ဂုံခါးပင် အကြောင်းသိကောင်းစရာ




ဂုံခါးပင် အကြောင်းသိကောင်းစရာ

*အေး-သက်-ပူ-ပွင့်
*ရသာ။ ။အေး-ခါး
*ဂုဏ်။ ။ဟိမ-ရသ(အေး-ပျံ့နှံ့)
*ကိစ္စ။ ။ဆီးများ-အဖျားနိုင်-အဆိပ်ငြိမ်း)

***ဂုံခါး။ ။အနွယ်ပင်ဖြစ်သည် အနွယ်တွင်
အပွေးများရှိသည် သစ်ပင်ကြီးများတွင်မှီ
တွယ်၍အနွယ်များတက်ရောက်သဖြင့် သစ်
ပင်ကြီးလျှင်ကြီးသလောက်အနွယ်များသွား
သည် နှစ်ကြာလျှင်အနွယ်ကြီးများကြီးလာသည်
အရွက်မှာခွေးတောက်ရွက်ကဲ့သို့ဝိုင်း၍အဖျားတွင်ချွန်သည်။အကြောများလည်းရှိသည်
အပင်နွယ်၏အထစ်များတွင်အဖူးကလေးများထွက်၍ပွင့်ကြသည်။
အရိုး-အရွက်-အပွင့်-အမြစ် ပဉ္စငါးပါးလုံးခါး
သည်။
အရွက်-အပွင့်-အမြစ်များကိုအဖျားဖြတ်ဆေး
များတွင်၎င်း-လျှာပွတ်ဆေးများတွင်၎င်း အသုံးပြုကြသည်။နို့နည်းနို့မထွက်ခြင်းရှိ
သောသားသည်မိခင်တို့ဂုံခါးရွက်ချက်စားက
နို့ ရွှင်သည်။
***ဆေးအဘိဓာန်များတွင်။  ။ဂုံခါးရွက်သည်
အဆိပ်အတောက်များကို၎င်း အဖျားနာ-ငှက်
ဖျားနာများကိုနိင်သည်။အပွင့်သည် သွေး
ချောက်၍ကြုံလှီသောအနာ-ချောင်းဆိုးနာ
ဆာလောင်သောအနာ-ချွေးထွက်နည်းသော
အနာတို့ကိုနိုင်သည်။
အမြစ်သည် ကျောတင်းသောအနာ-ဝမ်းပြည့်
နာ-ဝမ်း၌အလုံးရှိသောအနာကိုနိုင်၏။အဆိပ်
အတောက်နှင့်အဖျားတို့ပယ်ဖျောက်စေတတ်၏။သွေး သည်ခြေ သလိပ်နာ-လည်ချောင်းနာ
လျှာနာ-အာခြောက်သွေ့သောအနာတို့ကို
နိုင်၏ဟုဖွင့်ဆိုသြည်။

မှတ်ချက်။ ။ဂုံငါးပါးတွင် ဂုံခါးသည်
တပါးအပါအဝင်ဖြစ်သည်
ဂုံငါးပါး မှာ ၁။ဂုံခါး ၂။ဂုံချို ၃။ဂုံဗောဓိ
၎။မြင်စဂုံ ၅။ဟင်းစဂုံ တို့ဖြစ်ကြသည်။