ချဉ်စော်ခါးသီး အကြောင်းသိကောင်းစရာအဖြာဖြာ




ချဉ်စော်ခါးသီး

“*ချဉ်စော်ခါးသီး အခြောက် ၃-ဖတ် လောက် ကို ရေစင်အောင်ဆေးပြီး၊ ရေနွေး ပူပူခွက်ထဲစိမ်သောက်လို့ရကြောင်း၊

*အဲဒီလိုသောက်တဲ့အခါ ပထမဆုံးစသောက်တဲ့ တစ်ကြိမ်သာ ချဉ်ကြောင်း၊

*သို့သော် သံပုရာသီးလိုအချဉ်မစူးကြောင်း၊

*ချဉ်စော်ခါး သီးကလည်း အဆီချ-ကိုလက်စထေရောကျစေကြောင်း၊

*၀က်ခြံပျောက်စေကြောင်း၊

*သူ့ရဲ့ထူးခြားချက်က ပတမဆုံးတစ်ခွက်သောက်ပြီး နောက် ၁၅-မိနစ်လောက်အကြာ မှာ ဆီးအိမ်ထဲမှာ ရှိတဲ့ဆီးတွေတစက်မကျန် ဆီးသွားပစ်တာကြောင့် ကိုယ်ထဲက ယူရစ်အက်ဆစ်တွေကျပြီး သိသိသာသာ ပေါ့ပါးသွားကြောင်း၊

*ဒါကြောင့် အသိမိတ်ေ ဆွတွေ ထဲမှာ ဆီးချုပ်-ဆီးအောင့် ရောဂါရှိသူတွေကို ချဉ်စော်ခါးသီးရေးနွေး စိမ် သောက်သင့်ပါတယ်

*တောင်ပေါ်ဒေသလူမျိုးများ၏ ရေလဲသုံးသော အဖိုးတန်ဆေးဖက်ဝင်အသီးဖြစ်ပါတယ်။

*အသီးရင့်မှည့်လာပါက ပါးလွှာသောအခွံမာလေးအား ဖြည်းညှင်းစွာ ဓါးဖြင့်နွှာရပါတယ်။

*ရေဖြင့်စင်ကြယ်စွာဆေးကြောပြီးတဲ့အခါ ဓါးဖြင့်ပါးလွှာစွာ လှီးဖြတ်ပါ။

*ပြီးရင် ဆားအနည်းငယ်နှင့် ပျားရည်(သို့မဟုတ်)သကြားသင့်ရုံထည့်ပြီး တစ်ရက်ခန့်နှပ်ထားပါ။
(ချင်းပါးပါးလှီးထဲ့ပါက အရသာပို၍ ကောင်းမွန်စေပါတယ်)

*နောက်တစ်နေ့မှာ တစ်ပြား မှ နှစ်ပြား တစ်နေ့ (၃)ကြိမ်မျှစား‌ ပေးခြင်းဖြင့်-

(က) လေထိုးလေအောင့်ခြင်းကို သက်သာစေပါတယ်။

(ခ) အစာကြေ ရင်ချောင်စေနိုင်ပါတယ်။ အသံကိုကြည်လင်စေပါတယ်။

(ဂ) သွေးတိုးသောသူများ၊ နှလုံးအဆီပိတ်သူများ၊ အဆီများသူများ၊ အသည်းရောဂါ ဝေဒနာရှင်များနှင့် ခန္ဓာကိုယ်တွင်း အဆီများသူများကို ကောင်းကျိုးပြုရုံသာမက သက်ရှည်ကျန်းမာစေပါတယ်။

(ဃ) တိုင်းရင်းဆေးပညာအလိုအရ တေဇောဓာတ်၊ ပထဝီဓာတ် နှင့် အာပေါဓာတ်ကြွယ်ဝ၍ ဝါယောဓာတ်ကို ပို့ဆောင်ပေးနိုင်တာကြောင့် အာယုဝဃုန သက်ရှည်ကျန်းမာစေသော အသီးဖြစ်ပါတယ်



*ရှေးသမားတော်ကြီးများ၏ အဆိုအရ-

(က) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ ၀က်သားဖြင့် ချက်စားခြင်းဖြင့် ၀က်သားနှင့်မတည့်သော သူများအတွက် အန္တရာယ်ကင်းစွာ စားသုံးနိုင်ပါတယ်။

