မဟာမြိုင်မှ မြွှေဆိပ်ဖြေဆေး




"မဟာမြိုင်မှ မြွှေဆိပ်ဖြေဆေး"
*******************************
မြွေပွေးမြွေဟောက်နှင့်အဆိပ်ရှိသတ္တဝါတို့၏အဆိပ်ကို အရွက်စားရုံနှင့်သက်သာပျောက်ကင်းစေသည့် #တောဓားပြပင်

- ကျီးအာမြစ်(၅)ကျပ်သား၊
- တောဓါးပြပင်ပဉ္စ(၅)ပါး(၅)ကျပ်သား၊
- မန်ကျည်းစေ့(၅)ကျပ်သား

စုစုပေါင်း(၃)ပါးကိုနေလှန်း၊နေလှန်းရာမှာထိုက်သင့်ရုံလှန်းရ ကြောင်း အလွန်ခြောက်ကပ်သွားပါက ဆေးအာနိသင်ပြေသွားပြီး ဆေးအစွမ်းထိထိရောက်ရောက်မရရှိကြောင်း နှင့်အဲဒီမှာမှတ်သာစရာကောင်းတာကတောဓါးပြပင်ရဲ့ပဉ္စငါးပါးကို သတ္တုရည်ညစ်ပြီးသိမ်းထားရသည်ဟုဆိုပါသည်။ထိုဆေးအမယ်(၃)ပါးအားအမှုန့်ပြုပြီးဆားအနည်းငယ်သွင်း၍ တောဓါးပြပင်၏ သတ္တုရည် စိမ်းဖြင့်နယ်၍ဆေးလုံးလေးများလုံးထားကာ လေဖြင့် အခြောက်ခံရခြင်းဖြစ်လေသည်ဟုမိန့်လေတော့သည်။ အခုလိုမိန့်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလျှောက်လေရာ



ဒကာကြီး ခဏနေဦးကျုပ်တာဝန်ကျေအောင်တောဓါးပြပင်ကိုသေသေ
ချာချာပြပေးလိုက်မယ်ဆိုကာ ခရမ်းရောင်အပွင့်လေးများပွင့်နေသည့်
တောဓါးပြပင်ကိုပါပြလိုက်ပါတော့သည်။

ဖော်ပြပါအကြောင်းများမှာစာရေးသူချင်းတွင်းမြစ်နဘေးရှိမြောက်ချောရွာလေးသို့ အစိုးရတာ ၀န်ဖြင့်ရောက်ရှိခဲ့စဉ်ကိုရင်ကြီးဟုလူသိများကာ သင်္ချိုင်းပေါင်းများစွာတွင်တရားလိုက်လံကျင့်ကြံ နေသောဦးဥတ္တမသာရကမိန့်မှာပြခဲ့၍ဖြစ်ပါသည်။

မြွေဆိပ်နိုင်သောဆေးနည်းဖေါ်စပ်ပုံသာဖြစ်ပါတော့ သည်။မိမိတွင်ဆေးဝါးဖေါ်စပ်နိုင်လောက်အောင်ဆေး အသိမရှိသေးကြောင်းဝန်ခံပါသည်။လိုအပ်သူတို့အကျိုးရှိစွာ အသုံးပြုနိုင်ရန်သာရည်ရွယ်ပါသည်။

စိတ်တွင်တွေးမိသည်က ဤဆေးနည်းသည်

်မဟာမြိုင်အရှင်တို့ထံမှရသောဆေးနည်းဖြစ်နေပြန်၍သိသူတို့ အဖို့အများအကျိုးတိုးစေရန်ဝေငှပေးရပေးရဦးဟုသာ။

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ကြီးအား အာရုံဖြင့်ဦးခိုက်လျှက်

Credit; ရဲမျိုးသူ(ဗောဓိမြိုင်)