ငွေမကုန်ပဲ ဆီးကျောက်တည်တာ ပျောက်တဲ့ဆေးးနည်းပါ

ငွေမကုန်ပဲ
ဆီးကျောက်တည်တာ
ပျောက်တဲ့ဆေးးနည်းပါ
ကွမ်းယာစားသူရော
ကွမ်းဟာမစားသူတွေအတွက်ပါ
ရည်ရွယ်ပြီး .... !
ဒီဆေးနည်းလေး
ပြန်လည်မျှဝေပါရစေ
ကိုယ်တွေ့ ပျောက်ကင်းသူရဲ့ 
ပြောပြချက်အရ
ဆေးနည်းကကောင်းတယ်
ဆေးအနေနဲ့ က လွယ်ကူတယ်
စစ်ကိုင်းမြို့ 
ရွာထောင်မီးရထားရပ်ကွက်က
ကိုစိုးပိုင်ဆံသ ဆိုရင်
မသိသူ နည်းပါးပါမယ်
သူကိုယ်တိုင်ကလည်း
ဗမာဆေးကို
တစိုက်မတ်မတ်
ဖော်စပ်နေသူတစ်ဦးပါ။
ဆေးဝါးကုသတာ
ဝါသနာထုံသူမို့
ကျောက်ကပ်ကျောက်တည်သူ
ကိုကျော်သူရဲ့ ကိုယ်တွေ့ 
ကျောက်ကပ်ကျောက်တည်ခြင်းမှ
ခံစားခံရတဲ့ ဒုက္ခကနေ
သက်သာခဲ့ တဲ့ ဆေးနည်းလေး
လာရောက်မျှဝေပေးခဲ့ ပါတယ် ။

ခံတက်ခေါက်ကို
ဗမာသံပုရာသီးအစစ်
အရည်ညှစ်ပါ
စတီးဇွန်း .....
တစ်ဇွန်းစာသွေးသောက်ပါ
ဆီးကနေ ... !
ကျောက် ကြွေကျလာတာ
၃ လုံးခန် ရကြောင်း
အကြီးဆုံးကျောက်ကို
ဆေးနည်းပြောရအောင်
သိမ်းဆည်းထားတာဖြစ်ကြောင်း
ရှင်းပြခဲ့ တယ်။
ခံတက်ပင် ဖတ်လျှင်
ဂဒတ်ပင်ဟုအသံထွက်ပါတယ်။
ခံတက်ချဉ်တို့စရာအဖြစ်
လူသိများပါတယ်။
အပင်မှာ ... !
အပင်ကြီးမျိုးနွယ်ဖြစ်၍
အရွက်မှာ ... !
ရာဘာရွက်နှင့်အတော်တူပါတယ် ။
တပုံစံထဲပါ။
အပင်အောက်ခြေမှာ
ပင်ပွားများပေါက်နေတတ်ပါတယ်။
အမြစ်ကိုတူးယူ၍စိုက်လျှင်အပင်ရှင်ပါတယ်။
ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းမှာ ပေါများစွာ
ပေါက်ရောက်ပါတယ်။
ခံတက်ခေါက်လို့ရေးထားတာက
ခံတက်အပင်၏အခေါက်ကို ဆိုလိုပါတယ်။
ဆေအညွန်းမှာ
ခံတက်ခေါက်ကို
အကြမ်းပန်ကန်တဝက်ခန့်
ရအောင်သွေး၍
သံပုရာသီးတစ်လုံးညစ်ထဲ့၍သောက်ပါ။
ရောဂါအနုအရင့်ကိုကြည့်၍
ချိန်သောက်ပါ။
ပိုသောက်၍လည်းအန္တရာယ်မရှိပါ။
ကိုယ်ခန္ဓာဖောရောင်ခြင်းကိုလည်း
သွေးသောက်ခြင်း
သွေးလိမ်းခြင်းတို့ဖြင့်
သက်သာပျောက်ကင်းနိုင်ပါတယ်။
ခံတက်ပင်ကို
ခြံဝင်းအတွင်းစိုက်ပျိုးခြင်းဖြင့်
အတိတ်နမိတ်အရ
စီးပွားတတ်စေပါတယ်ရှင်။
လူသားတွေ အားလုံး
ရောဂါဘယ ကင်းဝေးစေဖို
့ဆေးနည်းကောင်းလေး
မျှဝေပေးလိုက်တာပါ။
Credit ယမင်းဖြူ