(ခ) ငဒန်၊ ငမြင်းစသော အဆီများသော ငါးများဖြင့်လည်း ချက်စားနိုင်ပါတယ်။

(ဂ) ကြက်၊ ဘဲ များဖြင့် ချက်စားလျှင်လည်း လွန်စွာ အရသာရှိလှပါတယ်။

တောင်ပေါ်ဒေသတွေမှာသာတွေ့ရတတ်တဲ့
ချဉ်စော်ခါးသီး

အရသာကတော့ အချဉ်ဓာတ် အလွန်ကဲတဲ့အသီးဖြစ်ပါတယ်။

ချဉ်စော်ခါးသီးကို အစိမ်းအတိုင်း ရောင်းကြသလို

ပါးပါးလှီးပြီး အခြောက်လှမ်းကာ အထုပ်ထုပ်ပြီးလည်း ရောင်းကြတယ်၊

ချဉ်စော်ခါးသီးယို ဆိုပြီး ယိုထိုးပြီးလည်း ရောင်းကြသလို ဝိုင်လုပ်ပြီးလည်း ရောင်းကြတယ်။

အသီးစိမ်းကို အဆီကျစေတဲ့ဆေးဘက်ဝင်ပစ္စည်းအဖြစ် အသုံးပြုလို့ရသလို၊

အစိမ်းတိုင်း ထောင်းစား၊ သုပ်စား၊ အသားတွေ၊ ငါးတွေနဲ့ ချက်စားတာမျိုးလည်း လုပ်ကြတယ်။

အသီးခြောက်ကိုတော့ အခြောက်ခံထားရင် တစ်နှစ်ပတ်လုံး သိုလှောင်သိမ်းဆည်းပြီး
ချဉ်ရည်ဟင်းတွေမှာ ထည့်ဖို့၊ အသုပ်သုပ်တဲ့ခါ ထည့်ဖို့၊ အသားနဲ့ချက်စားဖို့ တွေမှာ အသုံးဝင်တယ်။

ချဉ်စော်ခါးသီးအခြောက်ကို ရေနွေးဖျောပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်၊ ငရုပ်သီးစိမ်းလေးထည့်ပြီး
ဆွမ်ထန်လို အရည်သောက်လေး လုပ်စားရင်လည်း ကောင်းတယ်။
အစိမ်းဖြစ်စေ၊ အခြောက်ဖြစ်စေ ရေနွေးဆူဆူနဲ့ စိမ်ပြီး သောက်ပေးရင် အဆီကျစေတယ်၊
ကိုလက်စထရောကို လျော့စေတယ်၊ သွေးလည်ပတ်မှုကိုကောင်းစေပြီး
သွေးတိုးကျစေတယ်လို့ဆိုတယ်။

အပင်မှာ ဆူးတွေနဲ့ ပြည့်နှက်နေပြီး အပွင့်ပွင့်ချိန်ကျတော့ အရွက်တွေ သိပ်မရှိတော့ပဲ တစ်ပင်လုံး နီရဲနေတဲ့ အပွင့်တွေနဲ့မို့ တော်တော်လေးလှတယ်ဆိုရပါမယ်။
မြန်မာနိုင်ငံမှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ စိုက်ပျိုးကြပြီးတရုတ်ပြည်မှာတော့ ယူနန်ပြည်နယ် တစ်ဝိုက်မှာ စိုက်ပျိုးကြပါတယ်။
ချဉ်စော်ခါးသီးရဲ့ မူရင်းဇစ်မြစ်ကလည်း အရှေ့တောင် အာရှဒေသဖြစ်တယ်လို့ သိရပါတယ်။

ချဉ်စော်ခါးသီးဟာ ဆေးဘက်ဝင်တဲ့ အသီးဖြစ်လို့ တရုတ်တိုင်းရင်းဆေးတွေမှာလည်း
ထည့်သွင်းဖော်စပ်ကြပါတယ်။
ချဉ်စော်ခါးသီးဟာ အသားမာတဲ့ အသီးမျိုးဖြစ်လို့ မပုတ်လွယ်ပဲ လနဲ့ချီပြီး အထားခံပါတယ်။
အသီးမှာ မွှေးတဲ့အနံ့လေး ရှိပြီး အဲဒီအနံ့ရရင် သွားရည် ယိုလာစေတဲ့အစွမ်းရှိတာမို့
ချဉ်စော်ခါးသီးဟာ ခံတွင်းပျက်နေသူတွေအတွက်လည်း ခံတွင်းမြိန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။
အစိမ်းရောင်ထက် အဝါရောင်သန်းနေတဲ့အသီးက ပိုမှည့်နေပြီဖြစ်လို့ အနံ့လည်း ပိုမွှေးပါတယ်။
အရသာလည်း ပိုချဉ်ပါတယ်။
အသီးပေါတဲ့ ရာသီမျိုးဆိုရင် ရှမ်းပြည်မြောက်ပိုင်း ကားလမ်းဘေးတွေမှာ အသီးတွေ ပုံရောင်းနေတာ
နေရာတိုင်းမှာ တွေ့နိုင်ပါတယ် ။