ကြက်သွန်နီ၏ အထွေထွေဆေးဖက်ဝင်ပုံများ

ကြက်သွန်နီ၏ အထွေထွေဆေးဖက်ဝင်ပုံများ
ကြက်သွန်နီဆိုသည်မှာ အနံ့စူးရှ၍ ဟင်းခတ်ဥပင် တစ်မျိုးပင် ဖြစ်ပါသည်။ကြက်သွန်နီသည် အစေ့ကို ပျိုးထောင်၍ စိုက်သော ကြက်သွန်နှင့် ကြက်သွန်ဥ သေးများကို မြေတွင်ချစိုက်သော အမြိတ်ထောင် ကြက်သွန်ဟူ၍ နှစ်မျိုးရှိပါသည်။ အစေ့ကိုပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ တာရှည်အထားခံ သော်လည်း ကြက်သွန်နီဥသေးကို စိုက်သော အမြိတ် ထောင်ကြက် သွန်နီဥမှာမူ တာရှည် အထားမခံပေ။ အစေ့ပျိုးထောင် စိုက်ပျိုးသော ကြက်သွန်နီဥ မပေါ်ခင် စပ်ကြားတွင် အစားထိုးစားသုံးသော ဥပင်လျှင်ဖြစ် ပါသည်။
အဆိုပါ ကြက်သွန်နီဥ ၂ မျိုး စလုံး ဆေးဖက်ဝင် ပါသည်။ သို့သော် အစေ့ပျိုးထောင်၍ စိုက်ပျိုးသော ကြက်သွန်နီဥမှာ ပိုမို၍ ဆေးစွမ်း ထက်မြက်ကြောင်း ဆိုကြပါသည်။
ကြက်သွန်နီသည် ...
===========
လေသလိပ်၊ အဖျား၊ ချောင်း ဆိုးတို့ကို နိုင်၏။ ဆီးရွှင်စေ၏။ နှုတ် မမြိန်၊ အော့အန်ခြင်းတို့ကို ပျောက် ကင်းစေ၏။ ခွန်အားကို ပြုတတ်၏။ သုက်အားကို အလွန်ပွားစေတတ်၏။ ကာမသတ္တိကို ဖြစ်စေတတ်၏ ဟူ၍ ဆေးကျမ်းများက ဖွင့်ဆိုထားကြပါ သည်။ ကြက်သွန်နီဥကို အမောအပန်း ခံနိုင်စေရန်၊ ခွန်အားရှိစေရန်နှင့် ဆီးရောဂါများ ကင်းရှင်းစေရန်အတွက် ထမင်းစားသည့်အခါ အစိမ်းလိုက် စားကြသလို၊ အချဉ်တည်၍လည်း နေ့စဉ်စားသုံးကြလေ့ရှိပါသည်။ အချို့ဆီး မထိန်းနိုင်သော သူများ ဆီးတစ်စက်စက် ကျသောသူများ၊ ဆီးပူ ညောင်းကျဖြစ်သူများသည် ကြက်သွန်နီဥ ပြုတ်ရည်ကို သောက်သုံးပါက ပျောက်ကင်းနိုင်ပါသည်။
***(အချို့နေပူထဲမှ ပြန်လာပါက ဆီးပူ ဆီးအောင့်မဖြစ်စေရန် ကြိုတင် ကာကွယ်သည့် အနေဖြင့် သောက်သုံး ကြပါသည်။)
ဆီးချုပ်တတ်သော ကလေးလူ ကြီးများသည် ကြက်သွန်နီဥ အနေတော်ကို မီးဖုတ်၍ ဓားဖြင့် ထက်ခြမ်းခွဲကာ ထိုကြက်သွန်နီဥ အခြမ်း ပူပူနွေးနွေးကို ဆီးအိမ်ပေါ်၌ တင်(ကပ်) ပေးပါက ချက်ချင်းပျောက်ကင်းစေပါ သည်။
ချမ်းတုန်နေသောသူများအား ကြက်သွန်နီဥအနေတော်ကို ထက် ပေးခြင်း၊ နားကိုက်၊ နားပြည်ယိုများ ကို နားအတွင်းသို့ ထည့်ပေးခြင်းအားဖြင့် ပျောက်ကင်းစေ ပါသည်။
ထို့ပြင် ကြက်သွန်နီဥ၊ ထန်းဖို ထန်းလျက် (ထန်းဖိုထန်းလျက်မှာ ဆေးဖက်ဝင်ပြီး၊ ထန်းမ ထန်းလျက်မှာ ဆေးဖက်မဝင်ပါ)၊ မန်ကျည်းမှည့်၊ ဆားနှင့် စမုန်တို့ကို ရောကြိတ်၍ ထောပတ်နှင့်နယ်ကာ ဖန်ပုလင်းထဲ တွင် ထည့်၍ ဝမ်းချုပ်၊ လေဆန်၊ လေပူ၊ ရင်အောင့်၊ ခါးအောင့်၊ အကြောတက်ရောဂါများအတွက် တေဆေးအဖြစ် နေ့စဉ်စားသုံးနိုင်ပါ သည်။
