ဖရုံစေ့ ကို ဘာလို့စားသင့်သလဲ သင်သိပြီးပြီလား?




ဖရုံစေ့ ကို ဘာလို့စားသင့်သလဲ သင်သိပြီးပြီလား?

ဥရောပ အလယ်ပိုင်းမှာ ဖရုံသီးစိုက်ခင်းတွေကို စိုက်ပျိုးရတဲ့ ရည်ရွယ်ချက်က ဖရုံသီးအသားထက် အထဲက အစေ့ နဲ့ ဖရုံစေ့ကို ကြိတ်လို့ရတဲ့ အဆီ ထုတ်လုပ်ဖို့ စိုက်ကြတာပါ။

မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ် နဲ့ ချင်းပြည်နယ် က အများဆုံး ထွက်ရှိလာတဲ့ ဖရုံစေ့ တွေကို လှော်ပြီး သရေစာ အဖြစ် တနိုင်ငံလုံးစားသုံးကြတယ်။
*ဟင်းလျာတွေ နဲ့ ဆေးဖက်ဓာတ်စာ အဖြစ် အသုံးပြုမှု နည်းပါးပါတယ်။

ကြွပ်ရွပြီး အဆိမ့်အရသာ ကဲတဲ့ အစေ့အဆံ ကို နှစ်ခြိုက်စွာ စားသုံးတဲ့ လူတွေရှိသလို အကယ်၍များ ကျနော့်လို အဆိမ့် အရသာ မကြိုက်တဲ့ စာဖတ်သူများပါရင် ဖရုံစေ့ ကိုတော့ ဆေးဖက်ဝင်လို့ ကျန်းမာရေးအရ စားသုံးသင့်ကြောင်း တိုက်တွန်းပါရစေ။

အမှန်ပါပဲ…အရသာအတိုင်း ဖရုံစေ့က ကယ်လိုရီ အတော်များပါတယ်။၁၀၀ ဂရမ် ဖရုံစေ့ ဟာ ကယ်လိုရီ ၅၅၉ ပေးပါတယ်။၎င်း ကယ်လိုရီတန်ဖိုးတွေက *ပရိုတိန်း နဲ့ *အဆီ ပါဝင်တာကြောင့်လို့ သိရင် ရုတ်တရက် လန့်မသွားကြပါနဲ့။

၁) နှလုံးသွေးကြောကျဉ်းရောဂါ နှင့် လေဖြတ်ခြင်း ကို လျှော့ချပေးတဲ့ အဆီ (Fats)

MUFA (mono-unsaturated fatty acid) အဆီအမျိုးအစားဖြစ်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောလ် LDL ကို လျော့နည်းစေပြီး ကောင်းသော ကိုလက်စထရောလ် HDL ကို မြင့်မားစေပါတယ်။ ***မြေထဲပင်လယ်ဒေသခံ တွေဟာ MUFA အဓိက ပါဝင်တဲ့ ဓာတ်စာပုံစံ ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ နဲ့ လေဖြတ်ခြင်း မှ လျော့နည်းကြောင်း သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

၂) သဘာဝအိပ်ဆေး ၊ စိတ်ဖိစီးမှုလျော့ကျစေခြင်း

၁၀၀ ဂရမ် ဖရုံစေ့ဟာ တနေ့တာလိုအပ်တဲ့ ပရိုတိန်းရဲ့ ၅၄% အထိပေးစွမ်းပါတယ်။ အဓိက က သူ့မှာပါဝင်တဲ့ Amino acid ၂ မျိုးကြောင့် ဓာတ်စာ အဖြစ် အသုံးပြုကြတာပါ။

***Trytophan ဆိုတဲ့ အမိုင်နိုအက်စစ် က Serotonin နဲ့ Niacin အဖြစ် ပြောင်းလဲပြီး ၎င်း Serotonin ကို သဘာဝအိပ်ဆေး လို့ ညွှန်းဆိုကြတယ်။

***Glutamate ဆိုတဲ့ အမိုင်နိုအက်စစ် က GABA (Gamma amino butyric acid) ကို ဖွဲ့စည်းပေးပြီး ၎င်း GABA က စိုးရိမ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ကဏှာမငြိမ်ခြင်း၊ ပြင်းစွာသောကရောက်ခြင်း စတဲ့ စိတ်ဖိစီးမှု ဝေဒနာတွေကို လျှော့ချပေးပါတယ်။

