစ်ရသူအတွက် အမြဲ အဆင်သင့် ရှိနေတတ်ပြီး ယြုံကည်တဲ့ အရာများအတွက် မပြောင်းမလည်း ရပ်တည်တတ်သူတဦးလို့လည်းမှတ်ယူလို့ ရနိုင်ပါသည်၊
ဇော်မွှားပန်းလေးတွေက "မိခင်များ၏ အချစ်မေတ္တာ"ကို ကိုယ်စားပြုတယ် ဆိုတာ သိသူနဲလှပါတယ်၊ ဒီပန်းလေးမှာ ထင်ရှားသော ရာဇဝင်သမိုင်းရှိခဲ့သည်၊ ၁၈၆၄ ခုနှစ် ကနေ ၁၉၄၈ ခုနှစ်အထိ လူမှုရေးတက်ကြွလှုပ်ရှားသူ အဲနာ ဂျားဗစ် ဟာ သူ့၏အမေကို ဂုဏ်ပြု လိုတဲ့အတွက် အကြံတခုပေါ်ခဲ့သည်၊ ၁၉၀၈ ခုနှစ်မေလ ၁၀ ရက်နေ့ က ပထမဆုံးအမေနေ့လို့ခေါ်နိုင်မှာပါ၊ အဲဒီနေ့မှာ သူဟာ သူ့အမေ တက်လေ့ ရှိတဲ့ အမေရိကန်အနောက် ဗာဂျီးနီးယား ပြည်နယ် ဂရစ်ဖ်တန်မြို့က အင်ဒရူး ဘုရင်ဂျီ ဘုရားရှစ်ခိုးကျောင်းကို ဇော်မွှားပန်း အပွင့် ၅၀၀ ပေးပို့ လှူဒါန်းခဲ့သည်၊ အဲဒီကစလိုက်သော အမေနေ့တွေဟာ တဖြည်းဖြည်း လူသိများလာကြပြီး ၁၉၁၄ ခုနှစ် မေလ ၉ ရက်နေ့မှာ အမေရိကန် သမ္မတ ဝုဒ်ရိုး ဝီလ်ဆင်က နိုင်ငံရှိအမေများအတွက် မေလ၏ ဒုတိယမြောက် တနင်္ဂနွေနေ့ကို အမေနေ့အဖြစ်သတ်မှတ်ကြောင်း ကြေညာချက်တရပ်ထုတ်ပြန်ခဲ့ရပါသည်၊
အမေဆိုတာ သားသမီးများအတွက် လောကက ပေးအပ်လိုက်သော အကောင်းဆုံးလက်ဆောင်တခုပါ၊ ကိုးလလွယ် ၁၀ လဖွား ရုံသာမက အသက်ကိုပါရင်းပြီး မွေးပေးခဲ့ရသူပါ၊ ဖဝါးလက်နှစ်လုံး ပုခုံး လက် ၂ သစ် အရွယ်မှ အရွယ်ရောက်သည်အထိ ကျွေးမွေးပြုစုပေးခဲ့သော မဟာ မေတ္တာ ဂရုဏာရှင်တွေပါ၊ သားသမီးများအတွက် ပြုစုပျိုးထောင်ပေးရသော အန္တတ ဂိုဏ်း ဝင် ကျေးဇူးရှင်ပါ၊ ဒီအမေများကို ဂုဏ်ပြုခြင်းနှင့်ဆိုင်သော ဇော်မွှားပန်း သို့မဟုတ် ကာနေးရှင်းပန်း carnation flowers ပန်းလေးတွေဟာ ဇန်နဝါရီလ မှာ ဖူးပွင့်ကြပြီး ဇန်နဝါပန်းရယ်လို့ တင်စားကြကြောင်း သတင်းစကား ပါးလိုပါတယ်( Ref. ZawMinnHtun)။
ဇော်မွှားပန်းတို့၏ထူးခြားချက်များ
♥ ဇော်မွှားပန်းတို့သည်
♥ စွဲမက်ဖွယ်ကောင်းခြင်း၊
♥ သီးခြားပေါ်လွင်ခြင်း၊
♥ စိတ်လိုက်မာန်ပါပြုမူတတ်ခြင်း၊
♥ ဝမ်းမြောက်ခြင်းနှင့်
♥ သန့်ရှင်းစင်ကြယ်သော ချစ်ခြင်းမေတ္တာ တို့ကို ကိုယ်စားပြုသည်၊
🌺"ပန်းရောင် ဇော်မွှားပန်း"သည် တည်မြဲသော မေတ္တာ ချစ်မေတ္တာ သဏ္ဌန် ကိုဖေါ်ဆောင်ပြီး မိခင်တို့၏ချစ်မေတ္တာကို ကိုယ်စားပြုသည်၊
🌸"ခရမ်းရောင်ပန်း"လေးတွေက ပြောင်းလဲခြင်းနှင့် ခန့်မှန်းရခက်ခြင်းကို ကိုယ်စားပြုသည်၊