သွေးပါသော လိပ်ခေါင်းရောဂါ ဝေဒနာရှင်များအတွက် ကြက်သွန်နီ ဥအရည်ကို သကြားအနည်းငယ်နှင့် ရော၍ တစ်နေ့တစ်ကြိမ် သောက်သုံးပါက ပျောက်ကင်းစေ ပါသည်။
ထို့အပြင် အဆိပ်ရှိသော သတ္တ ဝါများ ကိုက်လျှင် ကြက်သွန်နီဥ၏ လတ်ဆတ်သော အစေးကို ကွမ်းစား ပွတ်ခြင်း၊ ကြက်သွန်နီဥ အရည်ကို သုတ်လိမ်းပေးခြင်းဖြင့် အဆိပ်မတက် ဟုဆိုကြပါသည်။
မြန်မာအမျိုးသမီးများသည် ဟင်းချက်သည့်အခါ ဖြစ်စေ၊ဟင်းရွက်၊ အသားသုပ်သည့်အခါဖြစ်စေ စား ကောင်း၍ အာဟာရဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်ပြည့်စုံ ဆေးဖက်ဝင် စေရန်အတွက် ထည့်သွင်းကြလျက် ရှိကြပါသည်။
ကြက်သွန်နီသည် လူအများ အတွက်သာ ဆေးဖက်ဝင်သည် မဟုတ်ပေ။
ကျွဲ၊ နွား၊ မြင်းအတွက် လည်း ဆေးဖက်ဝင်ပါသည်။ ဝဲရောဂါ၊ ဆီးချုပ်၊ ဝမ်းချုပ်၊ အကျိတ်ရောင် ရောဂါများအတွက် မျက်စဉ်းဆေး အဖြစ် အသုံးပြု၍ ရသလို၊ ခွာနာများ အတွက်လည်း အင်တွဲ၊ ဒုတ္ထာတို့ကို ရောကြိတ်၍ အုန်းဆီနှင့် ဖျော်လိမ်း ပေးပါက လျင်မြန်စွာ ပျောက်ကင်း စေပါသည်။
ဆိုရလျှင် ကြက်သွန်နီဥသည် သာမန်စားသုံးသည့် ဥမဟုတ်ဘဲ လွန်စွာအဖိုးထိုက်တန်လှသော ဆေးဖက်ဝင် ကြက်သွန်နီ ဥဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ကြက်သွန်နီ၏ ဆေးဖက်ဝင်အာနိသင်များ
၁ ။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။
၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။
၃ ။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။
၎ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ၀မ်းဗိုက်နာရောဂါ ပျောက်၏ ။
၅ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ၀မ်းရောဂါ ပျောက်၏ ။
၆ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။
၇ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။
၈ ။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။
၉ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။
၁၀ ။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တ၀ါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝဖြင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။
၁၁ ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်သည်။
နေ့တိုင်းဟင်းချက်ရာမှာ မပါမဖြစ်တဲ ကြက်သွန်နီ