၃) တစ်ခုတည်းသော သွေးတွင်း Alkali ကို ဖြစ်ပေါ်စေသည့် ဖရုံစေ့

လူရဲ့ သွေးဟာ pH level အရ 7.0 အထက်မှာ ရှိပြီး Base (Alkali) ဘက်ကို ရောက်ရပါတယ်။အတိအကျအားဖြင့် 7.35 မှ 7.45 ကြား ဖြစ်နိုင်ပါတယ်။ ဤအခြေအနေ မှာ တည်မြဲဖို့ နဲ့ acid Range ထဲ ရောက်မသွားစေဖို့ ခန္ဓာကိုယ်က Alkalizing လုပ်ပေးရပါတယ်။

Alkali ကို ဖြစ်ပေါ်စေတဲ့ အခြား အစားအစာ တွေရှိသော်လည်း အစေ့အဆံထဲမှာတော့ ဖရုံစေ့ တစ်မျိုးတည်းကသာ စွမ်းနိုင်ပါတယ်။

၎) ကင်ဆာကင်းဝေးခြင်း နှင့် နုပျိုလှပအသားအရေ

အမျိုးသမီးတွေ Vitamin E ရဖို့ နေကြာစေ့ စားကြသလို ဖရုံစေ့ ကိုလည်း စားနိုင်ပါတယ်။ ၁၀၀ ဂရမ် ဖရုံစေ့မှာ tocopherol gamma ဆိုတဲ့ အဆီမှာပျော်ဝင်တဲ့ Anti-oxidant  ၃၅.၁၀ မီလီဂရမ် ပါဝင်ပါတယ်။
***Anti-oxidant သဘောအတိုင်း Free radicals တွေကို ဖယ်ရှားပေးမယ်။ ကင်ဆာ နဲ့ အရွယ်တင်နုပျိုခြင်း ကိုပေးစွမ်းမယ်။ သုတေသီတွေကတော့ ဖရုံစေ့ဟာ ဆီးကျိတ်ကင်ဆာ နဲ့ မမျိုးဥအိမ်ကင်ဆာ တွေကို အဓိက ကာကွယ်ပေးတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

၅) Vitamin B  နှင့် သတ္ထုဓာတ်များ

Vitamin B complex အုပ်စုတွေ ဖြစ်ကြတဲ့ Thiamin, Riboflavin, Niacin, Pantothenic acid, Pyridoxin B6 နှင့် Folate တို့ပါဝင်ပါတယ်။

အထက်မှာပြောခဲ့တဲ့ ***Trytophan ၆၀ မီလီဂရမ် ဟာ Niacin ၁ ဂရမ် ကို ပေးပါတယ်။ ၎င်း Niacin က မကောင်းတဲ့ ကိုလက်စထရော်လ် ကိုလျော့နည်းစေပါတယ်။
သတ္ထုဓာတ်တွေ အနေနဲ့ Copper, Manganese, Potassium, Calcium, Iron, Magnesium, Zinc နဲ့ Selenium တို့ပါဝင်ပါတယ်။

Manganese များစွာ ပါဝင်ပြီး ၎င်း Manganese က Antioxidant ဖြစ်ဖို့ တွဲဖက်ကူညီရတာဖြစ်ပြီး ခန္ဓာကိုယ်ကို ခုခံအားမြင့်စေတဲ့အတွက် ကူးစက်ရောဂါများမှ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဖရုံစေ့ဟာ

*ဆီးချိုရဲ့ နောကိဆက်တွဲ ကျောက်ကပ်ပျက်စီးခြင်း
*ကျောက်ကပ်ကျောက်တည်ခြင်း
*အဆစ်အမြစ် ရောင်ရမ်းခြင်း
စတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ဒါ့ကြောင့် စာဖတ်သူလည်း ဖရုံစေ့ကို သရေစာ အဖြစ်ရော၊ အခြား ဟင်းလျာ နဲ့ အသုပ်တွေ မှာရော၊ ဆေးဝါးဓာတ်စာ အဖြစ်ပါ စားသုံးနိုင်ကြောင်း မျှဝေရင်း…

