စပျစ်သီးစေ့အဆီ နှင့် စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ




စပျစ်သီးစေ့အဆီ နှင့် စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ

စပျစ်သီးစေ့အဆီ၏ အကျိုးကျေးဇူးများ

ဝိုင်ထုတ် လုပ်ရာ မှ ဘေးထွက် ပစ္စည်းတစ်ခု ဖြစ်သော စပျစ်သီး အစေ့ အဆီတွင် အိုမီဂါ-၆ ဖက်တီး အက်စစ် ကြွယ်ဝ စွာ ပါဝင်ပြီး ဆံကေ သာနှင့် အသား အရေ အတွက် အသုံး ပြုနိုင် ကာ ဟင်းချက် ရာတွင် လည်း အသုံး ပြုနိုင် သည်။

စပျစ်သီး အစေ့ အဆီကို သဘာဝ အလှ ကုန်အဖြစ် အသုံး ပြုပြီး ကျန်းမာရေး နှင့်ညီသော ဟင်းချက် ဆီ အဖြစ် လည်း သုံးနိုင် သည်။ စပျစ်သီး အစေ့ အဆီ၏ ကျန်းမာရေး အကျိုး ကျေးဇူးများ သည် အငြင်းပွား ဖွယ်ဖြစ်နေပြီး ယင်း သည် အဆီထုတ် လုပ်ပုံ ကြောင့် ဖြစ် သည်။ စပျစ်သီး အစေ့ အဆီ ထုတ်လုပ်ရာ၌ ဓာတု ပစ္စည်း များမသုံး ထားသော အဆီ ဖြစ် ရန်လိုသည်။

ယင်း ကဲ့သို့ ဓာတု ပစ္စည်းများ သုံးထားခြင်း မရှိသော စပျစ်သီး အဆီ များတွင် အိုမီဂါ-၆ ဖက်တီး အက်စစ် အများစု ပါဝင်ပြီး နှလုံး ကျန်းမာရေးကို အထောက် အကူ ပြုနိုင် သည်။

ယင်း ဖက်တီး အက်စစ်များ က ကိုလက် စထ ရောကို လျော့ကျ စေပြီး နှလုံး ရောဂါဖြစ်ပွား နိုင်သည့် အန္တရာယ် များကို လျှော့ချ ပေး သည်။

သို့သော် အကောင်း ဆုံး အကျိုး ကျေးဇူးများ ရရှိ နိုင်ရန် အိုမီဂါ -၆ ဖက်တီး အက်စစ်နှင့် အိုမီဂါ-၃ ဖက်တီး အက်စစ်ကို သေချာစွာ ဟန်ချက် ညီမျှ အောင် လုပ်ဆောင် ရန်လိုသည်။

လူများ စုသည် အိုမီ ဂါ-၆ ဖက်တီးအက်စစ်ကို ပိုမိုရရှိရန် လွယ်ကူပြီးအိုမီဂါ-၃ ဖက်တီး အက်စစ်ရရှိမှု နည်းပါး သည်။ အိုမီဂါ-၆ ဖက်တီး အက်စစ် များလွန်း ပါက ကင်ဆာအပါ အဝင် ပြင်းထန်သော ရောဂါများ ဆီသို့ ဦးတည်သွား နိုင်ကြောင်း လေ့လာမှု က ဖော်ပြ သည်။

စပျစ်သီး အစေ့ အဆီတွင် သံလွင်ဆီ ထက်ပင် ဗီတာမင်အီး ကြွယ်ဝစွာ ပါဝင်သဖြင့် မှတ်ဉာဏ် ဆုံးရှုံးမှုကို ကာကွယ် နိုင်သည်။ အလှကုန် ပစ္စည်းထုတ် လုပ်သော ကုမ္ပဏီများက ယင်းတို့၏ အသားအရေ ထုတ်ကုန် နှင့် ဆံကေသာ ထုတ်ကုန် များအတွက် စပျစ် သီးအစေ့ အဆီကို အသုံးပြု သည်။

စပျစ်သီးအစေ့အဆီကို အသားအရေစိုပြည်စေရန်၊ ဝက်ခြံ ပျောက်စေရန်၊ အသားအရေလင်းလက်စိုပြည်စေရန်၊ အမာရွတ် လျော့ပါးစေရန်နှင့် မိတ်ကပ်ဖျက်ရန် အသုံးပြုကြသည်။

