စွယ်စုံကွမ်းရွက် ဆေးစွမ်းထက်




စွယ်စုံကွမ်းရွက် ဆေးစွမ်းထက်
🌿🌿🌿🌿🌿🌿🌿🌿🌿🌿

၁။ ဓာတ်မတည့်၍ ခန္ဓာကိုယ်အင်ပျဉ်ထသူများသည် ကွမ်းရွက်သုံးရွက်ကို မတ်ခွက်တွင် ထည့်၍ ရေနွေးစိမ်ထားပြီး ရေချိုးပြီးတိုင်း သောက်ပေးခြင်းဖြင့် အင်ပျဉ်များ ပျောက်ကင်းစေပါသည်။

၂။ ကွန်ပျူတာဖြင့် နေ့စဉ်လုပ်ကိုင်ရသောကြောင့် ဇတ်ကြောတက်၊မျက်ရိုးကိုက်သူများသည် ကွမ်းရွက်ကို ပြားစေ့အဝိုင်းခန့်ဆုတ်ပြီး နားထင်နှစ်ဖက်နှင့် မျက်မှောင်နှစ်ခုကြားတွင် ကပ်ပေးခြင်းဖြင့် ဇတ်ကြောတက်ခြင်း၊မျက်ရိုးကိုက်ခြင်းများ သက်သာပျောက်ကင်းစေပါသည်။

၃။ မျက်မှန်ဒီဂရီ တက်သူနှင့် မျက်စိသူငယ်အိမ် စောင်းသူများသည်လည်း ညအိပ်ရာဝင်ချိန်တွင် ကွမ်းရွက်ကို ပုံမှန်ကပ်ပေးခြင်းဖြင့် မျက်မှန်ဒီဂရီ လျော့ကျစေပြီး သူငယ်အိမ်စောင်း၍ မျက်မှန်တပ် ရသူများမှာ တစ်လခန့် ကပ်ရုံဖြင့် မျက်မှန် လွတ်ကင်းနိုင်ပါသည်။ ကွမ်းရွက်သည် အတွင်းတိမ်၊ဒဏ်တိမ် ရောဂါတို့ကိုလည်း ပျောက်ကင်းနိုင်ပါသည်။

၎။ တုပ်ကွေးမိလျင်လည်း ကွမ်းရွက်နှင့် ချင်းတက်၊ထန်းလျက်ပြုတ်ရည်တွင် ဆားလှော် သို့မဟုတ် ကျပ်ခိုး အနည်းငယ် ထည့်၍ ခပ်ပူပူလေး မှုတ်၍သောက်ကာ စောင်ခြုံပြီး ချွေးအောင်းခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။

၅။ ကလေးသူငယ်များ အပူကြီး၍ ဖျားလျှင်လည်း ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့တွင် လိမ်းပေးနိုင်သည်။ နှာစေး၊နှာပိတ်လျှင်လည်း ကွမ်းရွက်အဝိုင်းငယ်ကို ကလေး၏ ငယ်ထိပ်တွင် ကပ်ပေးနိုင်သည်။
ချွဲထ၊ ရင်ကြပ်လျှင်လည်း ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင် ကပ်ပေးနိုင်သည်။ ဝမ်းချုပ်၊ ဆီးချုပ်ဖြစ်လျှင်လည်း ကွမ်းရိုးကို အုန်းဆီသုတ်ပြီး ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီး လှည့်ပေးလျင်လည်း ဆီးရော ဝမ်းပါ သွားစေနိုင်သည်။

Credit မူရင်းရေးသားသူ