ကြက်သွန်နီ လှီးရင် မျက်ရည်ကျ ရလို့ ဆိုပြီး ဟင်းလျာထဲ ထည့်မချက်ဘူး လို့များ စိတ်မကူး လိုက်ပါနဲ့။ ကြက်သွန်နီက သင့် ကျန်းမာရေး အတွက် ကောင်းမွန် စေနိုင်တာ ကြောင့်ပါ။ ကြက်သွန်နီမှာ အစွမ်းထက် ဆာလဖာ ဒြပ်ပေါင်းတွေ ပါဝင် နေတာကြောင့် အနံ့စူးရှ နေတတ် ပေမယ့် ကျန်းမာရေး အတွက်တော့ တကယ် ကောင်းပါတယ်။
လေ့လာမှု ပေါင်းများစွာအရ ကြက်သွန်နီဟာ ဆီးချို သွေးချို ရောဂါရှိတဲ့ တိရစ္ဆာန်တွေရဲ့ မြင့်မားနေတဲ့ သွေးတွင်း သကြားဓာတ်ကို လျှော့ချ ပေးနိုင်ကြောင်း သိရပါတယ်။ ဆီးချို သွေးချို ရောဂါ ရှိတဲ့ ကြွက် တွေကို လေ့လာခဲ့တဲ့ အီဂျစ် လေ့လာမှု တစ်ရပ် အရ ကြက်သွန်နီ Juice ဟာ သွေးတွင်း သကြားဓာတ်ကို ၇ဝ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်တာကို အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ အိန္ဒိယမှာ လုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ဆီးချို သွေးချို ရောဂါ ရှိသူတွေဟာ တစ်နေ့ကို ကြက်သွန်နီ နှစ်အောင်စခန့် စားလိုက်တဲ့ အခါမှာ သွေးတွင်း သကြားဓာတ် သိသိသာသာ လျော့ကျမှု ရှိတာကို တွေ့ရပါတယ်။
လေ့လာမှုတွေအရ ကြက်သွန်နီထဲ မှာပါတဲ့ ဆာလဖာ ဒြပ်ပေါင်းကော အင်တီ အောက်ဆီးဒင့် တွေပါ သွေးတွင်း သကြားဓာတ် မြင့်တက်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုးတွေကို လျော့ကျ စေကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ကြက်သွန်နီ တွေဟာ သွေးတွင်း ကောင်းတဲ့ ကိုလက်စထရော (HDL) ကို မြင့်တက် စေဟန် ရှိပါတယ်။ လေ့လာမှု တစ်ရပ်အရ ဖလေဗိုနွိုက် ပေါများစွာ ပါဝင်တဲ့ တခြား အစာတွေနဲ့ အတူ ကြက်သွန်နီ အများဆုံး စားသူတွေဟာ နှလုံးရောဂါ ဖြစ်နှုန်းကို ၂ဝ ရာခိုင်နှုန်း လျော့ကျ စေကြောင်း သိရပါတယ်။ ကြက်သွန်နီမှာ ဆာလဖာ ဒြပ်ပေါင်း ပါဝင်တာကြောင့် အက်စပရင် ဆေးပြားလိုပဲ အန္တရာယ်ရှိတဲ့ သွေးခဲခြင်း ဖြစ်စဉ်ကို လျော့ကျ စေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်း ကိုလည်း လျော့ကျ စေပါတယ်။ ကြက်သွန်နီဟာ ခရိုမီယမ်ဓာတ် အပေါများဆုံး အစားအစာတွေ ထဲမှာ ပါဝင် နေတာကြောင့် အင်ဆူလင်အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို အားကောင်း စေပါတယ်။
