ကလမက် ၊ ကရမက်ပင် အကြောင်းသိကောင်းစရာ

ကလမက် ၊ ကရမက် အသား
Mansonia gagei J. R. Drumm.
Family Malvaceae
ကလမက် ၊ ကရမက် အသား
ကျနော်တို့တတွေ အတော်များများ သိသလိုလိုနဲ့ မှားနေတတ်တာက ကရမက် ၊ ကလမက် ၊ ကရမက်ပန်း၊ ကရမက် အသား၊ စသည်တို့ပါဘဲ၊ ရေမိုးချိုးပြီး သနပ်ခါးလေးလိမ်း နဲ့ ကရမက်တုံးလေး သွေးခါလူးတဲ့ အသားက Mansonia gagei ဆိုသော အပင်ကနေရတာဖြစ်တယ်။ မျိုးရင်းက Malvaceae ထဲကဖြစ်ပါတယ်။ အရင်က Sterculiaceae ထဲကဖြစ်တယ်။

ကရမက်အသား နဲ့ ကရမက်ပန်း မတူပါဘူး
ကျနော်တို့မှားတတ်တာက တောကရမက် ခေါ်သည့် တောင်ဖက်ဝန်းအပင်နဲ့ဖြစ်တယ်၊ ၂ ပင်က မတူကြဖူး ၊ အညာက ဘုန်းကြီးကျောင်းတွေမှာ စိုက်သည့် ကရမက်ပန်းက အရွက်ကြီးတွေက ညိုဝါဝါအရောင် မာမာတင်းတင်း လက်ဝါးပုံရွက်ပြားကြီး အပင်သိပ္ပံအမည်က Pterospermum aerifolium ဖြစ်တယ်၊ လူတိုင်းက ဒီအပင်ကအသားကို ကရမက်ထင်နေကြတယ်၊ မဟုတ်ပါဘူး၊ Facebook တခွင်လည်းလွဲနေတာအများကြီး၊ သူ့ရဲ့ပန်းပွင့်ကြီးတွေက ငှက်ပြောသီးအငယ်စားလောက်ဖြစ်ကာ ရွှေဝါရောင်ပွင့်ဖတ်ထူထူ အဖြူရောင်ပွင့်ချပ်နဲ့ ကရမက်ပန်းဖြစ်တယ်၊ မွှေးတယ်၊ မကြာခင်ကရေးခဲ့ဖူးပါတယ်၊
အခုကျနော်ရေးမည့်အပင်က ပန်းမဟုတ် မိန်းကလေးများရေချိုးပြီးလျှင် သနပ်ခါးနဲ့ ရောလိမ်းသော ကရမက် နီညိုရောင် အသားတုံးအကြောင်းပါ၊ အမှန်တိုင်းဝန်ခံရရင် ကျနော်သည်ပင်လျှင် ကရမက်အပင်ကို မမြင်ဖူးသေးပါ၊ ပန်းကလေးတွေက ပုံပါအတိုင်း သေးသေးငယ်ငယ်လေးတွေပါ၊ မြိတ်လို တင်္နသာရီဖက်မှာသာပေါများစွာပေါက်တာမို့ အညာသားကျနော့်အတွက် လက်တွေ့မြင်ရဖို့ခက်ပါတယ်၊ ဒါပေမည့် ပုပ္ပါးတောင်ဘယဆေးခြံမှာတော ရှိနေတာကို ပုံအထောက်အထားရသိရပါတယ်။

အပင်ကြီးတွေက ကြီးမားလှတယ်။ အမြဲစိမ်းသော အပင်ကြီးဖြစ်ပါတယ်။ ပင်စည်ကြီးတွေက ကြီးလွန်းလို့ ဗျက်အကျယ် 70 cm ကျော်ပါတယ်။ သူရဲ့အသားက ခုတ်ပြီးချိန်မှာ နှစ်လိုဖွယ်ရာ ရနံမရှိပါဘူး၊ နောင်ကြမှ ဆွေးမြေ့စေသည့် မှိုတမျိုးဝင် ရောက်လာရာကနေတဖြည်းဖြည်း မွှေးလာတာပါ။ အလွန်မွှေးတာမို့ sandalwood အစားတောင်သုံးကြရသည်အထိပါဘဲ။
ကရမက်ဝတ္ထုထဲက စာသားလေးက ကရမက်သဘောကို ထင်ဟပ်စေတာမို့ ကူးယူဖော်ပြလိုက်ပါတယ်၊
