သဇင်ပန်း(သို့ )သန့်စင်ပန်း အထွေထွေဆေးသုံးဝင်ပုံ

"သဇင်ပန်း(or)သန့်စင်ပန်း"
%%%%%%%%%%%%%%
အထွေထွေဆေးသုံးဝင်ပုံ
တော်ဝင်သဇင်ပန်း



သဇင်ပန်းဟာသန့်ရှင်းမှု့ကိုနှစ်သက်လို့ ဒါကိုအကြောင်းပြုပြီး "သန့်စင်ပန်း" ရယ်လို့ရှေးယခင်ကပင်ခေါ်ဝေါ်မှု့ပြုကြတယ်။

.......ရှေးကစာဆိုများအရ ဘုမ္မစိုး ၊ ရုက္ခစိုး ၊ နတ်တို့အလွန်နှစ်သက်ကြပြီး နန်းတွင်းသုံး ဘုရင်၏မိဘုရားများနဲ့ တော်ဝင်မိသားစုများသာအသုံးပြုကြတာကြောင့် တော်ဝင်ပန်း ( သို့မဟုတ် ) နန်းထိုက်သည့်
ပန်းသဇင်ရယ်လို့တင်စားခေါ်ဝေါ်ကြတယ်။



သဇင်ပန်းကို ရုက္ခဗေဒအမည်နဲ့. Bulbothyllum sp. အမည်ရပြီး...
မျိုးရင်းမှာ-ORCHIDACEAE
မြန်မာအမည် သဇင်ပန်း၊ သဇင်ပန်းဥ လို့အမည်ရပါတယ်။
သဇင်ပန်းဥဟာ လက်မဝက်အရွယ်မှ တလက်မအရွယ်ခန့်အရှည်ရှိပြီး လုံးပတ် လက်မဝက်ခန့်မှ တလက်မထိခန့်ရှိတတ်ပါတယ်၊ များသောအားဖြင့် ဥဟာစိမ်းတဲ့အရောင်ရှိပါတယ်။ ဥရဲ့အောက်ခြေမှာအမြစ်များပါရှိပါတယ်၊ အချို့ဥများဟာ စိမ်းညိုရောင်ရှိပြီး တချို့အနီရောင်ရှိပါတယ်။ သဇင်နီဥဟာရှားပါးပြီးအစွမ်းအထက်ဆုံးဆေးဖက်ဝင်ဖြစ်ပါတယ်။
သဇင်ကိုများသောအားဖြင့် ရခိုင်ပြည်နယ်၊ တနင်္လာရီတိုင်း တို့မှာ သဘာဝပေါက်တဲ့မြင့်မြတ်သော သစ်ခွတမျိုးအဖြစ်တွေ့ရပါတယ် ၊ ရန်ကုန်မြို့နဲ့ ရာသီဥတုမျှတဲ့မြို့နယ်များမှာစိုက်ပျိုးဖြစ်ထွန်းပါတယ်။
စိုက်ပျိုးရာမှာ အခြားအပင်များနဲ့မတူဘဲ ကွဲပြားပါတယ်။



ဥများဟာသေးငယ်တာကြောင့် ရေသောက်မြစ်ရှိတဲ့အပင်များမှာတွယ်ကပ်စိုက်ခြင်း၊ အုန်းစွဲတိုင်များလုပ်၍ စိုက်ခြင်း၊ အုန်းသီးခွံများမှာတွယ်ကပ်စိုက်ခြင်း၊ ပန်းအိုးရှည်များမှာ အုန်းခွံ အုန်းဆံများပတ်၍ စိုက်ခြင်းများနဲ့ နည်းမျိုးစုံ စိုက်ပျိုးကြတယ်။ သန့်စင်တဲ့နေရာမှာစိုက်ပျိုးမှသာ မွှေးကြိုင် သင်းပျံ့တဲ့ ရနန့် ပြည့်စုံသောသဇင်ပန်းကိုရရှိမှာဖြစ်ပါတယ်။
ဆေးဝါးအဖြစ်ကတော့အပွင့်၊ အရွက်၊ ဥ ပဉ္စငါးပါးလုံးဆေးဖက်ဝင်ပါတယ်။
သဇင်ပန်းဥရဲ့အရသာဟာ စပ်ခြင်း၊ ဆိမ့်ခါး၊ မွှေးတဲ့အရသာရှိပါတယ် သဇင်ပန်းဥ ရဲ့ပဉ္စငါးပါးခြောက်ကို နှလုံးငြိမ်ဆေးမှာဖော်စပ်ထည့်သွင်းကြပါတယ် သွေးသန့်ဆေးများမှာလည်းထည့်သွင်းဖော်စပ်ပါတယ်။ သွေးရူး၊ လေရူးဖြစ်ပြီးအိပ်မပျော်သောရောဂါများအတွက်အဖိုးတန်ဆေးအဖြစ်ထည့်သွင်းဖော်စပ်ပါတယ်၊ သဇင်ပန်းရဲ့မွှေးကြိုင်တဲ့ရနံ့ကိုရှုရှိုက်မိရင် မူးမော်ခြင်းနဲ့ ခါင်းမကြည်လင်ခြင်းတွေပျောက်စေပါတယ်။
ခံတွင်းနံခြင်းနဲ့သွားဖုံးနာခြင်းတွေအတွက် သဇင်ပန်းဥမှုန့်ကို ဆန်လှော်မှုန့်နဲ့ရောစပ် စားပေးခြင်း၊ အာလုပ်ကျင်းခြင်းတွေ ပြုလုပ်ပေးရင် ပျောက်ကင်းစေပါတယ်။