ကြက်သွန်နီထဲမှာပါတဲ့ ဆာလဖာဒြပ်ပေါင်းနဲ့ ဖလေဗိုနွိုက်တွေဟာ ကင်ဆာ အမျိုးမျိုး မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ တရုတ် လေ့လာမှု တစ်ရပ်အရ နုပ်နုပ် စဉ်းထားတဲ့ ကြက်သွန်နီ ထမင်းစားဇွန်း တစ်ဇွန်းကို နေ့စဉ် စားပေးတဲ့ အမျိုးသားတွေဟာ စားနှုန်း ကြက်သွန်နီ၏ ကျန်းမာရေး အကျိုးကျေးဇူး နည်းတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို တစ်ဝက် နီးပါး လျှော့ချပေး နိုင်တာကို တွေ့ရှိခဲ့ ရပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ ဖလေဗိုနွိုက်တွေဟာ အဆုတ် ကင်ဆာ အန္တရာယ်ကိုလည်း လျော့ကျ စေနိုင်ပါတယ်။ လေ့လာမှု တချို့ အရ ကြက်သွန်နီဟာ အရိုးတွေရဲ့ တည်ဆောက်မှုကို အားကောင်း စေပြီး အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
ကြက်သွန်နီမှာ ပါဝင်တဲ့ ဆာလဖာ ဒြပ်ပေါင်း တွေဟာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင် ရှိတာကြောင့် အဆစ် ရောင်ရမ်းနာကြောင့် ခံစားရတတ်တဲ့ ကိုက်ခဲ နာကျင်မှုနဲ့ ရောင်ရမ်း မှုတို့ကို သက်သာ စေပါတယ်။ ကြက်သွန်နီတွေမှာ ဗီတာမင်စီနဲ့ ဘီတာကယ်ရိုတင်းလည်း ပါဝင်နေပါတယ်။ ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်များများကျလေ၊ အဲဒီ ကြက်သွန်နီက ကျန်းမာရေး အကျိုးကျေးဇူး ပိုရှိလေလေပါ။ ကြက်သွန်နီကို အခွံခွာပြီး မလှီးခင်မှာ ရေနဲ့ စင်ကြယ်အောင် ဆေးကြောပေးပါ။ ကြက်သွန်နီဆိုတာ မြေကြီးအောက်မှာ ပေါက်တာကြောင့် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယား ပိုးတွေ ကပ်ညိ နေနိုင်ပါတယ်။ ကြက်သွန်နီကို အေးမြ ခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားပါ။ ရေခဲသေတ္တာထဲနဲ့ အာလူးသီးတွေ အနားမှာ မထားပါနဲ့။ အာလူးသီးဟာ အစိုပြန် တတ်တာကြောင့် ကြက်သွန်နီတွေ မြန်မြန် ပုပ်လွယ် နိုင်လို့ပါ။
ဆီးလမ်းကြောင်းတွင် ကျောက်တည်နေခြင်းအတွက်
ကျား / မ မရွေး ဆီးလမ်းကြောင်းတွင် ကျောက်တည်လေ့ ရှိကြပါတယ်။
ဆီးလမ်းကြောင်းတွင် ကျောက်တည်သည် ဟုဆရာဝန် မှတ်ချက်ပြု လျှင်ငွေလည်း မကုန် ။သဘာဝ နည်းလမ်းဖြင့် လွယ်ကူစွာကုသနိုင်သည်။
ကြက်သွန်နီဥ ကြီးကြီး တစ်လုံးအား ခေါင်း နည်းနည်း ဖြတ်။ အခွန် ပါးပါး ခွါ။ ဓားဖြင့် မပြုတ်ထွက်အောင်။ လေးစိတ် စိတ်။ ဖန်ခွက် အတွင်း ရေသန့်ဖြင့် (၂) နာရီခန့် စိမ်။
ထို စိမ်ရေ ကို တစ်ရက်လျင် မနက်~ နေ့လည် ~ ည
တစ်ရက် (၃) ကြိမ်သောက်ပါ။
တခါ စိမ်ပြီးတိုင်ကြက်သွန်နီဥ အသစ်တစ်လုံးရေသန့် တစ်ခွက်အသစ်လဲပေး ရပါမည်။
တစ်ပါတ်ပြည့် လျင်ဆရာဝန်နှင့် ဆေးပြန် စစ်ကြည့်ပေးပါ။
ရောဂါ သေးလျင် တခါတည်း ပျောက်သွားပါ လိမ့်မည်။မပျောက်သေးလျင် တစ်ပါတ် တိတိ ပြန်ဆက် သောက်ပေးပါ။တစ်လ နှစ်လ အတွင်း လုံးဝ ပျောက်သွားပါ လိမ့်မည်။