"သစ်ပင်တွေသေသွားတဲ့အခါ ထင်းဖြစ်သွားတယ်။ ကရမက်ပင် သေသွားတဲ့အခါ မွှေးပြီးတန်ဖိုးရှိလာတယ်။ လူဆိုတာလည်းကရမက်ပင်လိုပဲ မသေခင်အရိပ်ပေးပြီး သေရင်မွှေးဖို့ တန်ဖိုးရှိဖို့အရေးကြီးတယ်။
#crdမောင်စိန်ဝင်း(ပုတီးကုန်း)
ကရမက်ပင်ဝတ္ထုမှကောက်နှုတ်ချက်
Other Uses
သစ်သားရဲ့ အတွင်း အနှစ်သား heartwood က နက်သော သံလွင် dark, olive-brown အညိုရောင်ပါ။ sapwood ကတော့ light brown အရောင်ဖြစ်တယ်။ သစ်သား wood က အလွန်မာတယ်၊ the texture တွေကတော့ close and homogeneous ဖြစ်တယ်။
စိုနေတုံးမှာတော့ ရတဲ့ ရနံ့က နှစ်လိုဖွယ်မရှိသော ရနံ့unpleasant smell ပေးပါတယ်။ အပင်အိုကနေရသော The heartwood of old trees သွေ့ခြောက်လာရင် သင်းပျံ့သော ရနံ့ကို ထုတ်ပေးလာပါတယ်။
သင်းပျံ့သော ရနံ့ ကို cosmetic အလှကုန်ပစ္စည်းများ နှင့် ရနံ့ အမွှေး fragrance အနေနဲ့ သုံးကြတယ်။
ဈေးနှုံးကြီးမြင့်လှသော sanalwood (Santalum species) နေရာအစားမှာ ဒီ ကရမက်အသားကိုသုံးကြရတယ်။ ဥပမာ မီးရှိုကြရသော ဇာပန အချို့မှာ ဒီအသားကိုသာ သုံးကြတယ်။
ကရမက် နှင့် ဆေးဖက်အသုံးဝင်ပုံများ

ဦးမင်းဇင်( ရွှေန၀င်း) ရေးသားသော "မိန်းမတို့ အသက် ကရမက်" ဆောင်းပါးထဲက အကြောင်းအရာကို မှီငြမ်းရလျှင်.....
ကရမက်သည် မြန်မာတိုင်းရင်းဆေးလောကတွင်
နံ့သာဖြူ၊ ၊နံ့သာနီ၊ အကျော်၊ စမ္ပာ၊ ကရက်မက် ဟု နံ့သာ (၅) မျိုးစာရင်းဝင် အဖိုးတန် အပင်ထွက် ဆေးပစ္စည်းမျိုး ဖြစ်ပါသည်။
* ကရမက်အပင်၌ "လူသတ်ပင်နှင့် နတ်သတ်ပင်ဟူ၍" နှစ်မျိုးရှိပြီး နတ်သတ်ပင်က သဘာဝအတိုင်း သက်တမ်းရင့်၊ သဘာဝအတိုင်းသေ၊ လွန်စွာမွှေးကြိုင်သည့် နံ့သာအနှစ် ကရမက်အစစ်ဖြစ်ပြီး ဆေးဖက်ဝင်၍ တန်ဖိုးကြီးပြီး အလွန်ရှားဧ။်။ ၄င်းအသားကို လိမ်းပြီး ရေချိုးလျှင်တောင် ခန္ဓာကိုယ်၌ ရနံ့စွဲနေသဖြင့် ရှေးမြန်မာ အဖွား၊ အမေများက " ရေချိုးခံကရမက်" ဟု ညွှန်းဆိုကြဧ။်။ ကရမက် အစအနလေးကို မီးခဲတွင် တင်ကြည့်လျှင် တစ်အိမ်လုံး မွှေးကြိုင်သွားခြင်းသည် နတ်သတ်ကရမက်ဧ။် အစွမ်းဖြစ်ပါသည်။
* လူတို့ ခုတ်လှဲသတ်ထားသည့် ကရမက်သည် သက်တမ်းနု၍ အပင်အား နံ့သာအနှစ်အောင်းပြီး ခြောက်သွေ့လာအောင် (၁) နှစ် (၂) နှစ်မထားပဲ ကရမက်တုံးအဖြစ် ထုတ်ယူမှုကြောင့် အသားမှာ ကျစ်လျစ်မှုနည်းပြီး မွှေးရနံ့ နည်းပါးဧ။်။
