မြတ်လေး(အနီ) အကြောင်းသိကောင်းစရာ

မြတ်လေး(အနီ)
ပုံသဏ္ဍာန်။ ။

နူးညံ့သောနွယ်မျိုးဖြစ်သည်
၎င်းအရွက်များသည်ရှင့်မတက်(ကညွှတ်)
ရွက်ကဲ့သို့သေးသွယ်သောအရွက်များဖြစ်၏
အပွင့်သည်နီမြန်းသောအရောင်ရှိပြီးမြတ်
လေးအဖြူပွင့်နှင့်သဏ္ဍာန်တူသော်လည်း၎င်း
အပွင့်မှာသေးငယ်လှသည်။
အသီးသည် လုံး၏ အချို့ပန်းဥယျာဉ်များ အိမ်
များအဝင်ဝတွင် စင်ထိုး၍(ပန်းခုံး)အဖြစ်ဖြင့်
အလှစိုက်ကြ၏။၎င်းနွယ်ပင်၏ထူးခြားချက်မှာ
၎င်းသည်အခြားသစ်ပင်တပင်သို့တွယ်ကပ်
၍တက်သည်ရှိသော် ထိုသစ်ပင်၏သတ္တုရည်
များကိုစုတ်ယူ၍မိမိသာလျှင်စိမ်းလန်းစိုပြေ
လျှက် ထိုအတွယ်တက်ခံရသော သစ်ပင်မှာ
ခြောက်သွေ့၍သွားလေ၏။
ဂုဏ်နှင့်စွမ်းရည်။ ။၎င်းအရွက်သည်အေး၏
အရွက်ကိုကြိတ်၍ သွေးမြင်းသရိုက်နာကို လိမ်းပေးရ၏ ။ကိုယ်အရောင်အဆင်းကိုကြည်
လင်တောက်ပစေ၏။ထောပတ်နှင့်ချက်၍မြင်း
သရိုက်နာရောဂါရှိသူကို ကျွေးရ၏။
၎င်းအရွက်၏သတ္တုရည်ကို အနာမီးလျှံ-အနာ
စက် စသည်များကိုလိမ်းပေးရ၏။