ဖုံးမသိမ်ပင် အစွမ်း

***ဖုံးမသိမ် ပင်
*ပူ-ပွင့်
*ရသာ။ ။ပူ
*ဂုဏ်။ ။အာသု-ဥဏှ-တိက္ခ(လျှင်-ပူ-ထက်)
*ကိစ္စ။ ။အခိုးပွင့်-ဒေါသသုံးပါးနိုင်
ဖုံးမသိမ် ပင်။ ။ပင်စောက်အပင်ငယ်မျိုး
ဖြစ်သည် အရွက်မှာရှည်၍အဖျားချွန်သည်
အရွက်မှာအကြောများရှိသည့်ပြင် အမွှေးများ
လည်းရှိသည်။
ဖုံးမသိမ်မှာအပင်မှအစေးများထုတ်
ယူခြင်းဖြစ်သည် ၄င်းမှာ ပရုပ်မျိုးဖြစ်သည်
အမြစ်ကိုလည်းအသုံးပြုကြသည်။
ဆေးသုံးရာတွင် အတွင်းစားဆေးများ
တွင်အသုံးနည်းသော်လည်း အပွင့်လိမ်းဆေး
များတွင်အသုံးပြုကြသည်။
အကြောဆွဲ-ခြေသေ လက်သေ-လေ
မလျှောက်-ကိုယ်တချမ်းလေး-အခိုးမပွင့်သည့်
ရောဂါ-လေငန်းဖြစ်ရောဂါ-ကိုယ်လက်ကိုက်ခဲ
သည့်ရောဂါများကို ဖုံးမသိမ် အရက်ဦးရည်
နှမ်းဆီ သံပုရာရည်များနှင့်ဖျော်စပ်၍လိမ်းပေး
လျှင် သက်သာပျောက်ကင်းသည်။အချို့ဖုံးမ
သိမ်ဆားချက်၍သုံးကြသည်။
တိုင်ရင်းဆေးခန်းသုံးဆေးနံပါတ် ၁၇
သွေးဆေးနီကြီးတွင်၎င်း-ဆေးနံပါတ်၃၆
သောမိဿရရောဟိတဆေး တွင်၎င်း-ဆေးနံ
ပါတ် ၄၄ ကတိုးလိမ်းဆေးတွင်၎င်း- ၄၅ အ
ကြောလိမ်းဆေးတို့တွင် ဖုံးမသိမ်ပါသည်။

ဆေးအဘိဓာန်များတွင်။ ။ဖုံးမသိမ်သည် သွေးသလိပ်နာ ရင်နာကိုနိုင်၏ ဒေါသသုံးပါး
ကိုဖြောက်ခြင်း ကုတ်ဟီးနာ ချောင်းဆိုးနာ
အပင်အပန်းနာ တို့ကိုနိုင်၏။
ငန်းနာ သန္နိပါတ်နာ အဘိန်ညာဉ်
ရောက်သောအနာ ဓာတ်လေးပါးပျက်ခြင်း
အနာကိုနိုင်၏ဟု ဖွင့်ဆိုသည်။