စပါးကြီးသည်းခြေ၏စွမ်းရည်




စပါးကြီးသည်းခြေ၏စွမ်းရည်
~~~~~~~~~~~~~
အထွေထွေဆေးသုံးဝင်ပုံ

အသုံးပြုနိုင်သောရောဂါအချို့
%%%%%%%%%%%%%

(၁) မျက်စေ့ ရောဂါ



မျက်စေ့နှင့်ပတ်သက်သော မျက်စေ့နာခြင်း၊ မျက်စေ့ကျိန်းခြင်း၊
မျက်စေ့မှုံစေခြင်းစသော ရောဂါအမျိုး မျိုးတို့၌ ရေပြန် ရေသန့် သို့မဟုတ်
(နှင်းရည်) တပုလင်းခန့်တွင် စပါးကြီးသည်းခြေကို တစ်ရွေးခန့်ထည့်ဖျော်
ထားပြီး မျက်စဉ်းခပ်ပေးရသည်။

မျက်စေ့အတွင်းတိမ်၊ ရေတိမ်ရောဂါတို့၌
ခပ်ပျစ်ပျစ်သွေးပြီး မျက်စေ့အတွင်းသို့ ထည့် ပေးရသည်။

ကုသရန်အလွန်ခက်ခဲသော မျက်စေ့အတွင်း၌ ကျောက်ဝင်ပေါက်သော ရောဂါတွင် ထိုစပါးကြီးသည်းခြေကိုသာလျှင် အကောင်းဆုံးသော ဆေးအဖြစ်ခပ်ပေးရပေသည်။

နောက်ဆုံးအများသုံးနေကြသော မည်သည့်မျက်စေ့ကွင်းဆေးတွင်မဆို စပါးကြီးသည်းခြေကို
ထည့်သွင်းအသုံးပြုနိုင်လေသည်။

ထိုစပါးကြီးသည်း ခြေဖြင့်
စီမံဖော်စပ်ထားသော မျက်စေ့ကွင်းဆေးဖြစ်စေ မျက်စဉ်းဆေးဖြစ်စေ
(၂)မျိုးလုံးဖြစ်စေ ရောဂါတစုံ တရာရောက်လာမှ မဟုတ်ဘဲ
ကြိုတင်ကာကွယ်မှုအနေဖြင့် အသုံးပြုနိုင်ပေသည်။

(၂)ခံတွင်း နှင့် လည်ချောင်း ရောဂါ



ခံတွင်း၌လည်းကောင်း၊ လည်ချောင်း၌လည်းကောင်း၊ အာခေါင်
ချောင်ဂလောင်တို့၌ဖြစ်တတ်သော ကုသရန်ခက်ခဲသော အနာရောဂါဟူသမျှတို့၌
ထိုစပါးကြီးသည်းခြေကို သွေးပြီး လျှာပွတ်ပေးခြင်းဖြင့် လျင်မြန်
စွာပျောက်ကင်းစေနိုင်လေသည်။

လည်ချောင်းတလျှောက်တွင် အကျိတ်အဖုဖြစ်ခြင်း၊
ငါးရိုးစသည်တို့စူးခြင်းဖြစ် ရာ၌လည်း ထိုစပါးကြီးသည်းခြေကို လိမ်းပေး၊
ပွတ်ပေးခြင်းဖြင့်လျင်မြန်စွာ ပျောက်ကင်းသက်သာစေနိုင်လေသည်။

(၃) သွားရောဂါ



သွား၌ဖြစ်တတ်သော သွားကိုက်ခြင်း၊ နဲ့ခြင်း၊ နာကျင်ခြင်း၊
ရေစီးကမ်းပြိုဖြစ်ခြင်း၊ သွားမှသွေးထွက်ခြင်း စသော
သွားရောဂါအမျိုးမျိုးတို့တွင် အကေစေ့ကို သံပုရာရည်ဖြင့် စိမ်၍ရလာသော
အမှုံတို့ကို စပါးကြီးသည်း ခြေနှင့် ရောစပ်ပြီး သွားတွင်သိပ်ပေးခြင်း၊
ရေနွေးနှင့်ငုံခြင်းတို့ဖြင့် လျှင်မြန်စွာပျောက်ကင်းချမ်းသာစေနိုင်လေ
သည်။

လျှာ အာ ကွဲခြင်း ကလေးလျှာနာရောဂါများ၌လည်း အသုံးပြုနိုင်သည်။

(၄) နား ရောဂါ

နားနှင့်ပတ်သက်သော နားလေးခြင်း၊ နားလေးထွက်ခြင်း၊ နားပုပ်ခြင်း၊
နားပြည်ယိုခြင်း၊ နားကိုက်ခြင်း စသော ရောဂါများအတွက်
ထိုစပါးကြီးသည်းခြေကို နှမ်းဆီစစ်စစ်ဖြင့် ရောချက်ပြီးလျှင်
နားကျပ်ဆီအဖြစ်ဖြင့် အသုံးပြုလျှင် ရောဂါကို လျှင်မြန်စွာ
ပျောက်ကင်းသက်သာစေတတ်သော အကောင်းဆုံးသော နားကျပ်ဆီဖြစ် ပေသည်။

(၅) နှာခေါင်း ရောဂါ

နှာခေါင်းနှင့် ပတ်သက်၍ နှာခေါင်းပိတ်ခြင်း၊ ဆို့ခြင်း၊
