ကရဝေးရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဆယ်ချက်

ကရဝေးရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ဆယ်ချက်
ကရဝေးရွက်က ကိုယ်တွင်း ကိုလက်စထရောပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။ အာရှဟင်းလျာတွေမှာ ကရဝေးရွက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ထည့်သွင်း စားသုံးလေ့ရှိပေမယ့် ကရဝေးရွက်ကနေ ရရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ သိသူရှားပါတယ်။ ရှေးဂရိလူမျိုးတွေက သူတို့ရဲ့ စစ်သူရဲကောင်းတွေနဲ့ အိုလံပစ်ပြိုင်ပွဲမှာ အနိုင်ရသူတွေကို ကရဝေးရွက်နဲ့ လုပ်ထားတဲ့ ခေါင်းဆောင်းတွေကို ဆင်မြန်းစေလေ့ ရှိခဲ့တယ်ဆိုပါတယ်။
ကရဝေးရွက်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
၁။ ဆံပင်သန်ပြီး ဗောက်ကင်းစေ
ဗောက်တွေထပြီး ဆံပင်တွေကျွတ်နေပါသလား။ ရှေးယခင်ကတည်းက အသုံးပြုလာခဲ့တဲ့ ဆံပင်အတွက် အကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်နေတဲ့ ကရဝေးရွက်ကို ဆူပွက်နေတဲ့ ရေနွေးထဲမှာ ပြုတ်ပြီး ရေကို အအေးခံကာ ခေါင်းလျှော်ပြီးတဲ့အခါ ခေါင်းပေါ် လောင်းချပေးပါ။ ဦးရေပြား ယားယံနေတာကို သက်သာချင်ရင်တော့ ကရဝေးရွက်ကို ကြိတ်ချေပြီး အုန်းဆီနဲ့ရောပြီး ဦးရေပြားကို ထိအောင် လိမ်းပေးပါ။ မိနစ် ၃၀ကြာထားပြီး ကြက်သီးနွေး ရေနဲ့ လျှော်ချလိုက်ပါ။
၂။ ဆီးချို ထိန်းညှိပေးခြင်း
လေ့လာမှုတစ်ရပ်မှာ တစ်နေ့ကို ကရဝေးရွက်နှစ်ကြိမ် စားသုံးသူက သွေးတွင်း သကြားဓာတ် လျော့ကျနေတာတွေကိုတွေ့ရပါတယ်။ ကရဝေးရွက်မှာပါတဲ့ ဒြပ်ပေါင်းတွေက ကိုယ်တွင်းအင်ဆူလင် လုပ်ငန်းစဉ်ကို တိုးတက်အောင် အထောက်အပံ့ပေးတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကရဝေးရွက်က အမျိုးအစား၂ – ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များတဲ့သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။ ကရဝေးရွက်က ကိုယ်တွင်းကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေနိုင်ပါတယ်။
၃။ အစာကြေညက်စေခြင်း
ဝမ်းချုပ်နေပါသလား၊ လေရောပွနေသေးလား။ ကရဝေးရွက်က အစာကြေညက်အောင် အထောက်အကူ ပြုပါလိမ့်မယ်။ ကရဝေးရွက်က ဝမ်းမီးကို ကောင်းစေပါတယ်။ ကရဝေးရွက်က အစာချေရည်ကို ထွက်အောင်လှုံ့ဆော်ပေးပြီး ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာလည်း အထောက်အပံ့ပေးပါတယ်။ ကရဝေးရွက်မှာ အစာချေဖျက်မှုကို ကောင်းမွန်အောင် အထောက်အပံ့ပေးနိုင်တဲ့ အင်ဇိုင်းတွေ ပါဝင်နေတာကြောင့် အစာချေဖျက်မှုနဲ့ပတ်သက်တဲ့ ဝေဒနာခံစားနေရသူတွေအတွက် အသုံးဝင်ပါတယ်။
၎။ နှလုံးကျန်းမာမှုကို တိုးမြှင့်ပေးခြင်း
ကရဝေးရွက်မှာ rutin နဲ့ caffeic အက်ဆစ်တို့ ပါဝင်ပါတယ်။ အဆိုပါဒြပ်ပေါင်းတွေက နှလုံးနံရံတွေကို တောင့်တင်းကောင်းမွန်စေပြီး ကိုလက်စထရော ပမာဏကို ကျဆင်းစေပါတယ်။ ကိုလက်စထရောပမာဏ များလာမှုက နှလုံးသွေးကြောတွေထဲမှာ အနည်တွေဖြစ်တာကို ဖြစ်စေပြီး အဲသည်လိုမျိုး နှလုံးသွေးကြောတွေထဲမှာ အနှစ်တွေစုပုံမှုက ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၅။ ကိုက်ခဲမှုတွေကိုသက်သာစေခြင်း