စပျစ်သီး အစေ့အဆီကို ထိပ်ပြောင် ခြင်းအတွက် သဘာဝကု ဆေးအဖြစ် အသုံးပြုပြီး ဆံပင်ပို သန်စေ ရန်နှင့် အသား အရေ နုပျို စေရန် အသုံး ပြုသည်။



ကျောက်ကပ် ပျက်စီးမှုမရှိအောင် စပျစ်သီးအစေ့ စားပါ။

နှလုံးသွေးကြောတွေကို ပိတ်ဆို့နိုင်တဲ့ အဆီတွေဟာ ကျောက်ကပ်အတွင်း သွေးကြောတွေကိုလည်း ပိတ်ဆို့နိုင်ပြီး ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။ နေ့စဉ် Grape Seed Extract 300 mg မှီဝဲပါက ခြောက်ပတ်အတွင်း အဆီစုဆောင်းမှုကို ဖယ်ရှားနိုင်ပြီး ကျောက်ကပ်စွမ်းအင် ပြန်လည် ပြည့်ဝနိုင်တယ်လို့ သုတေသီတွေက ဖော်ထုတ်ထားပါတယ်။ Grape Seed Extract ဟာ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် သင်ဟာ မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်သူ ဖြစ်ရင်လည်း ရောဂါ ပြန်လည်ဖြစ်နှုန်း လျော့သွားနိုင်တယ်လို့ အာဟာရဆိုင်ရာ ပညာရှင်က ပြောပါတယ်။



စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ

ဝါးစားသင့် တဲ့ စပျစ်သီးအစေ့ ကို ထွေးမထုတ်လိုက်ပါနဲ့

စပျစ်သီးက သူ့ရဲ့ အစွမ်းသတ္တိတွေကို အစေ့ထဲမှာ ထုပ်ပိုးထားတာပါ။ ဒါ့ကြောင့် အစေ့ကို #ဝါးစားပါ။
စပျစ်သီးအစေ့က နဲနဲမာတယ်၊ ဝါးရင်း နဲနဲခါးပြီး စပျစ်သီးစားရင် ပါးစပ်ထဲမှာ အနှောက်အယှက်လိုပဲ၊
ထွေးထုတ်နေရတာလည်း အလုပ်တစ်ခု လိုဖြစ်တယ်။

#ဒါပေမဲ့ အာဟာရတန်ဖိုးတွေ အများကြီး အများကြီးကို အစေ့က သယ်ပိုးထားတာဆိုတာ သင်သိသင့်တယ်။
နိုင်ငံတကာက စပျစ်သီးအစေ့တွေ ချည်းစု Extract လုပ်/ အမှုန့်ပြု/ အဆီထုတ် ပြီး သုတေသနတွေ လုပ်တယ်။ ရောဂါပေါင်းများစွာမှာ အောင်မြင်လို့ ထုတ်လုပ်သူတွေက စပျစ်သီးအစေ့ နဲ့ဖော်တဲ့ ဆေးပြား၊ ဆေးလုံး တွေကို ဈေးကွက်ထဲ ဖြန့်ချီနေတဲ့အချိန် သင်က စပျစ်သီးတစ်လုံး စားရင် အစေ့တွေ လက်ဝါးထဲ ထွေးထွေးထုတ်နေဦးမလား???

"အရမ်းတန်ဖိုးရှိတဲ့ စပျစ်သီးအစေ့ကို အရသာမရှိဘူး၊ စားလို့မကောင်းဘူး၊ အသုံးမဝင်ဘူး ထင်ပီး ထွေးမထုတ်ပါနဲ့တော့"

စပျစ်သီးအစေ့ နဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း



စပျစ်သီးအစေ့ထဲမှာ…

နှလုံး နဲ့ ဦးနှောက် ကျန်းမာဖို့ အတွက် လိုအပ်တဲ့ *Omega 3 fatty acid တွေပါဝင်ပါတယ်။

အရေပြား အတွက် ကျေးဇူးပြုတဲ့ *Vitamin A နဲ့ E ပါဝင်ပါတယ်။

အစွမ်းအာနိသင် ကြီးမားလွန်းတဲ့ Flavonoid အမျိုးအစား ဖြစ်တဲ့ *Proanthocyanidin ပါဝင်တဲ့အတွက်

အရွယ်မတိုင်မီအိုမင်းခြင်း၊ နှလုံးသွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ အားနည်းခြင်း၊ အရေပြားရောင်ရမ်းခြင်း နဲ့ အဆစ်ရောင်ခြင်း တွေအပြင် ပန်းနာရင်ကြပ် ဝေဒနာ နဲ့ ဝက်ခြံကင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့အတွက် စပျစ်သီးအစေ့ကို ဓာတ်စာ ထဲမှာ ထည့်သွင်းစားသောက်ကြတယ်။