အသားပိုဖြစ်ခြင်း၊ အဖုအကျိတ်ဖြစ်ခြင်းတို့တွင် လည်း
ထိုစပါးကြီးသည်းခြေကို ရေအေးနှင့်သွေးပြီး တို့ပေးခြင်း၊
ရှူပေးခြင်းတို့သည် အကောင်းဆုံးဖြစ်ပေသည်။

(၆) လေငန်း ရောဂါ
လေငန်းရောဂါကြောင့် ရွဲ့စောင်းခြင်း၊ လျှာတိုဝင်ခြင်း၊
လျှာစောင်းရွဲ့သွားခြင်း၊ လိမ်သွားခြင်း၊ လျှာမလိမ်း
နိုင်ခြင်းတို့တွင်လည်း ထိုစပါးကြီးသည်းခြေကိုပင်လျှင်
လျှာပွတ်ဆေးအဖြစ်ဖြင့် အသုံးပြုရလေသည်။

(၇) သူငယ် အတက်ရောဂါ
အမျိုးမျိုးတို့၌လည်း ထိုစပါးကြီးသည်းခြေကိုပင် လျှာပွတ်ပေးခြင်း၊
မျက်စဉ်းခပ်ပေးခြင်းတို့ဖြင့် ပြုလုပ်အသုံးချရလေသည်။

(၈) ဆီးရောဂါ


ဆီးနှင့် ပတ်သက်သောရောဂါအမျိုးမျိုးတို့၌လည်းကောင်း၊ ဆီးပူသောရောဂါ၊
ဆီးကျင်သောရောဂါ၌ လည်းကောင်း၊ ဆီးအောင့်သောရောဂါတို့၌လည်းကောင်း
ထိုစပါးကြီးသည်းခြေကို နံ့သာဖြူရည်နှင့်သွေးပြီး သောက်ရလေသည်။

သူငယ်တို့တွင်
ဖြစ်မူ ၄င်းကို ရေအေးနှင့်သွေးပြီးလျှင်
ချက်ကိုလက်ျာရစ်(၃)ရစ်ပတ်လိမ်းပြီး လျှင် ဆီးလမ်းအတိုင်း၊
ဆွဲလိမ်းပေးရသည်။

ထိုသည်လည်း လျင်မြန်စွာပျောက်ကင်းသက်သာစေနိုင်သော
နည်းဖြစ် ပေသည်။

- လေငန်းရောဂါတွင် အထူးအနေဖြင့် လျှာပွတ်ပေးလိုလျှင်
၎င်းစပါးကြီးသည်းခြေကို လေညှင်းပွင့်တပွင့်၊ ဇာဒိဖ္ဖိုလ်သီးတလုံးနှင့်
အတူရောသွေးပြီး၊ လျှာပွတ်ပေးခြင်း၊ လိမ်းနယ်ေ​ပးခြင်းတို့ကို
ပြုလုပ်ပေးနိုင်လေသည်။

တနည်းအားဖြင့် ထိုစပါးကြီးသည်းခြေကို
ကြက်သွန်ဖြူစသော အနံ့မွှန်သောဆေးဘက်များနှင့် ရောနှောကြိတ် ချေပြီးလျှင်
တင်ပါးအောက် မြီးညောင့်ရိုးမှနေပြီး ပွတ်လိမ်းပေးနိုင်လေသည်။

- သူငယ်နာအကြောတက်၊ အကြော ထုံ ရောဂါတို့တွင်လည်း ထိုစပါးကြီးသည်းခြေနှင့်
နှမ်းဆီကို ကျက်အောင်ချက်ပြီးလျှင် သောက်ပေးရသည်။

ထိုဆိုခဲ့သော
စပါးကြီးသည်းခြေသည် ဆေးအုပ်စု(၅)မျိုးတွင် "ဆေးလွန်"အုပ်စုဖြစ်ပေသည်။
ထို "ဆေးလွန်"ကို အစားထိုးသုံးစွဲ၍မရကောင်းချေ။
၎င်းကိုသာလျှင်အစစ်ရအောင် ရှာဖွေအသုံးပြုရမည်ဖြစ်ပေသည်။

"ဆေးလွန်မျိုး" ဟူသည် ဤကဲ့သို့ အစွမ်းသတ္တိကိုသာ အစဉ်အလာသုံးစွဲခဲ့သော
နည်းကိုသာ ကြည့်၍ အသုံးပြုရသည်။

အရသာသိမှု
" ပူ-အေး-တက်-သက်-ပွင့်-ပိတ်-ပြည့်-ဖျက်(၈)ချက်" ဖြင့်လည်း
တိုင်းတာမရနိုင် ချေ။

ဓာတ်ခွဲသောနည်းဖြင့် ခွဲယူသော်လည်း
ထူးခြားကွဲပြားချက်ပေါ်လာမည်မဟုတ်ချေ။ ထိုကို "ဆေးလွန်"ဟု ခေါ်ပါသည်။
အခြားသောဆေးတို့ကိုလည်း ထိုအတိုင်းယူငင်နိုင်ရန်ဖော်ပြရခြင်းဖြစ်ပါသည်။

မှတ်ချက်
သိမ်ဖြူဆေးသိပ္ပံ ဆရာတော် နောက်ဆုံးရေးသားခဲ့သော
"လူသားနှင့်မူလကိုယ်ခံစွမ်းအား" စာအုပ်မှ
" စပါးကြီး သည်းခြေ၏စွမ်းရည် မှ

Creditမူရင်းအား
Song Wai-မတ္တရာမြို့