ကျန်းမာပျော်ရွှင်ကြပါစေ
credit ယမင်းဖြူ(MeLoveKeep)
မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

မြန်မာလူမျိုး အများစု အပျင်းပြေစား နေတဲ့ နေကြာစေ့ ကွာစေ့ ဖရုံစေ့ ၁၀၀ ဂရမ် တို့မှာ ပါတဲ့ ကယ်လိုရီများ



နေကြာစေ့ – ၅၈၄ ကယ်လိုရီ
ကွာစေ့ – ၅၅၇ ကယ်လိုရီ
ဖရုံစေ့ – ၄၄၆ ကယ်လိုရီ
သီပိာုစေ့ – ၅၅၃ ကယ်လိုရီ
မြေပဲ – ၅၆၇ ကယ်လိုရီ
ဗာဒံစေ့ – ၅၇၆ ကယ်လိုရီ
ကျွန်တော်တို့ မြန်မာလူမျိုးတွေ အသိများတာ က သည်အစေ့အဆံ တွေက ကိုလက်စထရော(Cholesterol) ကျတယ် ဆိုတာပါ။ ဒါပေမယ့် ကိုလက်စထရော ကျအောင် အများကြီးစားပြန်ရင် လည်း တဖက်မှာကယ်လိုရီ တက်လာပြီး ဝိတ်တက်စေပါတယ်။


ဖရုံစေ့ တစ်နေ့ကို လက်တစ်ဆုပ်စာစားရင် ကင်ဆာနဲ့ တခြား ရောဂါတွေကို ကာကွယ်နိုင်

ဖရုံစေ့မှာ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။
ဖရုံစေ့တွေကု ဒီအတိုင်းဘဲ စားရင်ဖြစ်ဖြစ် လှော်ပြီးစားရင်ဖြစ်ဖြစ် စားသုံးလို့ရပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

ဖရုံစေ့မှာ ဟော်မှုန်းတွေကို ထိန်းညှိနိုင်တဲ့ ဓာတ်တွေ၊ ကင်ဆာဆဲလ်တွေဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ အများကြီးပါဝင်ပါတယ်။
ဖရုံစေ့မှာ ပါဝင်တဲ့ ဇန့်ဓာတ်တွေ၊ Antioxidants နဲ့ ဗီတာမင် E တို့က ဆဲလ်တွေပျက်စီးမှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။

သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေး

ဖရုံစေ့တွေက သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။

အရိုးပွမှုကို ကာကွယ်ပေး

ဖရုံစေ့မှာ သတ္တုဓာတ်၊ ဇန့်၊ ကော့ပါး၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တို့ပါဝင်တာကြောင့် အရိုးပွမှုကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်ကို လျော့ချပေး

ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဗရုံစေ့ လက်တစ်ဆုပ်စာလောက်စားထားရင် ဗိုက်ပြည့်နေသလို ခံစားရမှာပါ။


"ဖရုံစေ့စားရင်း ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးများ"



အဆန်အစေ့တွေစားရင် လူ့ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရနိုင်တာကို ကျန်းမာရေး လိုက်စားတဲ့လူတိုင်းလိုလို သိကြပါတယ်။ ဖရုံစေ့လှော်က ကြွပ်ရွကာ ဆိမ့်တဲ အရသာ ရှိပြီး စားပြီးရင်း စားချင်တဲ့ စိတ်ကို ဖြစ်ပေါ်စေနိုင်တဲ့ အစေ့အဆန်တစ်မျိုးပါ။ ဖရုံစေ့ မှာ ကယ်လိုရီ ၊ကစီဓာတ်၊ ပရိုတိန်းဓာတ်၊သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ဇင့်ဓာတ်၊ ဆဲလီနီယမ်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်ပါတယ်။ ဖရုံစေ့လှော်စားရင် ရနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို စုစည်းရေးသားလိုက်ရပါတယ်။

၁။နှလုံးသွေးကြောကျဉ်းရောဂါမှ ကာကွယ်ပေးခြင်း

ဖရုံစေ့မှာ မဂ္ဂနီဆီယမ်ဓာတ် ပါဝင်တာမို့ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ဖရုံစေ့ လက်ဖက်ရည် ဇွန်းနှစ်ဇွန်းမှာ မဂ္ဂနီဆီယမ် ၇၄ မီလီဂရမ် ပါဝင်ပါတယ်။ သက်ကြီးရွယ်အို တွေမှာ မဂ္ဂနီဆီယမ် ဓာတ်ချို့တဲ့မှုဟာ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ ၊အရိုးပွ ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ် က ခန္ဓာကိုယ်တွင်း ဓာတ်ပြုမှုများစွာမှာ ပါဝင်နေပါတယ်။ အာရုံကြောတွေကနေ ကြွက်သား တွေဆီ သတင်းပို့ ဆက်သွယ်မှုစနစ်တွေမှာလည်း မဂ္ဂနီဆီယမ် က ပါဝင်ပါတယ်။ဖရုံစေ့ကို ပုံမှန်စားသုံးရင် နှလုံးသွေးကြောကျဉ်းရောဂါ၊ရုတ်တရက် နှလုံးသွေးခုန်ရပ်ကာ သေဆုံးခြင်းတို့မှ ကာကွယ် တားဆီး ပေးပါတယ်။

၂။ကိုယ်ခံအား ကောင်းစေခြင်း

ဖရုံစေ့က ဇင့်ဓာတ်ကြွယ်ဝတဲ့ သရေစာ တစ်မျိုးပါ။ ဖရုံစေ့ တစ်အောင်စမှာ ဇင့် ၂ မီလီဂရမ် ပါဝင်ပါတယ်။ ဇင့်ဓာတ်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ် အတွက် များစွာ အသုံးဝင်ပါတယ်။
ဇင့်ဓာတ်ဟာ ကိုယ်ခံအားကို အားကောင်းစေခြင်း၊ ဆဲလ်တွေတည်ဆောက်ခြင်း၊ အိပ်ပျော် စေခြင်း၊ အရေပြား နဲ့မျက်လုံး ကျန်းမာရေး ၊ အင်ဆူလင် ထုတ်လုပ်မှု၊ နဲ့ ကာမဆိုင်ရာစိတ်ဆန္ဒဖြစ်ပေါ်စေခြင်းတွေမှာ ပါဝင်လျက်ရှိပါတယ်။ လူ့ခန္ဓာကိုယ်မှာ ဇင့်ဓာတ်ချို့တဲ့ရင် မကြာခဏ အအေးမိတုပ်ကွေးဝေဒနာတွေ ဝင်နိုင်ခြင်း၊ မောပန်းနွမ်းနယ် နေခြင်း၊စိတ်ဓာတ်ကျခြင်း၊
အရိုးပွခြင်း၊ မိခင်မှာ ဇင့်ဓာတ်ချို့တဲ့ပါက ပေါင်ချိန်မပြည့်တဲ့ ကလေးမွေးခြင်း၊ ကလေးငယ်မှာ ဥာဏ်ရည်မမီခြင်းတွေ ဖြစ်နိုင်ပါတယ်။ ၀က်ခြံအထွက်များတဲ့သူတွေဟာ ဇင့် ဓာတ်ကြွယ်ဝတဲ့ ဖရုံစေ့ ကို နေ့စဉ်စားသုံးပါက ၀က်ခြံတွေကို လျော့နည်းသက်သာ စေပါတယ်။ အသားရေ စိုပြေလှပဖို့ အတွက်လည်း ဖရုံစေ့ မှာအစွမ်း အာနိ သင်ရှိပါတယ်။ အရေပြားပေါ်ကသေဆုံး သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေနဲ့  ပုံမှန်ပြန်လည် အားဖြည့်ပေးဖို့ ဖရုံစေ့ တွေစားသုံးပေးခြင်းကအထောက်အကူဖြစ်စေ နိုင်ပါတယ်။ဖရုံစေ့ပုံမှန်စားရင် သားအိမ်ရောဂါတွေကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။

၃။သွေးတွင်းမှ ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ အဆီတွေ လျော့ချပေးခြင်း