*Proanthocyanidin ဟာ မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါ (Fungal infection) ၉၀% ရဲ့ အဓိက တရားခံဖြစ်တဲ့ Candida ပိုးကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်။
အထက်က Antioxidant အစွမ်းတွေကို လုပ်ပေးနိုင်တဲ့ *Proanthocyanidin ဟာ Anti-Cancer အစွမ်းကိုလည်း ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ပီးသားပါ။

ကင်ဆာ ကို ကာကွယ်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ ပျက်စီး/သေဆုံးသွားတဲ့ ဆဲလ် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့အပြင် *Proanthocyanidin ဟာ

ဆံချည်မျှင်သွေးကြော၊ သွေးလွှတ်ကြော နဲ့ သွေးပြန်ကြောတွေကို သန်မာစေတဲ့အတွက် သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးကြောထုံးခြင်း၊ အထိုင်ကြာလို့ ဖြစ်တဲ့ ခြေထောက်ရောင်ခြင်း မှာ သုတေသနအရ အောင်မြင်ထားပါသေးတယ်။

၂၀၀၃ ခုနှစ်က သုတေသနမှာ Fat-metabolising enzyme မှာစမ်းသပ်ပြီး မကောင်းတဲ့အဆီ (LDL) တွေကိုလျော့ကျစေတယ်လို့တွေ့ရပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေရုံမက နှလုံးရောဂါ နဲ့ သွေးတိုး အတွက်ပါ ကောင်းမွန်ပါတယ်။

၂၀၁၀ ခုနှစ် သုတေသန မှာတော့ *Proanthocyanidin ဟာ ဦးနှောက်ရဲ့ noradrenalin နဲ့ dopamin level ကိုမြင့်စေခြင်း နဲ့ Tofranil လို စိတ်ကျခြင်းကို ဆန့်ကျင်တဲ့သတ္တိ ရှိတဲ့အတွက် စိတ်ဓာတ်ကျခြင်း ဝေဒနာရှင်တွေမှာပါ အသုံးပြုနိုင်ပါတယ်။

ဒီလို အစွမ်းကြီးးမားတဲ့ Proanthocyanidin ဟာ သုတေသန တွေ့ရှိချက်တွေအရ ဓာတ်တိုးဆန့်ကျင်အစွမ်း (Antioxidant capacity) မှာ Vitamin E ထက် *အဆ ၂၀ ပိုမိုကောင်းမွန်ပြီး Vitamin C ထက် *အဆ ၅၀ ပိုမိုကောင်းမွန်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် နိဂုံးချုပ် အကြံပြုလိုတာကတော့

`` စပျစ်သီးစားရင် တစ်လုံးလုံးဝါးစားပါ ´´

ဝါးစားလိုက်တဲ့အတွက် အစေ့ကိုသွားနဲ့ကြိတ်ပြီးသား ဖြစ်သွားပြီး အစေ့ထဲမှာပါတဲ့ အာနိသင်များစွာကို Unlock ဖွင့်ပေး လိုက်သလိုဖြစ်သွားပါတယ်။ နောက်ပြီး အစာမကြေလို့ မစင်နဲ့အတူပြန်ပါလာခြင်း လည်းမရှိတော့ပါဘူး။

လူအနည်းစုမှာသာ Allergic ဖြစ်တတ်ပေမဲ့ စပျစ်သီးအစေ့ဟာ လူအပေါ်မှာ အဆိပ်လုံးဝ မရှိပါဘူး။
ကလေးငယ်တွေ မျိုချမိလို့ သည်း (သီး) တဲ့ အန္တရာယ်လည်းမရှိပါဘူး။ ဒါ့ကြောင့် *သင့်ကလေး ကို အာဟာရတန်ဖိုး များစွာရစေချင်ရင် စပျစ်သီးအစေ့ကို ဝါးစားခြင်းရဲ့ အာနိသင်တွေကို ရှင်းပြပြီး အစေ့ကိုဝါးစားတတ်တဲ့ အကျင့်လုပ်ပေးပါ။

*သင်ကိုယ်တိုင်လည်း သေးသေးမာမာခါးခါးဝါးရခက်တဲ့
စပျစ်သီးအစေ့ကို မစားချင်ဘူးလို့ ဂျီကျမနေတော့ဘဲ အခုချိန်ကစပီး ဝါးစားပါလို့ အကြံပြုပါရစေခင်ဗျား…

မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ။