နနွင်းနက်ဆေးစွမ်းများ
"နနွင်းနက်အကြောင်း ရှာဖွေတွေ့သမျှ"
နနွင်းနက် တိမ်ပြာနက်
Black turmeric
အိမ်မှာပွင့်နေတဲ့ နနွင်းနက် ၏ ဆေးအစွမ်း ပိန်ချင်တဲ့သူတွေလည်း အဲ့တာလေးစိုက်ထား.
နနွင်းနက်
မြန်မာ့ဆေးကျမ်း အလိုအရ “ နနွင်းနက် ” ဟာ -
(က) မြွေဆိပ်သာမက၊ သတ္တ၀ါအမျိုးမျိုးတို့ ၏ အဆိပ်ကို ပြီးစေပါတယ်တဲ့။ မြွေအပါအ၀င် အဆိပ်ရှိ သတ္တ၀ါတွေ အကိုက်ခံရပါက “ နနွင်းနက် ”ကို သွေး၍လိမ်းပေးခြင်းဖြင့် အဆိပ်တွေ သူ့ အလိုလို ပြန်ထွက်လာစေပါတယ်။
(ခ) “ နနွင်းနက် ” ကို ဆန်ဖြင့် ရောချက်လိုက်တဲ့အခါ၊ ထမင်းဟာ အနက်ရောင်ပြောင်းသွားပါတယ်။ သို့ သော် ထမင်း အနံ့ ရော အရသာပါ စားလို့ အရသာရှိပါတယ်။ ၄င်းထမင်းကို စားခြင်းဖြင့် အာဟာရ သိဒ္ဓိပြည့်ဝပါတယ် တဲ့။
(ဂ) တရုတ် လူမျိုးများနဲ့ ၊ အိန္ဒိလူမျိုးများဟာ ကျားခွန်အား (ကာမ) အားတိုးဆေးအဖြစ် နနွင်းနက်ကို ပါးပါးလှီး၍ ပျားရည်ဖြင့်စိမ်၍ သောက်ကြပါတယ်တဲ့။
Credit.
Min Zayar Kyaw
========= × ========= × =========
Ko Lart
*နနွင်းနက် *ဆေးသည်
အောက်ပါရောဂါများသက်သာပါသည်
၁-ဆီးချိုရောဂါရှင်များ
၂-သားအိမ်ဝေဒနာ
၃-အသဲအဆီဖုံး
၎-နှလုံးဝေဒနာရှင်များ
၅-ဒူးနာ ခါးနာ ဝေဒနာရှင်များ
နောက်ထပ် ရောဂါများကိုလဲ စမ်းသပ်လေ့လာနေပါသည်။
Mg Mg Chit
နနွင်းနက် နနွင်းတိန်ပြာ နနွင်းဖြူ
နနွင်းဝါဆိုပြီးလေးမျိုးရှိပါတယ်
အားလုံးဆေးဖတ်ဝင်ပါတယ်
နနွင်းနက်က ထမင်းအိုးထဲထည့်စရာမလိုပါ
အဖုံးပေါ်မှကြက်ခြေခတ် ရုံဖြင့်
ထမင်းအားလုံးမည်းပါသည်
Nanda Aung နနွင်းနက်မဟုတ်ဘူးနနွင်းတိမ်ပြာလို့ခေါ်တယ်ကချင်ပြည်နယ်ဘက်မှာအများဆုံးတွေ့နိုင်ပါတယ်
Nwai Aye Myo
ငယ်တုန်းကကြားဖူးတာလေး
ပြောပြမယ်။
ဟုတ်မဟုတ်မှန်မှန်တော့ပစ္စည်းလက်ဝယ်ရှိသူသာစမ်းသပ်၍ရနိုင်မည်။
တောတက်ရင်းထမင်းချက်
တော့ ထမင်းမနပ်မှာစိုးလို့
ဘေးနားရှိတဲ့အရွက်ခူးပြီးထမင်းအိုးအုပ်နှပ်တယ်တဲ့။
စားမလို့ဆိုထမင်းတွေမဲနေတယ်။ထပ်ချက်စရာဆန်ကမရှိတော့ဒီထမင်းပဲစားလိုက်တော့တယ်။
အဲ့ဒီနေ့ကစထမင်းမဆာတော့ဘူးတဲ့။မစားလို့လဲအားပြတ်မသွားဘူးတဲ့။အဟာရပြီးတယ်ခွန်အားတိုးစေတယ်ပေါ့