ကရဝေးရွက်မှာ ရောင်ရမ်းမှုကို လျော့ပါးစေတဲ့ အစွမ်းသတ္တိတွေလည်း ပါဝင်နေပါတယ်။ အဆိုပါ အစွမ်းသတ္တိက အဆစ်လွဲခြင်း၊ အဆစ်တွေ နာကျင်ကိုက်ခဲတာနဲ့ အဆစ်အမြစ် ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ကရဝေးရွက် အနှစ်ကို နာကျင်ကိုက်ခဲနေတဲ့ နေရာမှာ မိနစ် ၂၀ကြာ အုံထားပေးလို့ရပါတယ်။ ခေါင်းကိုက်ပါကလည်း ကရဝေးရွက် အဆီကို နဖူးမှာလိမ်းပြီး နှိပ်နယ်ပေးနိုင်ပါတယ်။
၆။ ကင်ဆာတိုက်ဖျက်နိုင်
လေ့လာမှုအချို့မှာ ကရဝေးရွက်ဟာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ အထောက်အကူ ပြုနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကရဝေးရွက်မှာပါတဲ့ phyton- utrients နဲ့ catechins ဒြပ်ပေါင်းတွေက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ပါတယ်။ လေ့လာမှုတစ်ရပ်မှာ ကရဝေးမှာ ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ အထောက်အကူပြုနိုင်တဲ့ ဒြပ်တွေပါဝင်နေပါတယ်။
၇။ အနာကျက်မြန်စေခြင်း
အနာဆွေးတွေကို ကုသရာမှာ ကရဝေးရွက် အနှစ်က အသုံးဝင်ပါတယ်။ ကရဝေးမှာ ပိုးမွှားတိုက်ဖျက်နိုင်ပြီး ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိ များစွာပါဝင်ပါတယ်။ မှိုပိုး ကူးစက်တဲ့ ရောဂါတွေကို ကုသရာမှာလည်းအသုံးဝင်ပါတယ်။
၈။ လည်ချောင်းနာတာကို သက်သာစေသလို ချောင်းဆိုးတာကိုသက်သာစေခြင်း
ကရဝေးရွက်က အသက်ရှူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ အအေးမိတာနဲ့ ခံရခက်လောက်တဲ့အထိ ချောင်းဆိုးဝေဒနာကို ခံစားနေရပါက ရေနွေးဆူဆူထဲကို ကရဝေးရွက် လေးရွက်ကနေ ငါးရွက် ထည့်ပြုတ်ပြီး ပြုတ်ရည်ကို ရင်ဘတ်မှာ ကပ်ထားပေးပါ။ အရမ်းကြီးတော့ မပူဖို့တော့ သတိပြုပါ။
၉။ ကျောက်ကပ်မှာ ကျောက်တည်တာ
ကရဝေးရွက်က သွေးထဲက urease ပမာဏကို လျော့ကျအောင် အကူအညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ urease ပမာဏ များလွန်းတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်တာနဲ့ အခြားအစာအိမ် ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။
၁၀။ စိတ်ဖိစီးမှု တိုက်ဖျက်
စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်မှုတွေ တအားများနေတယ်ဆိုရင် ကရဝေးရွက် ရေနွေးကြမ်းတစ်ခွက် သောက်လိုက်ပါ။အာရုံကြောတွေ အနားရစေပြီး စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်ခံစားရတာနဲ့ အိပ်မပျော်တာမျိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါ တယ်။ ကရဝေးရွက်က ကျန်းမာရေး အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်ပေမဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက်တော့ မသင့်တော်ပါဘူး။ ခွဲစိတ်ကုသမှု ခံယူမယ့်သူတွေအနေနဲ့ ခွဲစိတ်ကုသမှု မခံယူခင် နှစ်ပတ်လောက် အလိုကတည်းက ကရဝေးရွက်ကို မစားဘဲ ရှောင်ကြဉ်သင့်ပါတယ်။
မှုရင်းရေးသားသူအားလုံးကို လေးစားစွာဖြင့် Crd ပေးပါတယ်ခင်မျာ