မှတ်ချက်။ ။ကြက်သွန်ဥ စိမ်ရေ ဘယ်လောက် သောက်သောက်အန္တရာယ် မရှိပါ။ ဘေးထွက် ဆိုးကျိုးလည်း မရှိပါ။
လူ (၅) ယောက်တွင်လူ (၄) ယောက် လက်တွေ့ ပျောက်ကင်းသည်ကို တွေ့ရှိရပါသည်။
ထို့ပြင်ကြက်သွန်နီသည် သွေးပျစ် သွေးခဲသောရောဂါများအတွက်
သွေးကျဲခြင်းကို ကူညီပေးသည်။

ဆံပင်ကျန်းမာရေးအတွက် ကြက်သွန်နီရည်ကုထုံး
(ဆံပင်သန်စွမ်းနက်မှောင်စေဖို့ သဘာဝနည်းလမ်းတွေထဲက Onion Juiceခေါ်တဲ့ ကြက်သွန်နီရည် နည်းလမ်းပါ။)
(၁) ကြက်သွန်နီ ၃ လုံး ၄ လုံးလောက်ကို အခွံခွာပြီး ရေစင်စင်ဆေးပါ။
(၂) အခွံခွာပြီးသားကို အတုံးသေးလေးတွေ လှီးပြီးတော့ blender ကြိတ်စက် မွှေစက်ထဲ ထည့်ကြိတ်ပြီး အရည်ညှစ်ထုတ်လိုက်ပါ။
(၃) အဲဒီကြက်သွန်နီအရည်ကို ဦးရေပြားပေါ် တိုက်ရိုက်ထည့်ပြီး ခပ်သာသာလေး နှိပ်နယ်ပေးရပါမယ်။
(၄) ဆံပင်အမြစ်တွေနဲ့ ဦးရေပြားပေါ်ကို ပိုဆွတ်ပေးပါ။ ကြက်သွန်နီရည် ဆွတ်ပြီး တစ်နာရီလောက်တော့ ထားရပါမယ်။
(၅) ပြီးရင်တော့ ရိုးရိုးရေနဲ့ ဆေးချလိုက်ပြီး ခေါင်းလျှော်ရည် ခပ်ပျော့ပျော့နဲ့ လျှော်ချလိုက်ပါ။
အဲလိုမျိုး ရက်ခြား ခေါင်းလျှော်ပေးရင် သိပ်မကြာခင်မှာ ဆံပင်နဲ့ဦးရေပြားအတွက် အကျိုးထူးလာမှာပါ။
ဘယ်တော့ အကျိုးထူးမလဲလို့ သိချင်သူတွေအတွက် ကျနော်တို့ ကျန်းမာရေးသတင်းများ ပေ့ခ်ျကနေ ဒီနည်းလမ်းသုံးမယ့်သူတွေကိုလဲ စိတ်တော့ရှည်ပေးပါ လို့ ရင်းရင်းနှီးနှီး ပြောချင်ပါတယ်။ ပုံမှန်လေး သုံးစွဲသွားရင် အနည်းဆုံး တစ်လလောက်ဆို အခြေအနေ သိသာလာမှာပါ။
ကြက်သွန်နီရည် ကုထုံးကတော့ ရိုးရိုးဆံပင်ကျွတ်တာတွေ၊ ဆံပင်အကွက်လိုက် ကျွတ်ပြီး ထိပ်ပြောင်တာမျိုးတွေနဲ့ ဦးရေပြား ယားယံတာမျိုးတွေအတွက် သက်သာစေပါတယ်။
ကြက်သွန်နီဖြင့် ဆံပင်သန်စွမ်းအောင် လုပ်ဆောင်နိုင်တဲ့ အခြားနည်းလမ်းများကိုလည်း နောက်ထပ်ဖော်ပြပေးသွားပါမယ်။
ဝမ်းချုပ်သူအတွက် ကြက်သွန်နီ
ကြက်သွန်နီတွင် လူသားတို့ကျန်းမာရေးအတွက် ထူးခြားသောစွမ်းအားထူးများရှိပါ၏။
ဝမ်းချုပ်နေလျင် ထမင်းစားသောအခါ ကြက်သွန်နီ(၁)လုံးကို(၄)စိတ် စိတ်၍လည်းကောင်းထုထောင်း၍သော်လည်းကောင်း (သို့) လက်သုပ်သုပ်ပြီး နေ့စဉ်သာ သုံးဆောင်ပေးသွားပါက
ဝမ်းချုပ်ရောဂါပျောက်ကင်းသွားပါလိမ့်မည်။
သိမီသမျှဆေးသုတသာဖြစ်ပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)
မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ။