သံမနိုင်ကျောက်မနိုင်

သံမနိုင်ကျောက်မနိုင်
Alysicarpus vaginalis (L.) DC.,
Hedysarum vaginale L.,
Family : Fabaceae
Local Name: Than-manaing-kyauk-manain
လူတိုင်းသိသောအပင်လေးမို့ အထူးတလေပြောဖို့မလိုပါ၊ ဒါပေမဲ့ "သံမနိုင်ကျောက်မနိုင်"ဘယ်အပင်လဲလို့မေးရင် တပည့်ကျော်များ မဟုတ်တဲ့ အပင်တွေနှုတ်ပြကြတော့တာပါဘဲ၊ အရပ်ထဲကလူမှားတာက ပြသနာမရှိပေမဲ့ ရုက္ခဗေဒက ဆရာဆရာမ ကျောင်းသား သူ တွေမှားရင်ပြသနာတက်နိုင်တယ်၊ တခါတလေ မဟုတ်တဲ့ ကျောက်ကွဲပင် (Evoluvulus alsinoides -Family:Convolvulaceae) တွေနှုတ်ပြကြတယ်၊ သံတူကြောင်းကွဲ ပါတယ် ၂ပင်က လုံးဝမတူပါဘူး သူက ကဇွန်းမျိုးနွယ်ကပါ၊ Alysicarpus အနွယ်ဝင် အခြား species များလည်းရှိပါသေးတယ်။

သံမနိုင်ကျောက်မနိုင်အပင်က နေရာတိုင်း ပေါက်ပါတယ်၊ တောင်ပေါ်မြေပြန့် မရွေးပါဘူး၊ လူတွေမသိကြလို့သာပါ၊ လမ်းနဘေး မြက်ခင်းတွေထဲပေါက်သလို တခါတလေ လယ်ကွင်းအစပ် ရေမြောင်း နဘေး မှာလည်း တွေ့ရတတ်ပါတယ်၊ အများစုက ဆီးကျောက်တည်သော ရောဂါနဲ့ ဒီအပင်တွဲပြီးသိကြပါတယ်၊ ဆီးကျောက်များ ခက်မှတ်လို့ သံမနိုင် ကျောက်မနိုင်ကို သုံး ခွက်တခွက် တင်ကြို သောက် ပါ ဆိုတာကို ငယ်ငယ် ကတည်း က အမေပြောလို့ ကြားဖူး ခဲ့တာပါ၊ ဒါပေမည့် အပင်နဲ့ အမည် တွဲသိတာ နဲပါတယ်။

အပင်ကသာ သံမနိုင်ကျောက်မနိုင် ပြောတော့ အကြီးကြီးလားမှတ်တယ် ၁ပေတောင်မရှိတဲ့အပင်လေးပါ၊ ပြီးတော့ ပဲမျိုးရင်းထဲက ပဲပင်ဖြစ်လို့နေပြန်တယ် အပင်သရုပ်က တနှစ်ခံပင်ပြော့လေး ပါ၊ပင်စည်တွေက မြေပြင်ကနေ စုဖြာထွက်ပါတယ်၊ အရွက်တွေက ပဲမျိုးရင်းဖြစ်သော်လည်း ရွက်ပေါင်း ပုံစံမဟုတ် ရွက်ထီးဖြစ်ပါ တယ်၊ ဒါကို တချို့က ခတ်လွယ်လွယ် simple leaf ခေါ်ကြပေမည့် ရွက်ထီးစစ်စစ် မဟုတ်ပါဘူး၊ ရွက်ပေါင်းအမျိုးအစားသာဖြစ်ပြီး unifoliolate compound လို့လည်းခေါ်ပါတယ်၊ uni ဆိုတာ one တခု ဖြစ်ပြီး foliate ဆိုတာ leaves အရွက်လို့ အဓိပ္ပါယ် ရတယ် ။ ဒီတော့ unifoliate ဆိုတာ အရွက်တရွက်သာဖြစ်သော compound =ရွက်ပေါင်း ဖြစ်ပါတယ်၊
ရွက်စွယ်ပါပြီး ကောက်ရိုးခြောက် အရောင်ဖြစ်ပါတယ်၊ ၁ စင်တီမီတာလောက်ရှည်တာမို့ အရွက်အရင်းမှာ ထင်ထင်ရှားရှား ကပ်နေတာ တွေ့ရမှာပါ၊ အရွက် ကထူးခြားလှပြီး oblong elliptic or linear oblong ပုံစံပါ၊ ရွက်လယ်ကြောက အစိမ်းဖြော့ဖြော့လေးမို့ အရွက်လေးက အစိမ်း နဲ့ အဖြူ အရောင် ၂ရောင်စပ်ကြားပုံစံဖြစ်နေတာပါ၊ အရွက် အပေါ်ဖက်ထက် အောက်ဖက်မှာ အမွှေး လေးတွေပိုများတယ် ရွက်နားက ciliate အမွှေးနုလေးများစီလို့နေပါ တယ်၊ ထိပ်ဖြားက obtuse or mucronate (ထိပ်ဖျားမှာ အတက်အချွန်အသေးလေး)ပါလို့နေတယ်၊
ပန်းခိုင်က ထိပ်ထွက် ဝါ ကြားထွက် ရေစင်းပန်းခိုင်ပါ၊ ပန်းရောင် ပန်းပွင့် ၁၀ ပွင့်ခန့်ပါပါတယ်၊ ပန်းပွင့်မှာ ပွင့်ချပ် ၅ ခုပါပြီး အနဲငယ်အပြင်ထွက်နေပါတယ်၊ စတန်းဒတ် standard ပုံစံဟာ အနဲငယ် ဝိုင်းသောပုံစံပါ အတွင်းဖက် မှာတော့ wings and keels တို့ကို တွေ့ရမှာပါ၊ ဖြုတ်ထားရင် လိပ်ပြာပုံစံမို့ corolla ကို papilionaceous type ခေါ်ကြတယ်၊ ဝတ်ဆံဖို ၁၀ ခုပါပြီး ၂ စုစည်းပါ၊ အသီးကတော့ မိုနီလီပုံစံ moniliform ပုံစံပါ၊ သေးသွယ်ကာ အဆစ် ၃ ခုကနေ ၈ ခုအထိ ရှိနေတတ် ပါတယ်၊ ချိတ်ပုံစံ အမွှေးများ ဖုံးအုပ် နေတတ်ပြီး ဖောင်းလို့နေပါတယ်၊