ဖရုံစေ့မှာပါတဲ့ အိုမီဂါ 3 ၊ အိုမီဂါ 6၊ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းနဲ့ အမျှင်ဓာတ်တွေ
ကြောင့် အသည်းနဲ့ နှလုံးကို ကျန်းမာ စေပါတယ်။ အိုမီဂါ 3က ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ အဆီတွေကို လျော့ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ အဆီတွေကို လျော့ချပေးတာမို့ ဦးနှာက်သွေးကြောပိတ်ခြင်း၊ သွေးခဲခြင်းနဲ့ နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ် များစွာကို လျော့နည်းစေပါတယ် ။
ပရိုတင်းဓာတ်၊ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဖရုံစေ့ လက်တစ်ဆုပ်စာလောက်စားထားရင် ဗိုက်ပြည့်နေသလို ခံစားရမှာပါ။

၎။ အမျိုးသားများလည်း မှီဝဲသင့်တဲ့ သရေစာ

အမျိုးသားတွေဟာ အသက်ရတာနဲ့ အမျှ ဆီးကြိတ်က ကြီးလာတတ်ပါတယ်။ဖရုံစေ့ပုံမှန်စားရင် ဆီးကြိတ်ကြီးခြင်း၊ ဆီးကြိတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၅။ဆီးချိုရောဂါ အတွက် သဘာဝဆေးတစ်လက်

ဖရုံစေ့မှာ မဂ္ဂနီဆီယမ် ဓာတ်တွေ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်
နည်းပါးရင် အင်ဆူလင်ထုတ်လုပ်မှုကို ထိခိုက်စေပြီး အင်ဆူလင် ရဲ့ တုန့်ပြန်နိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ အင်ဆူလင်ဆိုတာက လူ့ခန္ဓာကိုယ်တွင်းက သကြားဓာတ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်း တစ်မျိုးပါ။ သွေးထဲမှာ သကြားဓာတ်တွေ များလာတာကို ဆီးချိုရောဂါ လို့ ခေါ်ပါတယ် ။ဖရုံစေ့ ပုံမှန်စားရင် ဆီးချို ရောဂါကြောင့် ကျောက်ကပ် ပျက်စီးခြင်းကိုလည်း ကာကွယ်ပါတယ်။

၆။သွေးဆုံးခါနီး အမျိုးသမီး တွေ အတွက် သဘာဝကပေးတဲ့ ဓာတ်စာ

ဖရုံစေ့မှာ phytoestrogens တွေပါဝင်တာမို့ ရာသီသွေး ဆုံးခါနီးမှာ
ဖြစ်တတ်တဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း၊ စိတ်ခံစားချက် ရုတ်ချည်းပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်းစတဲ့ သွေးဆုံးချိန် ကိုက်ခဲမှုဝေဒနာ သက်သာစေပါတယ်။သံဓာတ်ပါဝင်မှုက အမျိုးသမီးတွေ အတွက် သွေးအားကောင်းစေပြီး ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ဖရုံစေ့မှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဓာတ်က အရိုးသိပ်သည်းဆ ကောင်းစေပြီး အရိုးပွရောဂါ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။

၇။သဘာဝ အိပ်ဆေး၊ စိတ်ငြိမ်ဆေး
÷÷÷t÷÷÷÷h÷÷÷÷u÷÷÷÷r÷÷÷÷a÷÷
ဖရုံစေ့မှာ အမိုင်နို အက်ဆစ်တစ်မျိုးဖြစ်တဲ့
Tryptophan(ထရစ်ပတိုဖန်) ပါဝင်မှု မြင့်မားပါတယ်။ Tryptophan(ထရစ်ပတိုဖန်) ကို ခန္ဓာကိုယ်ကနေ Serotoninအဖြစ်ပြောင်းလဲစေနိုင်ပါတယ်။ Serotonin ကနေ melatonin(အိပ်ပျော်စေတဲ့ဟော်မုန်း)အဖြစ် ပြောင်းပေးပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။နာတာရှည် အိပ်မပျော်ရောဂါ စွဲကပ်နေတဲ့ လူတွေ အနေနဲ့ ညအိပ်ရာ မဝင်ခင်မှာ ဖရုံစေ့မှာပါဝင်တဲ့ Tryptophan နဲ့ ကဆီဓာတ်ပါတဲ့ အစားအစာ တစ်ခုခု တွဲပြီးစားသုံးရင် နှစ်ခြိုက်စွာ အိပ်ပျော် စေနိုင်ပါတယ်။ ဒါ့အပြင် ဖရုံစေ့မှာပါတဲ့ Glutamate ဆိုတဲ့ အမိုင်နိုအက်စစ် က GABA (Gamma amino butyric acid) ကို ဖွဲ့စည်းပေးပြီး စိတ်လှုပ်ရှားခြင်း၊ စိတ်ကဏှာမငြိမ်ခြင်း၊သောကရောက်ခြင်း စတဲ့ စိတ်ဖိစီးမှု ဝေဒနာတွေကို လျှော့ချပေးပါတယ်။