ရိုးရိုးသာမာန်နနွင်းတောင်၉၆ပါးရောဂါသက်သာစေတာ
ဂမုန်းအနွယ်ဝင်ဖြစ်တဲ့နနွင်းနက်မှာအကျိုးအာနိသင်တွေများပြားမှာပါ။
ဖြစ်နိုင်ရင်မျိုးပွားထားပါလား
လိုအပ်သူတွေရှိမှာပါ။
Thanthaoo Oo
မင်္ဂလာပါခင်ဗျာ ကျနော့်ရဲ့မိတ်ဆွေတစ်ယောက်ဆီက သူ့အခေါ် ဂျင်းနက် (တချို့အခေါ် နနွင်းနက်) လို့ခေါ်တဲ့ပရဆေးပင်လေးရလို့စိုက်ထားပါတယ် ။ချောင်းဆိုးရင်ကြပ်သမားများအတွက် လက်တွေ့သက်သာစေတဲ့ ပရဆေးပင်ပါ။ ရင်ကြပ်ပြီးသလိပ်ကပ်တာချောင်းဆိုး တကယ်ကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်သုံးနေတာပါ။
Maw Gyii
ဆေးစွမ်းထက်မြက်(နနွင်းနက်)
ကင်ဆာ၊သွေးတိုး၊ဖြူသောဆံကိုနက်စေ၊နနွင်းအားလုံးရဲ့ အနှစ်ချုပ်အစွမ်းရှိ
Golden Rose
နနွင်းနက် က အဆိပ်မျိုးစုံနိုင်တယ်တဲ့
နောက်ဘယ်လို ဆေးဖက်ဝင်သေးလဲ
သိချင်ပါတယ်
ဗိုလ်အောင် ဒင်
ဆန်အရက်နဲ့ ၎င်းနနွင်းနက်ဥကို သွေး၍သောက် ဆီးချို ဗိုက်နာ တာတွေပျောက်သတဲ့ဗျာ။
Kyawthu AO
အမောလုံ အဆုတ် နှလုံးကို အကျိုးပြု
Soe Nyunt
နနွင်း နက်သုံးစွဲလိုရင်အကျိုးကျေးဇူး
http://herbpathy.com/Uses-and-Benefits-of-Black-Turmeric-Cid3289
Saw Sae သလဲခါးပိတ်ချင်း.နနွင်းနက်.ငရုပ်ကောင်းအမျစီကြိတ် ရွေးကြီးခန့်လုံး ဘုရားရှေ့မှာ ဥုံမျက်စီတော်ကသံခဲ ညှပ်ရိုးတော်ကဗောဓိညောင်တော်တည်း သြောင်းအရပာံခံဆရာခံနင်က ပထဝီမြေပေါ်ဖြစ်သောသံ ငါကဘုရားကောကုသံ သြောင်းအရပာံခံဆရာခံ တန်ခိုးဘုရားရှေ.တော်မှာအခေါက်၁၀၀၀ရွတ် တစ်နေ့၁လုံးစားကံငါးပါးရှောင်နိင်လေ အရေးကြုံရင်ကိုယ်ပါပျောက်
========= × ========= ×=========
ပြည်တွင်း နနွင်းနက်များ တောင်ကိုရီးယားမှ အ၀ယ်လိုက် မှုကြောင့် ဈေးကောင်း လျက်ရှိ
ပြည်တွင်းမှ နနွင်းနက်(ဆနွင်းနက်)များအား တောင်ကိုရီးယားနိုင်ငံမှ ဈေးကောင်းပေးဝယ်ယူနေမှုကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ ရှာဖွေဝယ်ယူလျက်ရှိကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။
