သွေးပေါင်ကျ ခြင်းအတွက် သိမှတ်ဖွယ်ရာ ဆောင်ရန် / ရှောင်ရန်သဘာဝကုထုံးများ

" သွေးပေါင်ကျ ခြင်းအတွက် သိမှတ်ဖွယ်ရာ
ဆောင်ရန် / ရှောင်ရန်သဘာဝကုထုံးများ "
အရွယ်ရောက်သူတစ်ဦးရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂၀/၈၀) အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိ သင့်ပါတယ်။ အကယ်၍သွေးပေါင်ချိန်ဟာ (၉၀/၆၀) အောက်သို့ ထိုးဆင်းသွားခြင်းကို သွေးပေါင်ကျ တယ်လို့ ခေါ်ပါတယ်။
ရုတ်တရက်သွေးပေါင်ကျခြင်းဟာ ရုတ်တရက် သွေးတိုးခြင်းလိုဘဲ အသက် အန္တရာယ်စိုးရိမ်ရပါတယ်။
နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အရေးကြီးအစိတ်အပိုင်း များသို့အောက်စီဂျင်ပြတ်လပ်ကာ နောက်ဆုံးမှာတော့ နှလုံး၊ ဦးနှောက်အာရုံကြောနှင့်သွေးပြန်
ကြော များကိုထိခိုက်ပျက်စီးစေပါတယ်။.
ဘာကြောင့်ဖြစ်လဲ
အမျိုးသား၊ အမျိုးသမီး ၁၀ ဦးတွင် သုည ဒသမ ၅ ဦးနှုန်းခန့် မွေးရာပါသွေးပေါင်ကျရောဂါ ပါလာတတ် ကြပါတယ်။
အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွိုက်၊ ဆီးချို၊ ဂလူးကို့စ်ကျဆင်းခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မည့်ခြင်း၊ သွေးမလျှောက်ရောဂါတို့ကြောင့်သွေးပေါင်ကျစေပါတယ်။
ထို့ပြင်သွေးတိုးကျဆေးများ ဆက်တိုက်သောက်သုံးခြင်း၊
နှလုံးရောဂါ ပျောက်ဆေး၊ လေဖြတ်ရောဂါနှင့် အသည်း
ရောဂါဆေးများ မှီဝဲကြရသူများတွင်ထိုဆေးများ၏ ဘေး ထွက်ဆိုးကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။
ကိုယ်ဝန်ဆောင်မိခင်လောင်းများမှာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရသဖြင့် မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။
သွေးပေါင်ကျ လက္ခဏာများ ....
သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး၊ ခေါင်းကိုက်၊ မျက်ရိုးကိုက်တတ်ပါတယ်။ ထို့ပြင်မူးနောက်နောက်ဖြစ် ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရေငတ်ခြင်း၊ နှုတ်ခမ်း၊ လက်ဖဝါး၊ မျက်တွင်းသား၊ ခြေဖဝါးနှင့် အရေပြားအရောင်ဖျော့တော့ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးလျင်မြန်စွာ ခုန်လာခြင်း၊ အသက်ပြင်းပြင်းမရှူနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက်မွန်း ကြပ်ခြင်း စသည်တို့က သွေးပေါင်ကျလက္ခဏာများ ဖြစ်ပါတယ်။
အနေအထိုင်ဆင်ခြင် ကုထုံးနည်း ....
၁။ ခြေထောက်မှသွေးများ နှလုံးထံသို့ပြန်လည်စီးဆင်းလာစေအောင် အိပ်ရာထက်တွင် ပက်လက်လှန် ပြီး၊ ခြေထောက်နှစ်ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာလှုပ် ရှားပေးပါ။
၂။ ယောကကျင့်စဉ်ကလည်း စိတ်ငြိမ်၍အာရုံကြောအဖွဲ့အစည်းကို မျှတစေသည့်အပြင် သွေးလည် ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်လာစေပါတယ်။
၃။ အချိန်အကြာကြီး မတ်တပ်မရပ်ပါနှင့်။
၎။ ထိုင်ရာမှ ချက်ချင်းမတ်တပ်ထရပ်ခြင်း (သို့မဟုတ်) တစ်ဖက်သို့ ရုတ်တရက်ခေါင်းလှည့်ခြင်း မပြုလုပ်ရ။
၅။ ချွေးထွက်မလွန်ရလေအောင် နေအပူရှိန် (ဝါ) မီးပူဒဏ်မခံပါနှင့်။
၆။ လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့၊ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်ဖြည့် ပေးဖို့လိုပါတယ်။တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ မျှတရားထိုင်ခြင်းက ကိုယ်စိတ်နှစ်ပါးစလုံးအ တွက်သဘာဝအားဖြည့်ဆေးပါပဲ။
၇။ ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်မျှကျောရိုးနှိပ်ခံရခြင်းက အရိုး၊ အရိုးဆက်၊ ကြွက်သားတို့ကို ပြေလျော့၍ ပင်ပန်းနွမ်းနွယ်မှု သက်သာစေရုံသာမက သွေးလည်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန် စေပါတယ်။
၈။ ဖြည့်ဖြည်းမှန်မှန်လမ်းလျှောက်၍ ကောင်းမွန်တိုးတအသက်ရှူသွင်းလေ့ကျင့်ခန်းကသွေးလည်ပတ်စီးဆင်းမှုကိုက်စေပါတယ်။ တစ်နေ့လျှင် မိနစ် ၂၀ ခန့်လမ်းလျှောက်ရင်း လေရှူသွင်းပါ..။
အစားအသောက် ကုထုံး ....