၈။အရောင်ကျစေခြင်း

ဖရုံစေ့ မှာ အင်ဒိုမက်တာစင်(Indomethacin)ဆေးနဲ့ တူတဲ့
အကျိုးအာနိသင်တွေ ရှိပါတယ်။ အင်ဒိုမက်တာစင်(Indomethacin)ဆိုတာ အဆစ်အမြစ်ရောင်ရမ်းနာတွေမှာ အသုံးပြုတတ်တဲ့ အရောင်ကျဆေးပါ။ အင်ဒိုမက်တာစင်(Indomethacin)မှာ အစာလမ်းကြောင်းဆိုင်ရာ ဆေးအပြစ်တွေ ရှိပေမယ့် ဖရုံစေ့မှာတော့ မရှိတာမို့ အဆစ်ရောင်၊ အဆစ်နာ ဝေဒနာသည်တွေ နေ့စဉ် မှီဝဲသင့်ပါတယ်။

၉။ကင်ဆာရောဂါကို ကာကွယ်နိုင်

ဖရုံစေ့မှာ ဟော်မုန်းတွေကို ထိန်းညှိနိုင်တဲ့ ဓာတ်တွေ၊ ကင်ဆာဆဲလ်တွေဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

ဖရုံစေ့မှာ ပါဝင်တဲ့ ဇင့်ဓာတ်တွေ၊ Antioxidants နဲ့ ဗီတာမင် E တို့က ဆဲလ်တွေပျက်စီးမှုနဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးစေပါတယ်။

ဖရုံစေ့ ကDHEA (Di hydro epi-androstenedione) ကို တားဆီးနိုင်လို့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာကိုကာကွယ်ပေးပြီး ၊ အမျိုးသမီးများအတွက် သားဥ အိမ် ကင်ဆာကို ကာကွယ်ပေးပါတယ်။

ဖရုံစေ့ကို နေရာအမျိုးမျိုးမှာ အသုံးပြုနေကြပါတယ်။ မက္ကဆီကန် ဟင်းလျာ တွေမှာ ဖရုံစေ့ကို ထည့်သွင်း ချက်ပြုတ်ကြပါတယ်။ ဥရောပ အလယ်ပိုင်းမှာ ဖရုံသီးစိုက်ခင်းတွေကို စိုက်ပျိုးပြီး ဖရုံစေ့ကို ကြိတ်ကာ အဆီ ထုတ်လုပ်ကြပါတယ်။ဖရုံစေ့ကို ပေါင်မုန့်၊ ကိတ်မုန့်တွေထဲ ထည့်ဖုတ်လို့်ရသလို အသီးအရွက် သုပ်တွေထဲမှာလည်း ထည့်ပြီး စားလေ့ရှိကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တော့ ရှမ်းပြည်နယ် နဲ့ ချင်းပြည်နယ်ကနေ အများဆုံး ထွက်ရှိလာတဲ့  ဖရုံစေ့ တွေကို လှော်ပြီး နိုင်ငံ အနှံ့ ဖြန့်ချီကာ သရေစာ အဖြစ် စားသုံးကြပါတယ်။ ဖရုံစေ့အမျိုးအစား အနေနဲ့ အဖြူရောင်၊ အညိုရောင်၊ အမည်းရောင်တွေ ရှိတတ်ပါတယ်။ဒါကြောင့် အားလပ်ချိန်များမှာ(TV,ရုပ်ရှင်ကြည့်နေစဉ်မှာ) ခန္ဓာကိုယ် ကို အကျိုးမပြုတဲ့ အစားအစာ တွေ စားမယ့်အစား ဖရုံစေ့ ကို စားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။

ဟမ်စိုင်း(ဆေး-မန်း)
မူရင်းပိုင်ရှင်များအား လေးစားစွာ(credit)ပေးပါတယ်ခင်ဗျာ။