အဆိုပါ နနွင်းနက်ပင်မှာ သာမန် နနွင်းပင်များ စိုက်ပျိုးလျက်ရှိသောဒေသများတွင် ပေါက်ရောက်လေ့ရှိပြီး လက်ရှိ တစ်ပိဿာလျှင် ကျပ် တစ်သောင်းခန့် အထိ ပေါက်ဈေးရှိနေကြောင်း သီးနှံကုန် သည်များထံမှ သိရှိရသည်။
"နနွင်းနက်က ရိုးရိုးနနွင်းတွေလိုပဲ စိုက်ပျိုးသူတွေ ရှိပါတယ်။ ဒါပေမယ့် ဈေးကွက်ကို မသိကြတော့ စိုက်ပျိုးရေး မတွင်ကျယ်ဘူးပေါ့။ ကျွန်တော်တို့အနေနဲ့လည်း ရှာပြီးဝယ်နေရတာ ခက်ခဲပါတယ်။ တကယ်လို့ တောင်သူတွေ အခုလို ဈေးကွက်ဝင်တာသိရင် နနွင်းနက်ရဲ့တန်ဖိုးကိုသိပြီး စိုက်ပျိုးမှုလည်း တွင်ကျယ်လာမှာပါ။" ဟု ပြင်ဦးလွင် မြို့မှ ပြည်ပ ပို့ကုန်လုပ်ငန်းရှင် ဦးအောင်စိန်က ပြောသည်။
အဆိုပါ နနွင်းနက်မှာ နနွင်းအဝါ(သာမန်နနွင်း)ကဲ့သို့ စိုက်ပျိုးရကြောင်း ယင်း၏ ဈေးကွက်ကို မသိကြသဖြင့် စိုက်ပျိုးမှု မတွင်ကျယ်ခြင်းဖြစ်ကြောင်း၊ နနွင်းနက်သည် ဈေးကြီးပေးလျက် အ၀ယ်လိုက်နေသည့် အဖိုးတန် စိုက်ပျိုးပင်ဖြစ်သည်ကို တောင်သူများ သိထားသင့်ကြောင်း ၎င်းက ဆိုသည်။
"နနွင်းစိုက်ခြံတွေက ကျွန်တော်တို့ ပေါင်းလောင်းဘက်မှာ အများဆုံးစိုက်ကြတာပါ။ နနွင်းနက်ပင်ကိုတော့ အနည်းငယ်လောက်ပဲ စိုက်တာပါ။ အခုလို ဈေးကောင်းရတယ်သာသိရင် နောက်ဆို များများစိုက်မှာ နောက်ပြီး နနွင်းနက်က ဘယ်လို ဓာတုဗေဒ ဆေးတွေမှမသုံးရဘဲ စိုက်ရတာဆိုတော့ ဆေးဖိုးလည်း အကုန်အကျ သက်သာပါတယ်။"ဟု ပေါင်းလောင်းဒေသမှ နနွင်းစိုက် တောင်သူတစ်ဦးက ပြော သည်။
နနွင်းစိုက်ပျိုးရေးလုပ်ငန်းအား အများအားဖြင့် နေပြည်တော်ကောင်စီ၊ ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်ခန့်အကွာရှိသော ပေါင်းလောင်းမြစ်၏ အနီးတ၀ိုက်ရှိကျေးရွာများတွင် အများဆုံးစိုက်ပျိုး လုပ်ကိုင် ကြသော်လည်း နနွင်းနက်ကိုမှု ဈေးကွက်မရှိ၍ အနည်းငယ်သာ စိုက်ပျိုးလေ့ရှိကြောင်း ၄င်းက ဆိုသည်။
လက်ရှိသီးနှံဈေးကွက်အတွင်း အဆိုပါနနွင်းနက်အား တောင်ကိုရီးယားနိုင်ငံမှ အများအပြား မှာယူနေမှုကြောင့် ပြည်တွင်းဈေးကွက်အတွင်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)မှ(၃၀၀၀၀) ၀န်းကျင်အထိပေး ၀ယ်လျက်ရှိကြောင်း သိရှိရသည်။
#ပြည့်စုံ #ဆေးမြီးတိုမှတ်စု