🌺"အနီရောင်ဇော်မွှားပန်း" သည် မြတ်နိုးခြင်း မာနကြီးခြင်း၊ စွဲမက်ခြင်း နှင့် တောင့်တသော နှလုံးသားကိုကိုယ်စားပြုသည်၊
🍀"အဖြူရောင်"ကမူ သတင်းစကား ၂ မျိုးကို သယ်ဆောင်သည် တချက်က ရိုးသားခြင်း ချိုမြိန်ခြင်း သန့်ရှင်းစင်ကြယ်ခြင်း သက်ရောက်စေပြီး ကျန်တခုကမူ အစွန်းအထင်းကင်းသော ချစ်ခြင်း၊ ခိုင်မာသော အားမာန်၊ မေတ္တတရား၏မြဲမြံသော ဂုဏ်ရည်တို့ကိုဖေါ်ပြသည်၊
🌸အစင်းများပါသော ဇော်မွှားကမူ ငြင်းဆိုခြင်း သဘောရစေပြီး ခါးသက်မှုကင်းသော ဝမ်းနဲမှုအထိမ်းအမှတ်ဟု ယူဆနိုင်သည်၊ ( ref Lady rose floral services)
Traditional meanings
carnations ခေါ် ဇော်မွှားပန်းလေး တွေဟာ နိုင်ငံတကာမှာ ♥ အချစ် love ။ ♥ fascination ဆွဲဆောင်ခြင်း ညှို့ခြင်း၊ ♥ distinction ထူးခြားခြင်း အရည်အချင်း စသော အကြောင်းအရာ များတွင် ပန်း၏အရောင်ကိုလိုက်၍ သတ်မှတ်ကြသည်၊
🌺အနီရောင် ဇော်မွှားပန်းတို့သည် ဆိုရှယ်လစ်ဝါဒ၏ သင်္ကေတတခု ၊ အလုပ်သမားလှုပ်ရှားမှု ၏အမှတ်သညာ ဖြစ်သလို မေဒေးနေ့ တွင် အသုံးပြုခဲ့သည်၊
🌸အနီရောင်ဖြော့သော ဇော်မွှားပန်းကလေးတွေက admiration အံ့သြချီးမွမ်းမှုကို ကိုယ်စားပြုသလို 🌹အနီရင့်ရင့်ပန်းလေးတွေက ကြီးမားနက်ရှိုင်းသောအချစ်၊ ချစ်ခင်မှု ခင်တွယ်မှု ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည်၊
🌻အဖြူရောင်ဇော်မွှားပန်းကမူ pure love သန့်စင်သော အချစ်၊ good luck ကံကောင်းခြင်းကို ကိုယ်စားပြုသည်၊ အရောင်အသွေးရောယှက်သောပန်းများကမူ ဝမ်းနဲမှု၏ သင်္ကေတ ဖြစ်သည်၊
🌸အဖြူရောင်ပန်းသည် နယ်သာလန် နိုင်ငံ အတွင်း HRH prince Bernhard နဲ့ဆက်နွယ်သည်၊ သူသည် ဒုတိယ ကမ္ဘာစစ်အတွင်းက အဖြူရောင်ပန်းကို ပန်ဆင်ခဲ့သည်၊ ထိုအချက်သည် အံတုတော်လှန်သော အမှတ် သင်္ကေတ တခုဖြစ်စေခဲ့သည်၊ စစ်ကြီးပြီးဆုံး သောအခါ အဖြူရောင်ပန်းသည် မင်းသား၏ သင်္ကေတတခုဖြစ်စေခဲ့သည်၊
🌸ပန်းရောင်ပန်းများသည် စိတ်ပြောင်း လွယ်သော သဘောကို ဆောင်သည်၊ ပြင်သစ်တွင် အဖြူပန်းကို ဈာပန အခန်း အနားများတွင် ရိုးရာအရသုံးကြသည်၊