ဆေးဖက်ဝင်းသတ္တိများ
* အရသာ အေးဧ။်၊ ခါးဧ။်၊ ချိုပြီး မွှေးစေသည့်သတ္တိကြောင့် နှလုံးပူပန်ခြင်းကို ငြိမ်းစေဧ။်။ နှလုံးခုန်စည်းချက်ကို ပုံမှန်ဖြစ်စေသော သတ္တိရှိဧ။်။ အပူကို ငြိမ်းစေဧ။်။ ရနံ့သည် စိတ်နှလုံးကို ကြည်လင်စေဧ။်။
* အမျိုးသမီးများ မီးယပ်နှင့် ပတ်သက်သည့် မီးယပ်နည်းခြင်း၊ များခြင်း၊ မီးယပ်ဆုံးချိန် သွေးခိုးပူမှုတ်၍
ခန္ဓာကိုယ်တစ်ကိုယ်လုံး (သို့) အစိတ်အပိုင်းအလိုက် ပူခြင်း၊ ချွေးထွက်များခြင်း၊ ညအိပ်မပျော်ခြင်း၊ မီးယပ်ကွက်၊ မီးယပ်အရေပြားရောဂါ၊ မီးယပ်ချမ်းထ၊ သားအိမ်တွင်း အခိုး အပူအောင်းခြင်း၊ သားအိမ်နာ၊ အလုံး၊ အကျိတ်ဖြစ်ခြင်းကို ကရမက်က ကာကွယ်ပေးနိုင်ဧ။်
ဦးမင်းဇင်( ရွှေန၀င်း) ရေးသားသော "မိန်းမတို့ အသက် ကရမက်" ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်။
Crd....Nandar Myint
မြိတ်ကရမတ်သည် နာမည်အကြီးဆုံး ဖြစ်သည်။ သည်းခြေဆေး၊ သွေးဆေးများတွင် အသုံးပြုသည်။ တိုင်းရင်းဆေးခန်းသုံး ဆေးနံပါတ် ၁၅၊ သည်းခြေဆေးတွင် ဖော်စပ်ထားပါသည်။
Taxonomic description
Mansonia gagei Drumm
Family . Malvaceae
English Name : Bustard Sandalwood
အပင်ကြီးမျိုး ဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ပြီး လုံးပတ်မှာ ၄ ပေမှ ၈ ပေခန့်ရှိသည်။ မာကျောသည့် အညိုရောင် အနှစ်ပါရှိသည်။ အရွက်သည် ရွက်ထီး simple leaves ၊ရွက်လွှဲ alternate ၊ ရွက်စွယ် stipules ရှိသည်၊ ရွက်နားဝိုက်၍ အတွန့်များ ရှိသည်။ ပန်းပွင့်ကို ကတ္တီပါ အမွှေးနုများ ဖုံးအုပ်ထား သည်။ အနံ့မွှေးသည်။ Calyx ပွင့်ဖတ်သည် ပန်းခိုင်ဖုံးဖတ်ဖြစ်၍ အဖူးကို ဖုံးအုပ်ထားသည် ။ Petals ပွင့်ချပ် ၅ ခုပါပြီး အဖူးထဲတွင် လိမ်တွန့်နေသည်။ Gynophore မခြေတံပေါ်တွင် Stamens ၀တ်ဆံဖို ၁၀ ခုရှိသည်။ stamenodes ၀တ်ဆံဖိုမြုံ ၅ ခုရှိသည်။ locules အစေ့အိမ်ခန်း ၅ ခုရှိသည်။ winged fruits အတောင့်ပါသီး ဖြစ်ပြီး အချင်း ၂ လက်မခန့်ရှိစည်၊ အစေ့တစေ့သာပါသည်။
ကရမက်အကြောင်း ရေးသားပေးသော
ပညာရှင်အားလုံးကို လေးစားလျှက်