သံမနိုင်ကျောက်မနိုင်အပင်က တိုင်းရင်းဆေးမှာ မသိသူမရှိပါဘူး ဆေးဖက်လည်းအရမ်းဝင်ပါတယ် ။
သံမနိုင်ကျောက်မနိုင် အပင်တစ်ပင်လုံး အမြစ်ပါမကျန် (ပဉ္စငါးပါး)တို့ကို အရည်ညှစ်ပြီး ကျိုချက်၍လည်း ကောင်း၊ အ ခြောက်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်၍ လည်းကောင်း သောက်လျှင် ဆီးချုပ်၊ ဆီးပူ ၊ ကျောက်တည် ရောဂါများ ပျောက်ကင်း စေပါတယ်လို့ တိုင်းရင်းဆေးကျမ်းများမှာ ဖော်ပြထားပါတယ်၊ ဒါပေမည့် အစွမ်းထက်လှသော ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးက အနည်းနဲ့အများရှိတာမို့ နားလည်တတ်ကျွမ်းသော တိုင်းရင်းဆေးသမားတော်ရဲ့ ညွှန်ကြားချက်နဲ့သာသောက်သုံးသင့်လှပါတယ်။
တဦးနဲ့တဦး ကိုယ်ခံစွမ်းအားမတူကြဖူးလေ၊ Fame ကနေ ထုတ်တဲ့ နာမည်ကျော် ယူရိုခရက်urocrush ခေါ်တဲ့ "ဆီးကျောက်ပျော်ဆေး"မှာဆို သူက အဓိကဆေးရင်း အနေနဲ့ပါရတာပါ၊
သူရဲ့ တိုင်းရင်းဆေးဝင်ပုံ အချို့ကို ရေးရ ရင် တပင်လုံးဟာ ယဉ်းယောင်ခြင်းကို တားနိုင်တယ်၊ stomach ache အစာအိမ်နာခြင်းကိုသက်သာစေတယ် ၊ antidote to snake biteမြွေဆိပ်ပြေစေခြင်း၊ skin diseases အရေပြား ရောဂါများ ကို ကုသနိုင်ခြင်း၊ diuretic ဆီးရွှင်ဆေးဖြစ်ခြင်း တို့မှာ ထင်ရှား လှပါတယ် အရွက်ကိုတော့ fever အဖျားရောဂါ နဲ့ jaundice အသဲရောင် အသားဝါ ရောဂါ တွေ ကုသရာမှာ အသုံးပြုကြတယ်လို့ ဆေးကျမ်း တွေကဆိုထားပါတယ်၊
ဒီ post လေးရေးဖို့ အပင်ကို ခက်ခက်ခဲခဲမရှာရပါဖူး အိမ်ရှေ့ ထွက်တာနဲ့ မြက်ခင်းထဲမှာ အပင်ကို တွေ့လိုက်ရတယ် ၊မိတ်ဆွေတို့လည်း မသိလို့သာပါ ၊ တခါတလေ ကိုယ့်ခြေထောက် အောက် ရောက်ခြင် ရောက်နေလိမ့်မယ် ၊ ဒါဆို တိုင်းရင်း ဆေးပင် တပင်ကို အလွယ် ကောက်ယူ နိုင်ဘီပေါ့..
ဒီအပင်ကို ဓာတုဗေဒရှေ့ကကောက်လို့ရခဲ့တယ်။
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ပါတယ်
credit - သက်နိုင်ဦး(မုံရွာတက္ကသိုလ်)