အမျိုးသမီးများအတွက် သားအိမ်ရောင်နေမှန်းသိနိုင်မယ့်အချက်များ




သားအိမ်ရောင်နေမှန်းသိနိုင်မယ့်အချက်များ

သားအိမ်ရောင်တယ်ဆိုတာ လူအများသိထားတဲ့ အသုံးအနှုန်းပါ။ တကယ့်လက်တွေ့မှာ လိင်ဆက်ဆံတဲ့အခါ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ပိုးဟာ မွေးလမ်းကြောင်းကတစ်ဆင့် သားအိမ်၊ သားအိမ်လက်တံပြွန်၊ မမျိုးဥအိမ်၊ သားအိမ်ခေါင်းတွေကို ရောင်ရမ်းစေတဲ့ အခြေအနေတစိခုပါ။

သားအိမ်ရောင်နေမှန်းသိနိုင်တဲ့ အချက်တွေကတော့
- အတူနေ ဆက်ဆံချိန်တွင် အလွန်အမင်းနာကျင်ခြင်း
သားအိမ်ခေါင်းရောင်နေတာကြောင့် ဆက်ဆံချိန်နာတာပါ
- အတူနေ ဆက်ဆံပြီးချိန်တွင် သွေးဆင်းခြင်း
ရောင်နေတဲ့ သားအိမ်ခေါင်းက သွေးထွက်တာပါ
- အကြောင်းမရှိဘဲမောပန်းနွမ်းနယ်နေခြင်း

- ချမ်းတုန်၍ဖျားခြင်း
ရောင်ရမ်းခြင်းကြောင့် အဖျားဝင်တာပါ။ - ဗိုက်အောက်ပိုင်းသားအိမ်နေရာတွင် အောင့်ခြင်း၊ လှုပ်ရှားသွားလာ အလေးအပင်မတဲ့အချိန်တွေမှာ ပိုသိသာပါတယ်။

- မိန်းမကိုယ်မှ အနံ့အသက်မကောင်းသော အဖြူ၊ အကျိအချွဲဆင်းခြင်း
အဖြူဆင်းတာ များတဲ့အပြင် အနံ့အသက်ပါမကောင်းတာမျိုးရှိတတ်ပါတယ်

- ရာသီလာချိန်မဟုတ်ဘဲသွေးဆင်းခြင်း
ရောင်ရမ်းနေတဲ့ သားအိမ်ခေါင်း၊ သားအိမ်မှ သွေးဆင်းတာကြောင့်ဖြစ်ပါတယ်

- ဆီးသွားစဉ်နာကျင်ခြင်းတို့ ခံစားနေရပြီဆိုပါက သားအိမ်ရောင်ခြင်းဖြစ်နိုင်ပါတယ်။

သားအိမ်ရောင်ခြင်းဟာ ဖျားရုံ၊ အဖြူဆင်းရုံနဲ့မပြီးပါဘူး။
သူရဲ့နောက်ဆက်တွဲ့အန္တရာယ်တွေကတော့
- ရောင်ရမ်းပြီးတဲ့သားအိမ်ဘေးနားမှာ အမာရွတ်တွေဖြစ်ပြီး မကြာမကြာ ပြန်ပြီး ကိုက်ခဲနာကျင်စေတာမျိုးဖြစ်စေပါတယ်။
- ရောင်ရမ်းထားတဲ့သားအိမ်ကြောင့် သားအိမ်မှာသန္တေမတည်ဘဲ နေရာလွဲမှာ သန္ဓေတည်ခြင်းမျိုးလည်းဖြစ်တတ်ပါတယ်။
- ရောင်ရမ်းထားတဲ့ သားအိမ်၊ သားအိမ်လက်တံပြွန်တွေကြောင့်
ကလေးရဖို့ခက်တာလည်းဖြစ်နိုင်ပါတယ်။

သားအိမ်ရောင်ရမ်းတာမျိုးဖြစ်ခဲ့မယ်ဆိုရင် ပိုးသတ်ဆေးကို သေချာသောက်မှ နောက်ဆက်တွဲဖြစ်ပေါ်တာတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မယ်တင် (ဆေး ၁ )
#DrZiwaka #ဒေါက်တာဇီဝက
#သားအိမ်ရောင်ခြင်း