တြိဖလ နဲ့ရောစပ်ပြီး သွားဖုံးများမှာသိပ်ပေးရင် သွားဖုံးရောင်ခြင်း၊ သွားနဲ့ခြင်း၊ သွားရင်းမှာသွေးထွက်ခြင်းတို့ပျောက်စေပါတယ်။
သဇင်ဥကိုအမှုန့်ပြုလုပ်ပြီး နွယ်ချိုမှုန့်၊ နနွင်းမှုန့်တို့နဲ့ဆတူ အချိုးကျရောစပ်ပြီး အစာအိမ်နဲ့ပါတ်သက်တဲ့ရောဂါတွေကို တိုက်ကျွေးရင်ပျောက်ကင်းစေပါတယ်။
သဇင်ပွင့် အစို, အခြောက် ကိုရှုပေးရင်မူးမော်ခြင်း၊ နှလုံးမကြည်လင် သွေးဆူခြင်း၊ ရင်တုန်ခြင်းတို့ကိုလျှင်မြန်စွာပျောက်စေပါတယ်၊ ထို့အပြင် ဝမ်းလျှော ဝမ်းပျက်များလည်းပျောက်ကင်းပါတယ်။
ခေါင်းတခြမ်းကိုက်၊ မီးယပ်ခေါင်းကိုက်များကို ဒေါင်းမြီးကွက်ပြာချပြီး သဇင်ရဲ့ပဉ္စငါးပါးအမှုန့်နဲ့ရောစပ် ရှုပေးရင်အမြစ်ပြတ် ပျောက်စေပါတယ် အဆိပ်သင့်သောသူများလည်း ရှုပေးနှိုင်ပါတယ်။

သဇင်ပန်းရဲ့ထူးခြားချက်မှာ
****************************
သဇင်ပန်းနီ ပဉ္စငါးပါးဟာ ပယောဂကြောင့်ဖြစ်တဲ့လက္ခဏာများကိုပိုမိုပျောက်စေပါတယ်။

မှိုပွင့်ပေါက်သောနေရာမှစုထွက်သောမြေကြီး၊ ဖြူဆူး၊ ပိတောက်မှို၊ ဝါမြစ်၊ ကြာရိုး၊ သဇင်နီပွင့်တို့ကိုရောစပ်အမှုန့်ပြုလုပ်ပြီး စုပေါင်းရရှိတဲ့အမှုန့်ကို ကြပ်ခိုး ( သို့ ) ရေနံမှိုင်းဖျော်ပြီး ဂုတ်ဆစ်၊ လက်နှစ်ဘက်၊ ဒူးဆစ်၊ ခြေနှစ်ဖက်တို့အား တံတောင်ဖြင့်ထောက်လိမ်းပေးရင် သူများပြုစားမရဘူးဟု အဆိုရှိသလို "စားခွက်နှိုက်" ဆေးလို့ခေါ်ကြတယ်။ ရှေးယခင်က ဒီဆေးနည်းကို ကျောက်ရောဂါနဲ့ ဝက်သက်ရောဂါ ကာကွယ်ဆေးအဖြစ်လည်း အသုံးပြုကြတယ်။ သဇင်ပန်းနဲ့သဇင်ပန်းဥအကြောင်းသိစရာလေးတွေတင်ပြရင်း...အားလုံးမင်္ဂလာဖြစ်ပါစေ။

creditမူရင်းအား
Song Wai-မတ္တရာမြို့