ဆီးချိုအတွက် သဘာဝဆေးနည်း




ဆီးချိုအတွက် သဘာဝဆေးနည်း

ဆီးချို သွေးချို ရောဂါ

ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ် ချို့ယွင်း၍ ဖြစ်ပေါ်လာသည့်သွေးအတွင်း အချိုဓာတ် များနေသော ရောဂါတစ်ခု ဖြစ်သည်။

ဆီးချို သွေးချိုရောဂါ အဓိက အမျိုးအစားများ

ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁)
ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂)

ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၁)

ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ အင်ဆူလင်ဟော်မုန်းကို လိုအပ်သလောက် မထုတ် ပေးနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးချိုသွေးချိုရောဂါဖြစ်သည်။
ကလေးသူငယ်များနှင့် လူငယ်လူရွယ်များတွင် အဖြစ်များသည်။

ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏ ( ၅%- ၁၀%) မှာ ဆီးချိုသွေးချိုရောဂါအမျိုးအစား(၁) ဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂)

ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ ထွက်လာသော အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ် မှ အပြည့်အ၀ အသုံးမပြုနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဆီးချိုသွေးချိုရောဂါ ဖြစ်သည်။

အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။
ဆီးချိုသွေးချိုရောဂါရှင်စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းမှာ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ဖြစ်ပါသည်။
သာသာပြန်သူ- ဒေါက်တာ စိုးမြတ်ထွန်း



ဆေးနည်း

၁။ ရုံးပတီသီး ၄တောင့်ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက် ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါ။ (မှတ်ချက် – ဖုံးအုပ်ထား လို့လည်း လိုပါသည်။)

၂။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်ပါ။

အထူးသတိပြုရန် – ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါသည်။

နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည်ရင် သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါသည်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်းနိုင်ပါသည်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေရင် ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

မြန်မာရိုးရာ သဘာဝ ဆေးနည်းများ ကမ္ဘာတည်သရွေ့ မပြောက်မပျက် တည်တန်နိုင်စေရန် ရည်ရွယ်ရင်း ရှိသည့်အတိုင်း ရေးသားမှတ်တမ်းတင် အပ်ပါသည် –

လေးစားစွာဖြင့် – နိုင်မြန်မာ

 ဖတ်သမျှ မှတ်သမျှလေးတွေပါ။

#ဇီဝက