🌸ပန်းရောင်ပန်းများတွင် သမိုင်းကြောင်း ထူးခြားချက်များရှိသည်။ ခရစ်ရှန် ဒဏ္ဏာရီတွင် ပန်းရောင်ပန်းသည် ပထမဆုံး ကမ္ဘာပေါ်တွင် ရှိသော ပန်းဖြစ်ခဲ့သည်၊ အပျိုစင် မယ်တော်မာရီ က ဂျီးဆပ် ကတိသစ္စာပြုရာနေရာမှာ မျက်ရည်တို့ခြွေချခဲ့သည်၊ မျက်ရည် ကျသောနေရာမှ ပန်းရောင် ကာနေးရှင်း တို့ထွက်ပေါ်လာခဲ့သည်၊ထို့ကြောင့်လည်း ပန်းရောင်ဇော်မွှားသည် မိခင်တို့၏ ရာသက်ပန်ထာဝရဖြစ်သော ချစ်ခြင်းကို ပြသသည့် အမှတ် သင်္ကေတ တခုဖြစ်ခဲ့သည်၊
ကိုရီယားနိုင်ငံကမူ ဇော်မွှားပန်းများကို လေးစားမှု ၊ 🎎ချစ်ခင်မှု ၊ ကျေးဇူး တင်ခြင်း အတွက် ဖေါ်ပြကြသည်၊ အနီ ပန်းရောင်တို့ကို "မိဘနေ့" အထိမ်း အမှတ် အဖြစ် ပန်ဆင်ကြသည်၊ ထို့ပြင် မေလ ၁၅ ရက်နေ့တွင် "ဆရာများနေ့ " အထိမ်းအမှတ် အနေဖြင့် ဇော်မွှားပန်းတို့ ကို ပန်ဆင်ကြသည်၊
University of Oxford 🏣တွင် ဇော်မွှားပန်း တို့သည် တနှစ်တာ ဖြေဆိုရမည့် စာမေးပွဲအားလုံးအတွက် သင်္ကေတ ပန်ဆင် ဝတ်ဆင်ကြသည်၊ 💭အဖြူရောင်သည် ပထမ စာမေးပွဲ၊ 💗ပန်းရောင်သည် ကြားအလယ် စာမေးပွဲ၊ ❤အနီရောင်သည် နောက်ဆုံး စာမေးပွဲ အတွက် ကိုယ်စားပြုသည်၊ ပန်းနှင့် ပတ်သက်သော ဇတ်လမ်းများ ရှိခဲ့ပြီး ၁၉၉၀ ခုနှစ်မှအစပြုခဲ့သည်၊
Carnations ကို ဂရိ စာပေများတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကတည်း ကဖေါ်ပြခဲ့သည်၊ ဂရိ ရုက္ခဗေဒပညာရှင် Theophrastus က ပန်းအမည်ကို "Dianthus" ဖြင့် အသုံးပြုခဲ့သည်၊ ယင်းသည် ဂရိစကားစုက ဆင်းသက် လာပြီး divine ("dios") ၊ flower ("anthos") စကားလုံးများ ပါဝင်နေ သည်၊ကျောင်းသားသူများယုံကြည်ထားသည် မှာ "carnation" ဟူသော အမည်မှာ "coronation" or "corone" နန်းတက်ပွဲမှဆင်းသက်သည်ဟု မှတ်ယူထားကြသည်၊ ထိုအထဲမှ ပန်းများကို သီကုံးပြီး Greek ceremonial crowns အဖြစ် သုံးခဲ့မည် ဟု ယူဆခဲ့ဟန်တူသည်၊ ဇော်မွှားပန်းလေးတွေအတွက် ဒဏ္ဏာရီများက ရေးလို့ ကုန်မည် မထင်တော့၊ များစွာ ကျန်ပါသေး သည်၊
ပန်း၏အမည် Dianthus ကို အကြမ်းဖျဉ်း ဘာသာပြန်ရလျှင် flowers of love or flowers of gods ဖြစ်သည်၊ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး ပန်းလေးတပွင့် ၊ ချစ်ခြင်းမေတ္တာ သင်္ကေတ ၊ မိခင်မေတ္တာကို ဖေါ်ညွှန်းသော ပန်း ..စသော..စသော...ပန်းလေးတပွင့် အကြောင်း ရေးရလို့လည်း ကြေနပ် ပီတိဖြစ်မိပါသည်၊ ကဲ မိတ်ဆွေများရော ဇော်မွှားပန်းလေးတွေက ချစ်စရာ မကောင်းပေဖူးလား ...
Credit - သက်နိုင်ဦး(မုံရွာတက္ကသိုလ် )