၁။ခန္ဓာကိုယ်အတွင်း ရေဓာတ်ကျရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့ ရေဓာတ်မဆုံးရှုံးရလေအောင် တစ်နေ့လျှင် အနည်းဆုံး သောက်ရေရှစ်ခွက် (သို့မဟုတ်)
အရည်ရွှမ်းသောသစ်သီးများများစားပေးပါ။
၂။ ဆားနှင့် ဆိုဒီယမ်ဓာတ်ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။
(သို့သော် အလွန်အကျွံမစားပါနှင့်)

၃။ စပျစ်သီးခြောက် ၁၀ လုံးကို ရေတစ်ညသိပ်ပြီးစားပါ။ ထိုအတိုင်း တစ်လတိတိစားပေးပါက သွေးပေါင်ကိုပုံမှန်ဖြစ်စေပါတယ်။
၎။ ဗန်ဒါစေ့ကို နွားနို့ပူပူဖြင့်သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံးအိမ်တွင်းကုထုံးလို့ ဆိုကြပါတယ်။
၅။ မြေပဲမှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာပါရှိလို့ မြေပဲကြော်စားပေးပါ။

၆။ စွန်ပလွန်သီးကို နွားနို့နွေးနွေးဖြင့် တစ်နေ့နှစ်ကြိမ်
(သို့မဟုတ်)
သုံးကြိမ်သောက်ခြင်းကလည်း ထိရောက်မ့ဖြစ်စေပါတယ်။

၇။ သဘာဝကြံရည်က ခွန်အားတိုးပွားစေပြီးမူးမော်ခြင်းကင်း
၍သွေးပေါင်ပြည့်စေပါတယ်။
၈။ ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့၊
ဂျုံမြက်ကိုနွားနို့ဖြင့်ပြုတ်၍တစ်နေ့နှစ်ကြိမ်သောက် ပေးပါ။
၉။ ဆီကြော်မုန့်များနှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်းက သွေးပေါင်အတက်အကျ ကြမ်းစေရုံသာမက၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများလည်း ဖြစ်လာစေပါတယ်။
၁၀။ ဗီတာမင်စီကြွယ်ဝသော သံပုရာသီးကို ဆား၊ သကြား သင့်ရုံဖျော်သောက်ပေးခြင်းက အမူးအ မော်ပြေစေသလို သွေးပေါင်ချိန်ပြန်တက်လာစေပါတယ်။
၁၁။ ကွေကာအုတ်ထဲတွင်ပါရှိသော ကစီဓာတ်က ခွန်အားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။
၁၂။ ခန္ဓာကိုယ်တွင် ပိုတက်စီယမ်ဓာတ် ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေတတ်ပါတယ်။ ပိုတက် စီယမ်ကြွယ်ဝသော ငှက်ပျော်သီး၊ မုန်လာဥနီ၊ တရုတ်နံနံပင်တို့ စားပေးပါ။
၁၃။ တစ်နေ့တာ အစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ် အမြောက်အမြား ပါဝင်သော အဆီနည်းသည့်အသား၊ ကြက်ဥ၊ နို့၊ နို့ထွက်ပစ္စည်းနှင့် ချောကလက် စားပေးပါ။
၁၄။ ကြက်သွန်ဖြူကသွေးဖိအားကိုထိန်းညှိပေးလို့ ညအိပ်ရာဝင်ခါနီးတိုင်း ကြက်သွန်ဖြူနှစ်တက် (နှစ်မြွှာ) စားပါ။
(သို့မဟုတ်)
ဂျင်စင်းကလည်း သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ပေးကာ၊ အိပ်မော ကျစေလို့ ညအိပ်ရာဝင်ခါနီး ဂျင်စင်းဖျော်ရည်တစ်ခွက်သောက်ပေးနိုင်ပါတယ်။
ဆေးဖက်ဝင်ဟင်းခပ် အမွှေးအကြိုင်များဖြစ်သော မန်ကျည်းသီး၊ ဂျင်း၊ ငရုတ်ကောင်း၊ သစ်ဂျပိုးခေါက်များက သွေးပေါင် တက်လာစေသလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။
၁၅။ ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့ ဆီနိုင်နိုင်ဖြင့်ကြော်စားပေးပါက ၂၄ နာရီအတွင်း သွေးပေါင်ချိန် တက်လာစေပါတယ်။
၁၆။ ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျစေတဲ့ သဘာဝဓာတ်စာများပါပဲ။
၁၇။ ကဖိန်းဓာတ်ပါသော လက်ဖက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီတက်စေပါတယ်။
၁၈။ အမဲအသည်းကို ကြော်စားခြင်းကချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ ဆိုပါတယ်။
၁၉။ အစားအစာများကို နဲနဲနှင့်မကြာခဏစားပေးခြင်းက သွေးပေါင်ချိန် ရုတ်တရက် လျော့ကျခြင်းမှကာကွယ်ပေးပါ
တယ်။
အချို့သောသွေးအားနည်းရောဂါလက္ခဏာများဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင်တူလို့အတွေ့အကြုံ မရှိပါက ဆေးမှားသောက်တတ်ကြပါတယ်။
သွေးပေါင်ချိန်အရမ်းထိုးကျသွားပါက နီးစပ်ရာဆရာဝန် ပြေးခေါ်ပါ။
ဆရာဝန်မရောက်ခင် နှလုံးနှင့်ဦးနှောက်ထဲသို့ သွေးပြန်လည်စီးဆင်းစေရန်နှင့် သတိလစ် မေ့မြောခြင်းမဖြစ်စေရန်တို့အတွက် ခြေထောက်နှစ်ချောင်းကို အပေါ်သို့ ထောင်ထားပေးပါ။
မူရင်းပိုစ့်အားလေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ။