ဆေးစွမ်းထက်တဲ့ ထိကရုန်းပင်အကြောင်း

🌿 ဒီအပင်လေးကတော့ ( Sensitive Plant ) လို့
အမည်ရတဲ့ လူတိုင်းသိပြီးသား ထိကရုန်းပင်ပဲ ဖြစ်ပါတယ်။

🌿 ဒီအပင်လေးကိုတော့ ပေါင်းပင်၊မြက်ပင်တွေ အကြားမှာ
တွေ့ရများပေမယ့် ဒီအပင်ရဲ့ဆေးဖက်ဝင်ပုံကိုတော့
လူသိနည်းမယ် ထင်ပါတယ်။

🌿 ဒီထိကရုံးပင်များကို နေရာဒေသ အနှံအပြားမှာ
တွေ့ရတယ်ဆိုပေမယ့် သူ့ရဲ့ မူလဇာတိ ပေါက်ရောက်ရာ
နေရာကတော့ "Barazil" နိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။

🌿 မြန်မာဆေးကျမ်းများ အလိုအရ ဒီထိကရုံးပင်ဟာဆိုရင်
ခါး၊ ဖန်တဲ့ အရသာ ရှိပြီး အေးတဲ့ သတ္တိတွေရှိလို့
သလိပ် နဲ့ သည်းခြေ တို့ကို ငြိမ်းစေတယ်လို့ သိရပါတယ်။
🌿 ထိကရုံး အရွက်ကိုကြိတ်ပြီး ဆီးခုံပေါ်မှာ အုံပေးပါက
ဆီးလွန်ရောဂါ ပျောက်ကင်းစေသလို အရွက်ကို အမှုန့်ပြုလုပ်ပြီး
နို့နှင့်ရောပြီး သောက်ပေးပါက မြင်းသရိုက်ရောဂါ နဲ့ လိပ်ခေါင်း
ရောဂါတွေကို ပျောက်ကင်းစေပါတယ်။

🌿 သူ့ရဲ့ အမြစ်ကို အနာပေါ် သွေးလိမ်းပေးပါက
အနာအတွင်းမှ အမြစ်များပါ ထွက်လာစေပြီး ထိကရုံးရဲ့အမြစ်ကို
ပြုတ်သောက်သောက်ပေးပါက ဆီးအိမ်မှာ တည်တဲ့ကျောက်ကို
ကျေစေပြီး ဆီးကိုကောင်းစေပါတယ်။
🌿 သွေးအန်၊ သွေးကျ၊ ဝမ်းရောဂါ၊ ပန်းနာ ရောဂါတွေအတွက်
ထိကရုံးပင်ကို ကာကွယ်ဆေး၊ အားတိုးဆေးအဖြစ် ဖော်စပ်
အသုံးပြုကြပါတယ်။
🌿 ထိကရုံးပင်ကို အခြားမည်များဖြင့်လည်း
ခေါ်ဆိုကြပါသေးတယ်။
🌿 ထိကရုံးပင်ကို ရုက္ခဗေဒအမည်အရ
( Mimosa Pudica ) ဖြစ်ပြီး
အင်္ဂလိပ်လိုတော့ နောက်အခြား အမည်တစ်ခုအဖြစ်
( Sleeping Grass ) လို့လည်း ခေါ်ဆိုကြပါတယ်။
🌿 အချို့နိုင်ငံတွေမှာတော့ အမွှေးစုတ်ဖွားနဲ့ ပန်းရောင်
အပွင့်လေးများရဲ့ ပုံစံကို အစွဲပြုပြီး ( Powder Puff ) လို့
ခေါ်ဆိုကြကာ သူ့ရဲ့အပွင့်ကိုတော့ ( Mimosa Pudica ) လို့
ခေါ်ကြပါတယ်။
🌿 ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ရခြင်းပါ။
🌿 Credit_Original_Uploader